ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ Zhao Liying နဲ့ Yang Mi တို့ရဲ့ တူညီမှု ၈ ခု

Advertisements

တရုတ်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Yang Mi နဲ့ Zhao Liying တို့ကတော့ တချိန်တည်းလောက်မှာပဲ စင်ပြိုင်အနေနဲ့အောင်မြင်ခဲ့တဲ့အနုပညာရှင်‌တွေပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီကြတဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အနုပညာခရီးလမ်းကိုဖြတ်သန်းလာကြရင်း သူတို့နှစ်ယောက်ကြားက တူညီမှုအချို့ကို ပရိသတ်တွေကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဖော်ပြပေးမယ့် ၈ ခုကတော့ အားပေးသူတိုင်းသတိပြုမိတဲ့ တူညီမှုတွေပဲဖြစ်ပါတယ်။

၁။ မင်းသမီးနှစ်ယောက်စလုံးရဲ့ ဖခင်ဖြစ်သူတွေဟာ ရဲအရာရှိတွေဖြစ်ကြပါတယ်။

၂။ နာမည်ကြီးမင်းသားတွေနဲ့လက်ထပ်ဖူးပြီး ကလေးတစ်ယောက်မွေးဖွားခဲ့တဲ့ မိခင်တွေဖြစ်ပေမဲ့လည်း စိတ်မကောင်းစွာနဲ့ပဲ အိမ်ထောင်ရေးကို အဆုံးသတ်ထားကြသူတွေဖြစ်ကြပါတယ်။

၃။ Yang Mi နဲ့ Zhao Liying တို့ဟာ အွန်လိုင်းဂိမ်းတွေဆော့ရတာကို သဘောကျပြီး အားလပ်ချိန်ရရင် များသောအားဖြင့် ဂိမ်းဆော့နေလေ့ရှိကြပါတယ်။

၄။ မင်းသမီးနှစ်ယောက်စလုံးရဲ့ အကြိုက်ဆုံးအရောင်ကတော့ ပန်းရောင်ပဲဖြစ်ပါတယ်။

၅။ နှစ်ယောက်စလုံးက ကြောင်လေး‌တွေကို တော်တော်လေးချစ်တတ်တဲ့ မင်းသမီးတွေဖြစ်ပါတယ်။

၆။ Zhao Liying နဲ့ Yang Mi တို့ဟာ တရုတ်နိုင်ငံရဲ့ ကြေးအမြင့်ဆုံးသရုပ်‌ေဆာင်တွေဖြစ်တဲ့အပြင် A-list စာရင်းဝင် ထိပ်တန်းမင်းသမီးတွေပါ။ ၂၀၁၁ အတွင်း တချိန်တည်းလောက်မှာပဲ Yang Mi က “Palace” ဇာတ်လမ်းတွဲနဲ့ ကျော်ကြားလာခဲ့ပြီး Zhao Liying ကတော့ “New My Fair Princess” ဇာတ်လမ်းနဲ့ အောင်မြင်လာခဲ့ပါတယ်။ နှစ်ယောက်စလုံးက သိုင်းပညာနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေမှာ လွန်စွာစိတ်နှစ်ပြီး သရုပ်ပီပြင်အောင် ပုံဖော်ရိုက်ကူးလေ့ရှိတာကို ပရိသတ်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၇။ Yang Mi နဲ့ Liying ဟာ ခန္ဓာကိုယ်တည်ဆောက်ပုံချင်းတူညီလှပြီး ဆိုဒ်တူဂိုက်တူရှိတဲ့မင်းသမီးတွေပါ။ ဝတ်စားဆင်ယင်တဲ့အခါမှာလည်း သူတို့ရဲ့အကြိုက်က ဆင်တူနေပါတော့တယ်။ ရိုးရိုးရှင်းရှင်းဝတ်စားတတ်ပြီး တင့်တယ်တဲ့အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်လေ့ရှိကြပါတယ်။

၈။ ဓာတ်ပုံရိုက်ကူးရေးလုပ်တဲ့အခါမှာလည်း မင်းသမီးနှစ်ယောက်ရဲ့ မျက်နှာအနေအထားဟာ တူညီမှုတွေရှိနေတာကို ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ Yang Mi နဲ့ Liying တို့ရဲ့ ဓာတ်ပုံတွေကိုကြည့်ရင် မျက်နှာထားဟာ ဆင်တူမှုတွေရှိနေတာကို ခံစားရတယ်,လို့ အသိအမှတ်ခဲ့ကြပါတယ်။

Source: Weibo
Photos: Weibo
Written: Julix

Advertisements
Share