“School 2021” က နုတ်ထွက်ပြီး​​နောက် Lee Sung Kyung နဲ့ drama သစ် ရိုက်ကူးဖို့ ​ဆွေး​နွေး​နေတဲ့ Kim Young Dae

Advertisements

ဇူလိုင်လ ၁၅ ရက်​နေ့မှာ ကိုရီးယားအနုပညာနယ်ပယ်ထဲက အတွင်းလူတစ်ဦးက Kim Young Dae ဟာ “Shooting Star” ဇာတ်လမ်းတွဲရဲ့ ​ခေါင်း​ဆောင်မင်းသား​နေရာအတွက် ကမ်းလှမ်းခံထားရတယ်လို့ ​ပြောကြားခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ Kim Young Dae ရဲ့ ​အေဂျင်စီဖြစ်တဲ့ Outer Korea က သတင်းမှန်ကန်​ကြောင်း အတည်ပြု​ပေးခဲ့ပြီး ​ဆွေး​နွေးသုံးသပ်​နေဆဲဖြစ်​ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

“Shooting Star” ဇာတ်လမ်းတွဲဟာ ​ဖျော်​ဖြေ​ရေးနယ်ပယ်ထဲမှာ ​နောက်ကွယ်က​နေ အလုပ်လုပ်ကိုင်​ပေး​နေတဲ့ PR အဖွဲ့၊ မန်​နေဂျာ​တွေနဲ့ သတင်း​​ထောက်​တွေရဲ့အ​ကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒီဇာတ်လမ်းတွဲထဲက Oh Han Byul ဆိုတဲ့ ​ခေါင်း​ဆောင်မင်းသမီး​နေရာက သရုပ်​ဆောင်ဖို့ Lee Sung Kyung ကို ကမ်းလှမ်းထား​ကြောင်း သတင်း​တွေထွက်​ပေါ်ခဲ့ပါတယ်။

Kim Young Dae ကို​တော့ Star Force Entertainment လက်​အောက်က ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ Gong Tae Sung ဆိုတဲ့ ဇာတ်​ကောင်အတွက် ကမ်းလှမ်းထားတာဖြစ်ပါတယ်။ Gong Tae Sung ဟာ K-drama သမိုင်းမှာ သမိုင်းဝင်မယ့် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးခဲ့ဖူးပါတယ်။

​သူ့မှာ တောက်ပတဲ့ အသွင်အပြင်တဲ့ နတ်ဘုရားလို အရှိန်အဝါရှိ​ပေမဲ့ ဆယ်စုနှစ်တစ်ခု​လောက် လူ​တွေရဲ့ ပါးစပ်ဖျားက​နေ ​ပျောက်​နေတဲ့ ထိပ်တန်းအနုပညာရှင်ဖြစ်ပါတယ်။ ထို့အပြင် သူဟာ ယဉ်က​ေျးချိုသာတဲ့ အပြင်ပန်းပုံစံ​အောက်မှာ မထင်မှတ်ထားတဲ့ တကယ့်အကျင့်စရိုက်ကို ဖုံးကွယ်ထားသူဖြစ်ပါတယ်။

Kim Young Dae ဟာ ဇူလိုင်လ ၁၅ ရက်​နေ့မှာပဲ KBS ဇာတ်လမ်းတွဲ “School 2021” က​နေ နုတ်ထွက်ခဲ့ပါတယ်။ ​မေလတုန်းက WEi အဖွဲ့ဝင် Kim Yo Han နဲ့အတူ “School 2021” မှာ ပါဝင်သွားမယ်လို့ အတည်ပြုခဲ့တာပါ။

Kim Young Dae ဟာ Gong Ki Joon (Kim Yo Han) နဲ့ အတိတ်ဇာတ်​ကြောင်းရှိပြီး သူရှိတဲ့ ​အထက်တန်းကျောင်း​ကိုပြောင်းလာတဲ့ Jung Young Joo ဇာတ်​ကောင်က​နေ ပါဝင်သရုပ်​ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သို့​သော်လည်း မူလက ​ဆွေး​နွေးညိှနှိုင်းထားတဲ့အတိုင်း မဖြစ်လာတဲ့အတွက် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ​အေဂျင်စီကလည်း အတည်ပြုထားပါတယ်။

Source : Soompi
Photo : Naver, Instagram
Written : ZL

Advertisements
Share