“Butter” album ဓါတ်ပုံရိုက်ကူး​ရေးအတွက် ၂ ပတ်လုံးလုံး အသီးအရွက်သုပ်ကိုသာ စားသုံးခဲ့တဲ့ RM

Advertisements

ဇူလိုင်လ ၁၂ ရက်​နေ့မှာ BTS အဖွဲ့ဟာ ဇူလိုင်လ ၉ ရက်​နေ့က ထွက်ရှိခဲ့တဲ့ “Butter” album အတွက် ဓါတ်ပုံရိုက်ကွင်း​​​နောက်ကွယ်က ဗီဒီယိုကို သူတို့ရဲ့ တရားဝင် YouTube channel ဖြစ်တဲ့ BANGTANTV က​နေ တဆင့် ပရိသတ်​တွေကို မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီမှာ BTS အဖွဲ့ရဲ့ ​ခေါင်း​ဆောင်ဖြစ်တဲ့ RM က ဒီဓါတ်ပုံရိုက်ကူး​ရေးမတိုင်မီ ၂ ပတ်တိတိ အသီးအရွက်သုပ်ကိုသာ စားသုံးခဲ့​ကြောင်း ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာ RM က သူ့ရဲ့ ဝတ်စုံနဲ့ ကွက်တိကျပြီး ခပ်မိုက်မိုက်ပုံစံမျိုး လိုချင်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

အခု ဒီဓါတ်ပုံရိုက်ကူး​ရေးကို ​ကောင်းမွန်စွာ လုပ်နိုင်ခဲ့တဲ့အတွက် စိတ်ချမ်းသာ​ကြောင်း ​ပြောပြခဲ့ပြီး ဓါတ်ပုံရိုက်ကူး​ရေးအတွက် ပြင်ဆင်ရင်း ၂ ပတ်လုံးလုံး အသီးအရွက်သုပ်ကိုသာ စားသုံးခဲ့​ကြောင်း ARMY ​တွေကို ​ပြောပြခဲ့ပါတယ်။ ထို့အပြင် ဓါတ်ပုံရိုက်ကူး​ရေးလုပ်တဲ့​နေ့ရဲ့ မနက်မှာ လမ်း​လျှောက်စက်​ပေါ် ​ပြေးခဲ့တယ်လို့ ကြည့်ရှုသူ​တွေကို ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။ RM က​တော့ သူ့အ​နေနဲ့ “ဓါတ်ပုံလှလှ​လေးထွက်လာ​တော့ ​ကျေနပ်တယ်” ဆိုပြီး ​သူ့ရဲ့ စိတ်ခံစားချက်ကို ​ဖော်ပြခဲ့ပါတယ်။

RM က ဒီလိုခံယူချက်မျိုးနဲ့သာဆိုရင် မနက်ဖြန်​ရော သန်ဘက်ခါ​ရော အလုပ်ကြိုးစားလုပ်နိုင်မယ်ထင်တယ်လို့ ပရိသတ်​တွေကို ​ပြောပြခဲ့ပါတယ်။ RM ဟာ သူ့ရဲ့ ထင်ရှားတဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံ​ကြောင့် လူသိများပါတယ်။အဖွဲ့ဝင်​တွေဟာ မကြာခဏ RM ရဲ့ ခန္ဓါကိုယ်လိုမျိုး ပိုင်ဆိုင်ချင်​​ကြောင်း ​ပြောပြဖူးပါတယ်။ ဘာလို့လဲဆို​တော့ သူဟာ အရပ်လည်းရှည်သလို ​ယောကျ်ားပီသတဲ့ ခန္ဓါကိုယ်အချိုးအစားရှိလို့ပါ။ သူဟာ အစားအ​သောက်ကို ကြိုက်နှစ်သက်သူဖြစ်​ပေမဲ့လည်း ARMY ​တွေကို သူ့ရဲ့ ပို​ကောင်းတဲ့ ပုံစံကို ပြနိုင်ဖို့အတွက် အနစ်နာခံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​မေလ ၂၁ ရက်​နေ့က “Butter” album အတွက် စာနယ်ဇင်းရှင်းလင်းပွဲလုပ်ရာမှာလည်း အဖွဲ့ဝင် Jungkook ဟာ “Butter” Music Video ရိုက်ကူး​ရေးအတွက် ၅ ရက်တာ အစာအငတ်ခံပြီး ​ရေကိုသာ ​သောက်ခဲ့​ကြောင်း ​ပြောပြခဲ့ဖူးပါတယ်။ သူတို့​တွေဟာ ပရိသတ်​တွေကို ပိုမို​ကောင်းမွန်တဲ့ ရုပ်ရည်နဲ့ ခန္ဓါကိုယ်အချိုးအစားပုံစံကို ပြသချင်တာ​ကြောင့် ဒီလိုမျိုး ဝိတ်​လျှော့ကြတာ ဖြစ်​ပေမဲ့ တစ်ဖက်မှာ ပရိသတ်​တွေကလည်း ကျန်းမာ​ရေးထိခိုက်မှာကို စိုးရိမ်​နေကြပါတယ်။

Source : Kpopstarz
Photo : Instagram, Naver
Written : ZL

Advertisements
Share