လောကဓံအနိမ့်အမြင့်တွေနဲ့ကြုံ‌တွေ့ရတိုင်း အဖွဲ့အတွက်အားအင်ဖြစ်စေခဲ့သူတွေကိုပြောပြခဲ့တဲ့ J-Hope

Advertisements

Hindustan Times နဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ BTS ရဲ့ J-Hope က အဖွဲ့အနေနဲ့ လောကဓံအနိမ့်အမြင့်တွေနဲ့ကြုံတွေ့ရတဲ့အခါ ဘယ်လိုမျိုးရင်ဆိုင်ဖြတ်သန်းသလဲ, ဆိုတာကို ပြောပြခဲ့ပါတယ်။ ARMY တိုင်း သိကြတဲ့အတိုင်း BTS အဖွဲ့ဝင်တွေက တစ်ယောက်နဲ့တစ်‌ယောက်ကိုတစ်ယောက်အားကိုးပြီး အမြဲယုံကြည်မှုအပြည့်ပေးကြတတ်ကြပါတယ်။

အဖွဲ့ဝင်အချင်းချင်းမဟုတ်ဘဲ သူတို့အတွက် အားအင်တွေဖြစ်ပေခဲ့သူတွေရှိနေပါတယ်။ ဟုတ်ပါတယ်… BTS အဖွဲ့အတွက်ဆိုရင် အမြဲတမ်းကာကွယ်စောင့်ရှောက်ပြီး အားပေးပံ့ပိုးတတ်တဲ့ ARMY တွေပါပဲ။ အခက်အခဲအတားအဆီးတွေနဲ့ကြုံတိုင်း ARMY တွေက သူတို့အတွက် အလင်းရောင်ပေးခဲ့ကြောင်းကို J-Hope က ပြောပြခဲ့ပါတယ်။

၈ နှစ်တာကာလပတ်လုံး သူ‌တို့နဲ့အတူ မျှဝေခံစားပြီး အတူဖြတ်သန်းခဲ့ကြတဲ့ ARMY တွေဟာ တန်ဖိုးမဖြတ်နိုင်ကြောင်းကို နည်းမျိုးစုံနဲ့ပြသခဲ့ကြပါသေးတယ်။ Hindustan Times က ကမ္ဘာကျော်အဖွဲ့ဖြစ်လာဖို့ ကြိုးစားမှုတွေရဲ့အခက်အခဲတွေကို ဘယ်လိုမျိုးရင်ဆိုင်ဖြတ်သန်းခဲ့သလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

J-Hope က “ဒီ‌နေရာအထိရောက်လာခဲ့တဲ့ ဘဝလမ်းတစ်လျှောက်ကို ပြန်ကြည့်မိတော့ ကျွန်တော်တို့ပေးချင်တဲ့ အကြောင်းအရာလေးတွေကို သီချင်းတွေကနေ ပြောပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ ၇ ယောက်ရဲ့သီချင်းတွေကို ARMY တွေက မငြီးမညူနားထောင်ပေးတယ်။

ဒါကြောင့်ပဲ အခုလိုအ‌ခြေအနေထိရောက်‌လာနိုင်ခဲ့တာပါ။ ကျွန်တော်တို့ကို အားအင်ဖြစ်စေခဲ့တဲ့သူတွေက ARMY တွေပါပဲ။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးကနေ ARMY တွေကို ကျေးဇူးတင်မိပါတယ်” လို့ ပြောပြခဲ့ပါတယ်။ J-Hope ရဲ့ အဖြေကတော့ ARMY တွေအတွက် တကယ်ကို ရင်ထဲနွေးစေပါတော့တယ်။

BTS နဲ့ ARMY တို့ကြားက သံယောဇဉ်ကြိုးဟာ ဖြတ်လို့ကိုမရတော့တဲ့အထိ ခိုင်မြဲနေပြီဖြစ်ပြီး နောင်နေ့ရက်တွေ၊ နှစ်စဉ်နှစ်တိုင်းမှာလည်း BTS အတွက် ဘဝအားအင်တွေဖြစ်ပေးကြရပါလိမ့်မယ်။ BTS အဖွဲ့အတွက် ARMY တွေက အားတစ်ခုဖြစ်သလို အပြန်အလှန်အနေနဲ့ ARMY တွေအတွက်လည်း BTS က ဘဝအလင်းရောင်ဖြစ်တာကြောင့် ထာဝစဉ်လက်တွဲပြီး အနာဂတ်ကို ဖြတ်သန်းကြရပါတော့မယ်။

Source: Koreaboo
Photos: Koreaboo
Written: Julix

Advertisements
Share