ဇူလိုင်လ – စတုတ္ထအပတ်မှစတင်ပြီး ထွက်လာဖို့ရှိနေတဲ့ နာမည်ကြီးတရုတ်ဇာတ်လမ်းတွဲ ၅ ခု

Advertisements

နေ့ရက်မခြား ဇာတ်လမ်းတွဲတွေအများကြီးရိုက်ကူးနေတဲ့ တရုတ်အနုပညာလောက,ကတော့ ထွက်ရှိလာမယ့်ဇာတ်လမ်းတွဲတွေက တန်းစီနေ‌ပါတော့တယ်။ တခါတရံ အခြေအနေတွေကြောင့် မူလထွက်ရှိဖို့သတ်မှတ်ထားတဲ့နေ့တွေမှာ ထွက်လာခြင်းမရှိတာမျိုးဖြစ်တတ်ပေမဲ့ ဇူလိုင်လ စတုတ္ထပတ်မှာပဲ စတင်ထွက်ရှိတော့မယ့် နာမည်ကြီးဇာတ်လမ်းတွဲ ၅ ခုရှိနေပါတယ်။ ဇူလိုင် ၂၁ မှ တန်စီပြီး ထွက်လာတော့မယ့် ဇာတ်လမ်းတွေကတော့…

1. Crush

ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ထွက်ရှိလာမယ့် Crush ဆိုတဲ့ အချစ်ဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်လိုက်တွေအဖြစ် Lin Yanjun နဲ့ Wan Peng တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

2. Broker

တရုတ်နိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Victoria Song နဲ့ Luo Yunxi တို့ ပါဝင်ရိုက်ကူးထားတာကြောင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ Broker စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲကတော့ ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

3. Be Yourself

Be Yourself ဆိုတဲ့ လူငယ်ဇာတ်လမ်းတွဲလေးကတော့ ခေတ်လူငယ်မိန်းကလေးတွေအကြောင်းကို အဓိကထားရိုက်ကူးပြသသွားမှာဖြစ်ပါတယ်။ Shen Yue, Zhang Ruo Nan, Vivienne Tian နဲ့ Zhang Xin Yi အစရှိတဲ့ မင်းသမီးလေးတွေက အဓိကပါဝင်ရိုက်ကူးထားတာဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှာ ထွက်ရှိလာမှာလည်းဖြစ်ပါတယ်။

4. You Are My Glory

တရုတ်အနုပညာလောကရဲ့ တကယ့်နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေဖြစ်သလို အချောအလှတွဲဖက်တွေဖြစ်တဲ့ Yang Yang နဲ့ Dilireba တို့ကြောင့် You Are My Glory ဇာတ်လမ်းဟာ မထွက်ခင်ကတည်းက တော်တော်လေး ရေပန်းစားလှပါတယ်။ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ စတင် ပြသတော့မှာပါတယ်။

5. First Love Again

ဇူလိုင်လ ကုန်ခါနီး ၂၉ ရက်နေ့မှာတော့ နောက်ထပ် Ro ဆန်ဆန်အချစ်ဇာတ်လမ်းတွဲ First love again က ထွက်ရှိလာမယ်လို့ ဆိုပါတယ်။ အဓိကဇာတ်လိုက်တွေဖြစ်တဲ့ Patrick Shih နဲ့ Amy Chen တို့က ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် ပါဝင်လာမှာဖြစ်လို့ စောင့်ကြည့်ရပါဦးမယ်။

Source: DramaUpdate
Photos: Weibo
Translated by Julix

Advertisements
Share