Billboard ရဲ့ ကမ္ဘာ့ဝင်​ငွေအ​ကောင်းဆုံး ဂီတပညာရှင်များစာရင်းမှာ ထိပ်ဆုံး ၅ ဦးထဲ ပါဝင်လာခဲ့တဲ့ BTS

Advertisements

ဇူလိုင်လ ၁၉ ရက်​နေ့မှာ Billboard က​နေ ကမ္ဘာတစ်လွှားမှာ ဝင်​ငွေအ​ကောင်းဆုံး ဂီတပညာရှင်​တွေရဲ့ စာရင်းကို ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ ဒီစာရင်းကို ထုတ်ပြန်ဖို့အတွက် Billboard ဟာ RIAA ရဲ့ ၂၀၂၀ ခုနှစ်အတွက် physical နဲ့ digital ဝင်​​ငွေရှင်းတမ်းနဲ့ IFPI ရဲ့ ကမ္ဘာ့ဝင်​ငွေစာရင်းတို့ကို နှိုင်းယှဉ်ခဲ့ပါတယ်။ သူတို့ဟာ ဂီတပညာရှင် ၂၂ ​ယောက်ရဲ့ ​album ရောင်းအားနဲ့ ကမ္ဘာ့လှည့်​ဖျော်​ဖြေမှု​က ​ဝင်​ငွေတွေကို ​လေ့လာခဲ့ပြီး တခြားရိုက်ကူး​ရေးဝင်​ငွေ​တွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

ဒါ​ပေမဲ့ Billboard ဟာ U.S ကမဟုတ်တဲ့ ​ရောင်းအားနဲ့ streaming က ရရှိတဲ့ ဝင်​​ငွေ​တွေရဲ့ ၃၀% ကို ထည့်မတွက်ထားသလို ၂၀၂၀ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ BTS ရဲ့ Bang Bang Con လို တိုက်ရိုက်ထုတ်လွှင့်မှု​တွေကိုလည်း ထည့်မတွက်ခဲ့ပါဘူး။ ဒါ​တွေကို ထည့်မတွက်ထားတာ​တောင်မှ BTS အဖွဲ့ဟာ စာရင်းရဲ့ နံပါတ် ၄ ​နေရာကို ရရှိခဲ့ပါတယ်။ Billboard က​ ပြောကြားချက်အရ BTS ရဲ့ ဝင်​ငွေစုစု​ပေါင်းဟာ ​ဒေါ်လာ ၃၁.၅ သန်းရှိတယ်လို့ သိရပါတယ်။ Streaming က​နေ ရရှိတဲ့ ဝင်​ငွေဟာ ခန့်မှန်း​ခြေ ​ဒေါ်လာ ၁၄.၆ သန်းလောက်ရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ stream တဲ့ အ​ရေအတွက်ဟာ ၁၇.၃ ဘီလီယံ​လောက်ရှိတယ်လို့ Billboard က ​ဖော်ပြထားပါတယ်။

ထူးခြားတာ တစ်ခုက​တော့ Billboard က ထုတ်ပြန်တဲ့ ဒီစာရင်းရဲ့ ထိပ်ဆုံး ၅ ​ယောက်မှာ ပါဝင်လာတဲ့သူ​တွေထဲက BTS အဖွဲ့သာလျှင် U.S ရဲ့ ဝင်​ငွေအ​ကောင်းဆုံး အနုပညာရှင် ၁၀ ​ယောက်ထဲမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘာလို့လဲဆို​ရင် BTS အဖွဲ့က ထိုစာရင်းမှာ နံပါတ် ၁၉ ​နေရာကိုသာ ရရှိခဲ့လို့ပါ။ BTS အဖွဲ့ရဲ့ U.S က​နေ ရရှိတဲ့ ဝင်​ငွေဟာ ​ဒေါ်လာ ၈.၉ သန်း​လောက်ရှိပြီး ဒါဟာ ဝင်​ငွေစုစု​ပေါင်းရဲ့ ၂၅% ​​ကျော်ရှိပါတယ်။ ဒါ​ပေမဲ့ Billboard ရဲ့ စာရင်းမှာ နံပါတ် ၄ ​နေရာကို ရရှိခဲ့တာဟာ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ stream ​တွေ​ကြောင့် ဖြစ်ပါတယ်။

အ​ပေါ်မှာ ​ဖော်ပြခဲ့တဲ့အတိုင်း BTS ရဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ stream တဲ့ အ​ရေအတွက်ဟာ ၁၇.၃ ဘီလီယံ​ရှိပါတယ်။ Music Video က​နေ ရရှိတဲ့ stream အ​ရေအတွက်က ၉.၈ ဘီလီယံဖြစ်ပြီး သီချင်း​တွေရဲ့ stream အ​ရေအတွက်က ၇.၄ ဘီလီယံဖြစ်ပါတယ်။ ဒါ​ကြောင့် BTS ဟာ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ​ပေါ်မှာ streaming အများဆုံး အနုပညာရှင်ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ physical နဲ့ digital ​ရောင်းအား​တွေ​ကြောင့် Billboard စာရင်းရဲ့ ထိပ်ဆုံး ၅ ​ယောက်ထဲကို ပါဝင်လာခဲ့တာဖြစ်ပါတယ်။ Billboard က ထုတ်ပြန်တဲ့ ဝင်​​ငွေအ​ကောင်းဆုံး ဂီတပညာရှင်စာရင်းမှာ Queen က နံပါတ် ၁၊ Taylor Swift က နံပါတ် ၂၊ Billie Eilish က နံပါတ် ၃ နဲ့ Post Malone က နံပါတ် ၅ စသဖြင့် အသီးသီး ရပ်တည်ခဲ့ကြပါတယ်။

Source : Kpopstarz
Photo : Instagram, Naver
Written : ZL

Advertisements
Share