SM တည်ထောင်သူ Lee Soo Man ရဲ့ ရည်းစားဟာ Aespa အဖွဲ့ဝင် Giselle ရဲ့ အဒေါ်လို့ ဂယက်ထနေ

Advertisements

July လ 21 ရက်နေ့မှာတော့ SM Entertainment ရဲ့ founder “Lee Soo Man” တစ်ယောက် သူ့ရဲ့ Girlfriend ကို ဝမ်ပေါင်း ၅ ဘီလီယံ ရှိတဲ့ Villa တခု ဝယ်ပေးလိုက်တာနဲ့ ပက်သက်ပြီး သတင်းခေါင်းစီးတွေမှာ ပါလာခဲ့ပါတယ်။

Media တွေကတော့ Lee Soo Man ရဲ့ ရည်းစားဟာ အနောက်အမေရိကန် အခြေစိုက် အသံလွှင့်ဌာန Company တခုရဲ့ လက်ခွဲ Seoul ရုံးက ကိုရီးယားလူမျိုး သတင်းထောက် တစ်​ယောက် ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ သူမဟာ Lee Soo Man ထက် ၁၇နှစ်တောင် ငယ်ပြီး U.S. က ထင်ရှားတဲ့ သတင်းထောက် စာရေးဆရာမ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်က သူမ ဦးဆောင်တဲ့ သတင်းညီလာခံဆွေးနွေးပွဲတခုကို Lee Soo Man က တက်ရောက်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားကြပါတယ်။ ဒီသတင်းဟာ Korea ပြည်သူတွေကြားမှာ ပွက်လောရိုက်သွားပြီး သူမဟာ Aespa အဖွဲ့ဝင် Giselle ရဲ့ အဒေါ်ဖြစ်မယ်လို့ အားလုံးက ပြောနေကြပါတယ်။

ချက်ကျလက်ကျ ကြည့်ရင်တော့ Giselle အဒေါ်ဟာ U.S. ရဲ့ ထင်ရှားတဲ့ public finger အနေနဲ့ Aespa Fan တွေကြားမှာ ထင်ရှားပါတယ်။ Giselle အဒေါ်ဟာ Aespa အဖွဲ့ကို အားပေးသလို သူမရဲ့ SNS တွေမှာ aespa အကြောင်း ခဏခဏတင်ပြီး သူမတူမကို အရမ်းအားပေးပါတယ်။

ဒီအချက်တွေကြောင့်ဘဲ Lee Soo Man ရဲ့ ရည်းစားဟာ Giselle အဒေါ်ဖြစ်မယ်လို့ K netizen တွေက ထစ်ထစ်ချယုံကြည်နေကြပါတယ်။ ဒီသတင်းနဲ့ ပက်သက်ပြီး Giselle အပေါ်လည်း ခုလိုတွေ ဝေဖန်နေကြပါတယ်။

“နေပါအုံး … ဒါဆို Giselle က သူမအဒေါ် အဆက်အသွယ်နဲ့ SM ကို ဝင်လာတာလား ?? Giselle က Girls Generation အဖွဲ့ဝင် Sunny လက်သစ် ကျနေတာဘဲ” “ဒီ သတင်းသာ အမှန်ဆိုရင်တော့ အာ့ကြောင့် Giselle က trainee ဆင်းတာ 3 လ တောင်မကြာဘဲ ပွဲဦးထွက်နိုင်ခဲ့တာကိုး…”

“Wow… Giselle ဘဝက ဘာကိုမှစိုးရိမ်ပူပန်စရာမလိုတော့ဘူးဘဲ” “lee soo man က သူ့ကောင်မလေးကို Villa ဝယ်ပေးတာ ပြဿနာမဟုတ်ပေမဲ့ ဒီသတင်းသာအမှန်ဆိုရင်တော့ နောက်ကြောင်းတွေက အများကြီး ပေါ်တော့မှာဘဲ” “ခုတော့ ငါတို့ Giselle နဲ့ ပက်သက်တဲ့ သတင်းကိုသိရပြီ။ သူမက တကယ်မိုက်တဲ့ အဆက်အသွယ်ရခဲ့တာဘဲ”

“တကယ်လို့ ဒါတွေအားလုံးက အမှန်ဆိုရင်တောင် Giselle က Aespa အဖွဲ့ဝင်အဖြစ် Debut တာ အံ့ဝင်ခွင်ကျနေတုန်းဘဲ။ အဖွဲ့မှာသူ့လိုမျိုး English စကားကောင်းကောင်းပြောတတ်တဲ့ Rapper လိုတယ်လေ” “SM နဲ့ကိုယ့်မိသားစု အဆက်အသွယ်ရှိနေတာ မင်းတကယ် ကံကောင်းတာပါ” “ခု… ငါတော့ Giselle ကို ပို..ပိုအားကျနေမိပြီ”

Lee Soo Man ရဲ့ ပထမဇနီးကို သူ California ရဲ့ တက္ကသိုလ်တခုမှာ Master ဘွဲ့ တက်ယူတုန်းမှာတွေ့ခဲ့တာ ဖြစ်ပြီး 1984 ခုနှစ်တုန်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ 1989 ခုနှစ်မှာ SM Entertainment ကို နှစ်ယောက်သား ထူထောင်ခဲ့ပြီး သားနှစ်ယောက်မွေးခဲ့ပါတယ်။

ဒါပေမဲ့ 2012 ခုနှစ်မှာ အဆိုပါ သူ့ဇနီးဟာ ကင်ဆာရောဂါ ဖြစ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ ရောဂါကုရာမှာ သက်တောင့်သက်သာနေလို့ရအောင် LA မှာပါ အိမ်ဝယ်ပေးခဲ့ပါသေးတယ်။ သူ့ဇနီးကို နေ့ရောညပါပြုစုစောင့်ရှောက်ပေမဲ့ 2014 ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခု 2021 ခုနှစ်မှာမှ Lee Soo Man ရဲ့ girlfriend အသစ် သတင်းတွေဟာ ပွလာတာ ဖြစ်ပါတယ်။

Source: Allkpop
Written: Violet

Advertisements
Share