စီအီးအို Kim Jung-wook မွေးထုတ်ပေးခဲ့တဲ့ Rumble G အဖွဲ့ရဲ့ ၂၄ နာရီအတွင်း Feedback တွေက…

Advertisements

Rumble G ဆိုတာနဲ့ မြန်မာပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖော်ဆောင်ပေးမယ့် အလင်းရောင်လေးတစ်ခုလို မြန်မာပြည်က Koppers လေးတွေရဲ့မျက်လုံးထဲမှာ DiDi လို့ခေါ်တဲ့ မြန်မာပြည်ဖွား ပထမဆုံး idol တယောက်ကို ပြေးမြင်မိကြမှာပါ။ Rumble G မှာ member ၄ယောက်ပါပြီး Debut သီချင်းအသစ်ကတော့ မနေ့ကထွက်ရှိခဲ့ပါတယ်။

MV ထွက်ပြီးတာနဲ့ ပရိသတ်တွေအတွက် live လည်း လွှင့်ပေးခဲ့ပါသေးတယ်။ ထို live ကို ကြည့်ရှုသူ 33k လောက်ဝင်ရောက်ကြည့်ရှုခဲ့တာမို့ မဆိုးဖူးလို့ ဆိုရမှာပါ။ ခု 24 နာရီ အတွင်း YouTube viewers (176K ) လည်း ရရှိခဲ့ပြီး ခန့်မှန်းထားတဲ့ 200K Goals ကို ရအောင် မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာကလူ တွေကတော့ ကိုယ့်နိုင်ငံသူ ပါတဲ့အတွက် အကြီးအကျယ် support ပေးခဲ့ကြပေမဲ့ သီချင်းက ထင်ထားသလောက် ကောင်းကောင်းမွန်မွန် မထွက်ရှိခဲ့ပါဖူး။

Vocal နဲ့ Rap က ကောင်းမွန်ပေမဲ့ train ပေးဖို့ နည်းနည်းလိုသေးတယ်လို့ ဝေဖန်နေကြပါတယ်။MV အတွက် သိပ်ခမ်းနားတဲ့ setting မပြင်ပေးနိုင်ရင်တောင် အသံပိုင်းဆိုင်ရာကို သေချာဖမ်းယူ ပြင်ဆင်ပေးသင့်တယ်လို့ Company ကို အပြစ်တင်နေကြပါတယ်။ သူတို့ရဲ့ Company က တော့ နာမည်ကြီး entertainment တခုရဲ့ လက်ခွဲအသစ် Winner Zone Entertainment ဖြစ်ပါတယ်။

ခုမှ Company က အသစ်ဖြစ်တာမို့ လိုအပ်တာလည်း ရှိရင် ရှိနိုင်တာဘဲလို့ တချို့ပရိသတ်တွေက ဖြည့်တွေးပေးနေကြပါတယ်။ Winner Zone Entertainment ဟာ ဆိုးလ်မြို့ရဲ့ WhyJ Building B1 Floor မှာ တည်ရှိပါတယ်။ Company ကို CEO Kim Jung-wook က လုပ်ငန်းခွင်မှာ ၁၀ စုနှစ်တခုစာ အတွေ့ကြုံရှိတဲ့ ဝန်ထမ်း ၁၀ ယောက်နဲ့ ၂၀၂၀ မှာတည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။

CEO Kim Jung-wook & Choreographer Kim Jeong-mi
Advertisements
B1, 143 Yeoksam-ro, Gangnam-gu, Seoul (Yeoksam-dong, WhyJ Building)

ဒီထဲက က ကွက်စီစဉ်ဖန်တီးမှုပိုင်းကို တာဝန်ယူထားတဲ့ Kim Jeong-mi ဟာဆိုရင်လည်း နာမည်ကျော် idols များဖြစ်တဲ့ BOA, GD, PSY, BIG BANG, SEUNGRI, SEVEN, SUPER JUNIOR, SHINHWA, 2NE1, TAEYANG, T.O.P တို့နဲ့ Music Video နဲ့ ရုပ်သံထုတ်လွှင့်မှုအပိုင်းမှာ လက်တွဲအလုပ်လုပ် ဖူးတဲ့ အတွေ့ကြုံကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်သလို တရုတ် Girl Idol Group တစ်ခုဖြစ်တဲ့ SNH48 ရဲ့ Trainer တစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့်မို့ Rumble G အဖွဲ့ရဲ့ ပွဲဦးထွက်သီချင်းဟာ မှန်းချက်နဲ့ နှမ်းထွက် သိပ်မကိုက်ပေမဲ့ နောက်ပိုင်းသီချင်းတွေ ပိုမိုကောင်းမွန်ဖို့ မျှော်လင့်လို့ ရပါသေးတယ်။ Artist တွေက အရည်အချင်းရှိတဲ့အတွက် Company က သေချာပြန်ပြင်ဆင်ပေးရင် အောင်မြင်လာနိုင်ပါတယ်နော်။

ယခုအချိန် Kpop လောကမှာ အောင်မြင်ကျော်ကြားနေတဲ့ BTS အဖွဲ့ရဲ့ ၂၀၁၃ ခုနှစ်မှာ Debut ခဲ့တဲ့ NO MORE DREAM သီချင်းဟာလည်း ပထမ ၂၄ နာရီးအတွင်း 25K Views သာရရှိခဲ့တာဖြစ်ပြီး ၈ နှစ်အကြာမှာတော့ 200M Views ထိ အောင်မြင်ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တာ ARMY တစ်ယောက်ရဲ့ လူမှုစာမျက်နှာမှာ တင်ထားတာတွေ့ရှိရပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ရဲ့ ပထမဆုံး Kpop Idol တစ်ဦးဖြစ်တဲ့ DiDi ပါဝင်တဲ့ Rumble G အဖွဲ့အတွက်လည်း ရေရှည်မှာ အောင်မြင်မှုတွေက စောင့်ကြိုနေမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Source: Rumble G
Written: Bora

Advertisements
Share