အချစ်ရေးနဲ့ပတ်သက်ပြီး မင်းသမီးလေး Baifern Pimchanok ရဲ့ ခံယူချက်

Advertisements

ထိုင်းမင်းသမီးလေး Baifern Pimchanok ကတော့ ထိုင်းနိုင်ငံရဲ့ အလှပ‌ဂေးစာရင်းဝင် အချောအလှလေးတစ်ဦးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းပေါင်းများစွာကိုလည်း လက်ခံရိုက်ကူးကာ အောင်မြင်ကျော်ကြား‌မှုတွေကို လက်ခံရရှိနေပြီး အားပေးတဲ့ ပရိတ်သတ်အခိုင်အမာကလည်းရှိနေပါတယ်။

လက်ရှိအချိန်အထိ ချစ်သူရည်းစားမရှိသေးဘဲ တကိုယ်တော်ရပ်တည်နေတဲ့ Baifern ရဲ့ အချစ်ရေးခံယူချက်ကိုတော့ မိန်းကလေးတွေအားလုံးက လက်ခံသဘောကျကြပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အင်တာဗျူးတစ်ခုမှာဆိုရင် Baifern က သူမရဲ့ခိုင်မြဲတဲ့ခံယူချက်တစ်ခုကို ပြောပြခဲ့ပါတယ်။ Baifern Pimchanok က “အချစ်ရေးကိုပြောရရင် အခုချိန်ထိ အချစ်ဆိုတာမျိုး မရှိသေးပါဘူး။

100% ရာနှုန်းပြည့် single စစ်စစ်ပါ။ ကျွန်မအတွက်ကတော့ အလုပ်ပဲရှိပါသေးတယ်။ အခုဆိုရင် အသက် ၃၀ နားတောင် ကပ်နေပြီ။ ပြောရရင် လူကောင်းလေးတစ်ယောက်လောက်တော့ လိုချင်ပေမဲ့ တစ်ယောက်ကမှ ကျွန်မဆီ ရောက်မလာဘူးလေ။ လူမှန်..အချိန်မှန်,ဆိုတာမျိုးကို ကြားဖူးကြတယ်မလား။ ကိုယ့်ဘဝအတွက်စစ်မှန်တဲ့လူဆိုရင်တော့ အချိန်တန်ရင် ရောက်လာပါလိမ့်မယ်။

အဲ့တော့ အလောတကြီး ချစ်မိဖို့တော့ မလိုပါဘူး” လို့ ဖြေကြားသွားခဲ့ပါတယ်။ Baifern ရဲ့ အဖြေက ရိုးရှင်းပေမဲ့လည်း တကယ်တမ်းလေးနက်စွာတွေးကြည့်ရင် တကယ်လက်ခံသင့်တဲ့ ခံယူချက်တစ်ခုပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းမတူကြတာမို့လို့ ကိုယ့်ဘဝအတွက် စစ်မှန်တဲ့သူကို စောပြီးတွေ့ကြတာမျိုးရှိသလို နောက်ကျပြီးမှ တွေ့ကြတာမျိုးလည်း ရှိတတ်ကြပါတယ်။

အလောတကြီးနဲ့ ရွေးချယ်ပြီးခါမှ မပျော်ရွှင်ရတဲ့နေ့ရက်တွေကိုဖြတ်သန်းနေရရင်တော့ တကယ်ကို ဝမ်းနည်းစရာပါပဲ။ ဒါကြောင့်မို့လို့ Baifern ပြောသလိုပဲ အချိန်တန်ရင် ကိုယ့်ဘဝထဲကို စစ်မှန်တဲ့လူတစ်ယောက် ရောက်လာမှာဖြစ်လို့ မရှိသေးတဲ့သူတွေလည်း စိတ်ရှည်ရှည်နဲ့သာ စောင့်ဆိုင်းလိုက်ကြပါဦးနော်။

Source: Thaiupdate
Photos: Thaiupdate
Written: Julix

Advertisements
Share