Yang Mi နဲ့ Gong Jun တို့ အတူပါဝင်လာနိုင်တဲ့ သမိုင်းနောက်ခံအချစ်ဇာတ်လမ်းတွဲ

The Love Story of the Dragon and the Fairy လို့အမည်ရတဲ့ Novel ကို ပြန်လည်ပုံဖော်ရာမှာ Yang Mi နဲ့ Gong Jun တို့ကို ရွေးချယ်သွားနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကတော့ လက်ရှိမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ The Blue Whisper, Cang Lan Jue, The Legends စတဲ့ နာမည်ကြီး Novel များကိုရေးသားခဲ့ဖူးတဲ့ စာရေးဆရာမ Jiu Lu Fei Xiang ရဲ့ လူကြိုက်များတဲ့ Novel တစ်ခု ဖြစ်ပါတယ်။

ဇာတ်ကြောင်းအနေနဲ့ကတော့ Siming ရဲ့ အကြောင်းကို အဓိကထား ရေးသားထားတာ ဖြစ်ပါတယ်။ ကောင်းကင်ဘုံကနေ ငြင်းပယ်ခံလိုက်ရတဲ့ နတ်သမီး Siming Xingjun ဟာ အရက်သောက်ပြီးတဲ့နောက် အိပ်မက်တစ်ခုထဲကို ရောက်သွားခဲ့တယ်။ သူမရဲ့ ကံကြမ္မာကြောင့် အကျဉ်းချခံထားရတဲ့ နောက်ဆုံးနဂါး Chang Yuan နဲ့ တွေ့ဆုံခဲ့ပါတယ်။

Siming ဟာ သူ့အတွက် ကံကြမ္မာကို ပြန်ရေးပြီး သူ့ကိုယ်သူ အခြေခံထားတဲ့ “ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကို နဂါးပြန်လာခြင်း” လို့ အမည်ပေးထားတဲ့ စာအုပ်ကို ချရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ရေးသားလိုက်တဲ့ Ming Shu အရ Siming ဟာ Er Sheng အဖြစ် ပြန်လည်မွေးဖွားလာပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ Chang Yuan နဲ့ တွေ့ဆုံခဲ့ပြန်ပါတယ်။

Chang Yuan ရဲ့ အသက်ကို ကယ်တင်ဖို့ ErSheng ဟာ မာရ်နတ်ဆီကို အတင်းအကျပ် စေလွှတ်ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ErSheng ရဲ့ အသက်ကို ပြန်လည်ကယ်တင်ဖို့ Chang Yuan ဟာ တားမြစ်ထားတဲ့ ဧရိယာကို ပြန်လာပြီး ထာဝရအထီးကျန်ခြင်းကို ဂရုမစိုက်ပဲ ErSheng ကို ကြယ်သခင်ဖြစ်စေဖို့ ကြိုးစားခဲ့တယ်။ သို့ပေမယ့် ဒီဘဝမှာတော့ နှစ်ယောက်စလုံး သေဆုံးခဲ့ရပါတယ်။

Siming ပြန်နိုးလာတဲ့အခါမှာ သူမ အိပ်မက်ထဲမှာရေးသားထားတဲ့ “ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကို နဂါးပြန်လာခြင်း” ဆိုတဲ့ စာအုပ်ကို မတော်တဆတွေလိုက်ရပါတော့တယ်။ မှတ်ဥာဏ်ပျောက်သွားရင်တောင် လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ မူလက ထွင်းထားခဲ့တာကို မမေ့နိုင်တာကြောင့် Siming ဟာ Chang Yuan ကို ထပ်မံကယ်တင်ဖို့ စီစဉ်ပြန်ပါတယ်။ နောက်ဆုံးမှာ Siming ဟာ Chang Yuan ကို ကယ်တင်နိုင်ခဲ့ပြီး သူရဲ့ ကလောင်နဲ့ ကမ္ဘာကြီးကို ဖန်တီးခဲ့ပါတော့တယ်။

ဒီလိုမျိုး နက်နဲလှပတဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲကတော့ ပရိတ်သတ်တွေ စိတ်တိုင်းကျတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာနိုင်ဖို့ ကြိုတင်မှန်းဆလို့ ရနိုင်ပါတယ်။ လူကြိုက်များတဲ့ Novel ရဲ့ ဖန်တီးမှုမှာ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်လာမယ့်ဆိုရင်တော့ ဒါဟာ အမှန်တကယ် ဖြစ်လာသင့်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : StarDramachaser
Photos : IVGimage