Song Zuer နဲ့အတူ ခေတ်ပေါ်အချစ်ဇာတ်လမ်းသစ်တစ်ခု ရိုက်ကူးသွားတော့မယ့် Huang Zitao

Advertisements

ပန်ဒါလေး,လို့ အများတကာ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Tao ကတော့ အဆိုပိုင်းအပြင် ဇာတ်ကားတွေလည်းရိုက်ကူးတဲ့မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ Tao ရဲ့ ဇာတ်လမ်းသစ်တွေကို ကြည့်ချင်ကြတဲ့ပရိသတ်တွေအတွက် Tao ဟာ ခေတ်ပေါ်အချစ်ဇာတ်လမ်းသစ်တစ်ခုကို မင်းသမီး Song Zuer နဲ့အတူ တွဲဖက်ရိုက်ကူးသွားမယ့်အကြောင်း အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။

“Don’t Fall in Love with the Boss (literal title)” ဆိုတဲ့ ဇာတ်လမ်းကတော့ Ro ဆန်ဆန်ဇာတ်လမ်းတွေကို ကြည့်ရတာနှစ်သက်‌သူတွေရဲ့ အကြိုက်နဲ့ထပ်တူကျဦးမယ့် ခေတ်ပေါ်အချစ်ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ YouHug Media မှ ထုတ်လုပ်သွားမယ့် “Don’t Fall in Love with the Boss (literal title)” ဇာတ်လမ်းအတွက် Huang Zitao နဲ့ Song Zuer တို့ပါဝင်ထားတဲ့ ပထမဆုံးသောပိုစတာတွေကို ထုတ်ပေးရင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံလေးကတော့ ဆန်းသစ်ပါတယ်။ Lu Xun (Hung Zitao) ရဲ့ ဝန်ထမ်းမလေး Qian Wei (Song Zuer) ဟာ အသက် ၂၈ နှစ်ပဲရှိသေးပေမဲ့ ဘဝတက်လမ်းပိတ်ဆို့သလိုနေကာ တက်လမ်းမရှိဘဲမျှော်လင့်ချက်မဲ့သလိုဖြစ်နေခဲ့ပါတယ်။

တရက်မှာတော့ မျှော်လင့်မထားဘဲ အသက် ၁၈ နှစ်အရွယ်အဖြစ် ပြန်လည်နိုးထလာခဲ့ပြီး ဘဝကြီးကို အသစ်ပြန်လည်စတင်လို့ရမယ့်အခွင့်အရေးရရှိခဲ့ပါတော့တယ်။ ဆယ်ကျော်သက်ခန္ဓာကိုယ်ထဲမှာ ၂၈နှစ်အရွယ်စိတ်ဝိဉာဉ်က ပိတ်မိနေတာကြောင့် ကျောင်းပြန်ပြီးတက်ခဲ့ရပါတယ်။

ထိုအချိန်မှာပဲ သူမရဲ့သူဌေးနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ဘဝအသစ်တည်ဆောက်ဖို့ နောက်ထပ်တကြိမ်ကြိုးစားခွင့်ရလာတဲ့အခါ… သူမအတွက် နောက်ထပ်အသစ်ရလာမယ့်အလုပ်က ဘာဖြစ်လာမလဲ? ချစ်ခြင်းမေတ္တာ၊ ရည်မှန်းချက်အိပ်မက်.. စသဖြင့် အရာရာကိုမတူအောင်ပြောင်းလဲသွားမလား,ဆိုတာကို သေချာရိုက်ပြသွားမှာမို့လို့ ထူးခြားတဲ့ဇာတ်လမ်းလေးပါပဲ။

သာမာန်ရိုက်ကူးနေကျ တရုတ်အချစ်ဇာတ်လမ်းပုံစံတွေနဲ့ကွဲပြားနေတဲ့အပြင် မင်းသား၊မင်းသမီးတွေကလည်း ပရိသတ်တွေကြား နာမည်ကြီးကျော်ကြားနေသူတွေဖြစ်လို့ ဒီဇာတ်လမ်းအတွက် အာရုံစိုက်မှုတွေမြင့်တက်နေပါတယ်။ Tao ရဲ့ သရုပ်ဆောင်အရည်အချင်းကလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်ကောင်းမွန်လာတာဖြစ်လို့ မင်းသမီး Song Zuer နဲ့ ဘယ်လိုမျိုးအတွဲညီညီလိုက်ဖက်စွာသရုပ်ဆောင်မလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

Source: Sina
Photos: YouHug
Written: Julix

Advertisements
Share