မြန်မာမလေး Su Nadi Soe ပါတဲ့ Kpop အဖွဲ့ Rumble G ရဲ့ သီချင်းအသစ် ထွက်ရှိတော့မှာဖြစ်

Advertisements

Korea မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Kpop idol ဖြစ်လာသူ ဗမာမလေး Su nadi Soe ပါဝင်တဲ့ Rumble G အဖွဲ့ရဲ့ Debut သီချင်းအသစ် ကတော့ July လ 14 ရက်နေ့မှာ ထွက်ရှိပြီ ဖြစ်ပါတယ်။ Rumble G အဖွဲ့မှာ Baram ( Vocalist) , Gayun (Dance Performer) , Ian ( Vocal, Rap) , DiDi စုစုပေါင်း လေးယောက်ပါဝင်ပါတယ်။ DiDi ကတော့ Sunadi Soe ဖြစ်ပါတယ်။ ညီမလေးရဲ့ Position ကတော့ Leader, Rap , Vocal ဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ Kpop လောကထဲကို လှမ်းမဲ့ ပထမဆုံးခြေလှမ်းကတော့ Debut သီချင်း + MV အရင်ထုတ်ဖို့ ဖြစ်ပါတယ်။ Debut သီချင်း နာမည်လေးကတော့ “Roopretelcham” ဖြစ်ပြီး teaser 2 ခု ထွက်ရှိ ပြီးပါပြီ။ Teaser 1 video ကတော့ ၂၄နာရီအတွင်း 29k views, 5.5 likes နဲ့ cmt 700 ကျော်ရရှိခဲ့ပါတယ်။ Teaser 2 ကလည်း ခုလက်ရှိ 33k ကျော်နေပါပြီ။

Teaser တွေ မထွက်ခင် သူတို့ရဲ့ Entertainment YouTube channel ဖြစ်တဲ့ “WinerZone World” ဟာ အရင်က scriber 7.9k သာ ရှိပေမဲ့ ခုဆို 13.3k တောင် ဖြစ်နေပါပြီ။ မနက်ဖြန် 12pm (KST) မြန်မာစံတော်ချိန် 9:30 မှာ သူတို့ရဲ့ MV ဟာ official ထွက်ရှိမှာ ဖြစ်လို့ မြန်မာနိုင်ငံ့ဂုဏ်ဆောင် ကောင်မလေးအတွက် အားပေးလိုက်ကြရအောင်နော်။

Su Nadi Soe ဟာ schedule တွေကျပ်တဲ့ကြားက မြန်မာနိုင်ငံအတွက် speak out လုပ်ပေးခဲ့သလို Flower strike တုန်းကလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ အဆိုရောအကရော အရည်အချင်းရှိတဲ့ ကောင်မလေး ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ကြီး တို့ အားပေးရကျိုးနပ်မှာပါ။

သူတို့ Rumble G အဖွဲ့ရဲ့ Fandom name က “Rumble Wings” လို့ သိရပြီး fandom က 24 hours Goals တွေပါ ချမှတ်ထားပါတယ်။ YouTube viewers များလေလေ လူသိများနိုင်တာမို့ ကူ stream ပေးလိုက်ကြပါအုံးနော်။

Source: Rumble G official diary
Written: Violet
Photo Credit: rumble_zone (Instagram)

Advertisements
Share