လှပလွန်းပေမဲ့ နဂိုထက်ပိန်သွားတဲ့ပုံစံကြောင့် ပရိသတ်တွေစိတ်ပူနေရတဲ့ Dilireba

Advertisements

Dilireba ကတော့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေက ကလေးလေးတစ်ယောက်လိုမျိုး ဂရုစိုက်နေရတဲ့မင်းသမီးလေးပါပဲ။ အလုပ်တွေများနေသလို ဇာတ်လမ်းတွဲတွေလည်း ဆက်တိုက်ရိုက်ကူးနေတာကြောင့် မမြင်ရတာလည်း အတော်လေးတော့ကြာနေခဲ့ပါပြီ။

ထိပ်တန်းမင်းသမီးလေးဖြစ်တာကြောင့် သူမနဲ့တွဲဖက်အလုပ်လုပ်လိုတဲ့ဇာတ်လမ်းတွေများစွာရှိနေပြီး ဇွန်လတုန်းကမှ ဇာတ်လမ်းတစ်ခုရိုက်ကူးပြီးစီးခဲ့ပါတယ်။ ဒါပေမဲ့လည်း Reba ဟာ နားချိန်မရှိဘဲ မင်းသား Gong Jun နဲ့အတူ နောက်ထပ် Costume drama အသစ်ကို ရိုက်ကူးနေပြီဖြစ်ပါတယ်။

မကြာသေးခင်က လေဆိပ်မှာ ပေါ်လာခဲ့တဲ့ Dilireba ဟာ နဂိုထက်ပိန်သွားသလို မြင်တွေ့ခဲ့ကြရတာ‌ကြောင့် ပရိသတ်တွေရဲ့ စိတ်ပူမှု‌တွေမြင့်တက်ခဲ့ကြပါတယ်။ China Times ရဲ့ သတင်းထုတ်ပြန်မှုအရ Dilireba ဟာ သူမရဲ့များပြားလှတဲ့အလုပ်တွေနဲ့ ဇာတ်လမ်းရိုက်ကူးမှုကြောင့် တစ်လနီးပါးလောက် ပရိသတ်တွေရဲ့ရှေ့မှောက်ကနေ ပျောက်ကွယ်နေခဲ့ပြီး ဇူလိုင် ၆ ရက်နေ့ကမှ Beijing ကနေ Hangzhou ကို သွားရောက်ဖို့လေဆိပ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

ခန္ဓာကိုယ်နဲ့ကွက်တိကျနေတဲ့အနက်ရောင်အင်္ကျီလက်ရှည်ကတော့ ရင်ဘတ်နဲ့ကျောဖက်နေရာလေးတွေကို ကွက်ပြီး ဖော်ထားတာကြောင့် Reba ရဲ့ တမျိုးတမည်ဆွဲဆောင်မှုရှိနေတာကို ခံစားခဲ့ရပါတယ်။ လေဆိပ်ဖက်ရှင်ကိုမှ ဂျင်းဘောင်းဘီရှည်အပွနဲ့ ဝတ်‌ဆင်ထားသူ Reba ဟာ ရိုးရိုးလေးနဲ့တောင် လွန်စွာလှပနေခဲ့တာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့လည်း နောက်ကျောဖက်ကကြည့်ရင် ငေါထွက်နေတဲ့ သူမရဲ့ကျောပြင်ရိုးနှစ်ခုကို အတိုင်းသားမြင်တွေ့ခဲ့ရပြီး မျက်မြင်တွေ့ခဲ့ရတဲ့ပရိသတ်တွေရဲ့အပြောအရ တော်တော်လေးပိန်သွားခဲ့တယ်လို့ဆိုပါတယ်။ Reba ကို အားပေးတဲ့သူတွေကြားမှာတော့ “စက္ကူလူသား” (ပိန်လွန်းတဲ့သူအားခေါ်သည့်နာမည်) ဆိုပြီး နာမည်တပ်က စိတ်ပူပန်စွာပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အနီးကပ်တွေ့လိုက်ရသူတွေရဲ့ ပြောစကားအရ Dilireba ရဲ့ တောက်ပတဲ့မျက်ဝန်းတွေဟာ ပင်ပန်းနေတဲ့အရိပ်အယောင်ကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအကြောင်းတွေကိုသိရှိခဲ့ရတဲ့ အားပေးသူတွေဟာ စိတ်ပူစွာနဲ့ပဲ “ငါ့တို့ကလေးလေး တော်တော်ပိန်သွားတာပဲ”, “တော်တော်ကြီးကို ပိန်ကျသွားတယ်။

ဒီလောက်ပိန်သွားမယ်လို့ ထင်မထားဘူး”, “Reba လေး တော်တော်ပင်ပန်းနေပုံပဲ”, “Reba လေးရေ ပိန်သွားလိုက်တာ.. အစားများများစားပြီး ကျန်းမာရေးဂရုစိုက်နော်” စသဖြင့် စိုးရိမ်မှုများစွာနဲ့ အားပေးခဲ့ကြပါတယ်။ နဂိုကတည်းက ပိန်သွယ်ပြီး အချိုးအစားကျလှပတဲ့ Reba ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း လှပနူးညံ့ပြီး သန်မာသူလေးဖြစ်လို့ လူတိုင်းလောက်က ချစ်ခင်ကြပါတယ်။

ပရိသတ်တွေကို ဖျော်ဖြေပေး‌ဖို့အတွက် ဇာတ်လမ်းတွေကို မနားတမ်းရိုက်ကူးနေတဲ့ Reba လေးနဲ့ပတ်သက်လာရင် အားပေးသူတွေကလည်း သေးသေးလေးကအစ စိတ်ပူပန်တတ်ကြပါတယ်။ သူမရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဇာတ်လမ်းသစ်တွေထွက်လာရင် စောင့်မျှော်ကြည့်ရှုရင်း အားပေးကြရမယ်နော်။

Source: Sohu
Photos: Sohu
Written: Julix

Advertisements
Share