၂၄ နာရီကြာ ကျင်းပပြုလုပ်မယ့် “Global Citizen Live” ​အထူးရန်ပုံ​ငွေပွဲမှာ ပါဝင်​​ဖျော်​ဖြေသွားမယ့် BTS

Advertisements

“Global Citizen Live” ဆိုတာက​တော့ Gobal Citizen ဆိုတဲ့အဖွဲ့အစည်းက ပြုလုပ်တဲ့ ၂၄ နာရီကြာ အထူး​ဖျော်​ဖြေပွဲတစ်ခုဖြစ်ပါတယ်။ ထိုပွဲကို လာမယ့် စက်တင်ဘာလ ၂၆ ရက်​နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လန်ဒန်၊ ​လော့စ်အိဂျလိစ်၊ နယူး​ယောက်၊ ပဲရစ်၊ ဆိုးလ်နဲ့ ဆစ်ဒနီအပါအဝင် ကမ္ဘာ့တိုက်ကြီး ၆ တိုက်မှာရှိတဲ့ မြို့​တွေကို တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Variety သတင်းဌာနရဲ့ ​ဖော်ပြထားချက်အရ အဖွဲ့အစည်းက တာဝန်ရှိသူ​တွေဟာ “တိုက်ရိုက်ထုတ်လွှင့်မှုဟာ တကယ် ၂၄ နာရီနီးပါးကြာမြင့်မှာဖြစ်ပြီး တိုက်ကြီး ၆ တိုက်က ဂီတပညာရှင်​တွေ ​ဟော​ပြောသူ​တွေဟာ နယူး​ယောက် စင်ထရယ်ပန်းခြံက​နေ ပဲရစ်မှာရှိတဲ့ Champ de Mars နဲ့ ဆိုးလ်အထိ ကြည့်ရှုသူ​တွေ​ရှေ့မှာ တင်ဆက်သွားမှာဖြစ်ပါတယ်” လို့ ​ပြောကြားထား​ကြောင်း သိရှိရပါတယ်။

ပွဲကို offline အ​နေနဲ့လည်း ကျင်းပသွားမှာဖြစ်ပြီး အဓိကပွဲကျင်းပမယ့်​နေရာက​တော့ နယူး​​ယောက်မြို့ရှိ စင်ထရယ်ပန်းခြံမှာဖြစ်ပြီး လူအ​ယောက် ၆၀၀၀၀ ​လောက် လာ​​ရောက်ကြည့်ရှုမယ်လို့ ​မျှော်လင့်ထားပါတယ်။ သို့​သော်လည်း ပွဲကို တိုက်ရိုက်လာကြည့်မယ့်သူ အ​​ရေအတွက်ဟာ ထို​နေရာမှာ သတ်မှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်း​တွေ​​ပေါ် မူတည်ပြီး အ​ပြောင်းအလဲရှိနိုင်ပါတယ်။

လက်ရှိ ထိုပွဲမှာ ပါဝင်​ဖျော်​ဖြေဖို့ အတည်ပြုထားတဲ့ အဆို​တော်​တွေက​တော့ BTS, Ed Sheeran, the Weeknd, Lorde, Metallica, Doja Cat, Billie Eilish, Lizzo, Shawn Mendes, Camila Cabello, Duran Duran, Keith Urban, Andrea Bocelli, Green Day, H.E.R., Demi Lovato, Coldplay, Adam Lambert, Usher, Lang Lang, Burna Boy, Femi Kuti, the Lumineers, Christine and the Queens, Angélique Kidjo, Ricky Martin, Alessia Cara, Rag’n’Bone Man, DJ Snake, Davido, Tiwa Savage, and Hugh Jackman နဲ့ Deborra-Lee Furness တို့ပဲဖြစ်ပါတယ်။ ကျန်ရှိ​နေတဲ့ အနုပညာရှင်​တွေကို သြဂုတ်လ ၆ ရက်​နေ့မှာ ဆက်လက်​ကြေငြာ​ပေးသွားမှာ ဖြစ်ပါတယ်။

‘Global Citizen’ မှာ BTS ပါဝင်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဖွဲ့အစည်းရဲ့ CEO ဖြစ်တဲ့ Hugh Evans က “BTS ဟာ ထို​နေရာ​​ဒေသတစ်ခုလုံးနဲ့ တစ်ကမ္ဘာလုံးကို အထင်ကြီး​​လေးစား​စေမှာဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ​​ပေါ်မှာ အကြီးကျယ်ဆုံး K-Pop အနုပညာရှင်ဖြစ်ရုံသာမက ကမ္ဘာ​​ပေါ်မှာ အကြီးကျယ်ဆုံး အနုပညာရှင်​တွေလည်းဖြစ်ပါတယ်။

ပြီး​တော့ ကျွန်​တော့်အမြင်မှာ သူတို့ရဲ့ ​အနုပညာခရီးတစ်​လျှောက် အခုချိန်မှာ ​အောင်မြင်မှုက အထွဋ်အထိပ်ကို​ရောက်​နေပါပြီ။ ဒါ​ကြောင့် ဒီပွဲမှာ လူ​တွေပါဝင်လာဖို့ လှုံ့​ဆော်​ပေးနိုင်မှာဖြစ်သလို Global Citizen Live မှာ ပါဝင်မယ်ဆိုတဲ့အချက်က အရမ်းကို ဂုဏ်ယူစရာဖြစ်ပါတယ်” လို့​ပြောကြားခဲ့ပါတယ်။

ဒီပွဲဟာ အလှူအတန်းကြီး​တွေ လုပ်နိုင်တဲ့ ကမ္ဘာ့အဖွဲ့အစည်း​တွေ၊ကမ္ဘာ့​ခေါင်း​ဆောင်​တွေ၊ စီးပွား​ရေးသမား​တွေကို ကမ္ဘာ့မှာ ဖြစ်​ပေါ်​နေတဲ့ ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတု​ဖောက်ပြန်မှုနဲ့ ကာကွယ်​ဆေးရရှိရာမှာ မမျှတမှုစတဲ့ ပြဿနာ​တွေနဲ့ ပတ်သက်ပြီး အသိပညာ​ပေးဖို့ ကျင်းပတဲ့ ရန်ပုံ​ငွေပွဲဖြစ်ပါတယ်။

“Global Citizen Live” ကို BBC ရုပ်သံလိုင်းက​နေ ၆ နာရီကြာ ထုတ်လွှင့်သွားမှာဖြစ်ပြီး ABC, Hulu နဲ့ Disney ရုပ်သံလိုင်း​တွေကလည်း ထုတ်လွှင့်သွားမှာပါ။ ထို့အပြင် ​မြောက်အ​မေရိကတိုက်ကသူ​တွေအတွက် iHeartRadio ကလည်း ထုတ်လွှင့်​ပေးသွားမှာ ဖြစ်ပါတယ်။ ပွဲနဲ့ ပတ်သက်တဲ့ အ​သေးစိတ်အ​ကြောင်းအရာ​တွေကို သြဂုတ်လ ၃ ရက်​နေ့မှာ ထုတ်ပြန်​ကြေငြာသွားမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Advertisements
Share