Jimin ဟာ BTS အဖွဲ့ကို ဒီ့ထက်ပိုပြီးကောင်းမွန်လာစေချင်တဲ့ဆန္ဒရဲ့ နောက်ကွယ်ကအကြောင်းအရင်း

BTS အဖွဲ့ရဲ့ Jimin ကတော့ BTS အဖွဲ့ကို ယခုရှိ‌နေတဲ့အခြေအ‌နေထက် ပိုပြီးကောင်းမွန်လာစေချင်တဲ့ဆန္ဒရှိကြောင်း Weverse နဲ့ အင်တာဗျူးမှာ ဖြေဆိုပေးသွားခဲ့ပါတယ်။ လက်ရှိအဖွဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မေးခွန်းမျိုးစုံကို ပြည့်စုံစွာဖြေသွားခဲ့ပြီးနောက် BTS အပေါ်ထားတဲ့ သူ့ရဲ့ဆန္ဒနဲ့မျှော်လင့်ချက်တွေရဲ့ အကြောင်းအရင်းလေးတွေကို ထုတ်ပြောသွားခဲ့ပါတယ်။

Jimin က “ARMY တို့လည်း ကျွန်တော့်ရဲ့ နှလုံးသားထဲကပြောပြချင်နေတဲ့ဟာတွေကို ခံစားမိမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ဖျော်ဖြေမှုတွေနဲ့ လိုက်ဖက်တဲ့ခံစားချက်မျိုးကိုသွင်းရမယ်ဆိုတဲ့အသိလေးကို အဖွဲ့ဝင်တွေလည်း သဘောပေါက်မယ်လို့ထင်တယ်။

နောက်ပိုင်းပြုလုပ်မယ့် concert တွေဟာ အတိတ်ကနဲ့ယှဉ်ရင် ပိုပိုပြီး ကြီးလာဖို့မျှော်လင့်ထားတာမို့လို့ ဒီအချက်ကပဲ အဖွဲ့နဲ့ပတ်သက်လို့ ဆန္ဒအကြီးကြီးဖြစ်သွားတော့တာပါပဲ။ ကျွန်တော်တို့ ၇ ယောက်လုံး ရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်တို့အဖွဲ့ရဲ့ ပွဲနဲ့ဖျော်ဖြေတင်ဆက်ပုံတွေကလည်း လိုက်လျောညီထွေနဲ့ပြောင်းလာဖို့ အရေးကြီးပါတယ်။

ဒီလိုပြောင်းလဲမှုကိုလိုက်ပြီး ၇ ယောက်စလုံးကလည်း ဘယ်လိုမျိုး ကိုင်တွယ်သွားနိုင်မလဲဆိုတာကလည်း အရေးပါနေပြန်ပါတယ်။ အဲ့လိုပဲ BTS နဲ့ ARMY တွေကလည်း တသားတည်းဖြစ်နေတော့ အတူတူကြီးပြင်းရင့်ကျက်လာမယ့်နေ့ရက်တွေအတွက် အမြဲတမ်းရင်ခုန်မိတယ်။

ကျွန်တော်တို့နဲ့အတူ သီချင်းတွေကတဆင့် အတိတ်နဲ့မတူတော့တဲ့ တစ်ဦးတစ်ယောက်ဖြစ်လာဖို့ တကယ်မျှော်လင့်မိပါတယ်။  ဒါဆိုရင် နှစ်ဦးနှစ်ဖက်အပြန်အလှန်အနေနဲ့ နှလုံးသားချင်းနီးလာရင် တမူထူးခြားကောင်းမွန်တဲ့ အသိုင်းအဝန်းကြီးတစ်ခုဖြစ်လာမယ်လို့လည်း တွေးမိတာပါ။

အဲ့ဒီနေ့ကိုလည်း လက်ချိုးပြီး ရေတွက်နေမှာတော့မှာပါပဲ။ “ARMY တွေနဲ့အတူ ပိုပြီးကောင်းမွန်လာခြင်း” ဆိုတဲ့ အသုံးအနှုန်းလေးကတော့ တကယ့်ကိုအရေးပါပါတယ်။ အရာရာတိုင်းက တဖြည်းဖြည်းပြောင်းလဲလာရင်းနဲ့ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို အပြန်အလှန်နားလည်မျှဝေလာနိုင်တဲ့နေ့တစ်နေ့ကတော့ ဧကန်မုချရောက်လာဦးမှာပါ။

ဒါကတော့ ဘယ်လိုမျိုးခံစားရတယ်.. ဒါကတော့ ငါတို့သီချင်းလေးက ဘယ်လိုမျိုးလေး.. ဒါက ငါတို့‌‌တတွေ ဘယ်လိုမျိုး ဖျော်ဖြေတာ… စသဖြင့် မျှဝေတာမျိုးပေါ့။ concert တွေကို ရုံအကြီးကြီးတွေမှာလုပ်လာတာနဲ့အမျှ ကျွန်တော်တို့ဆီကို လာတဲ့သူတွေဟာ ဘယ်လိုထင်လဲလို့? မေးဖြစ်လာတယ်။

ပွဲကိုလာတဲ့တစ်ဦးတစ်ယောက်ချင်းစီရဲ့ဘဝတွေဟာ ဘယ်လိုတွေဖြစ်နေမလဲဆိုတာကို အတွင်းကျကျကြီးတော့ မပြောတတ်ပေမဲ့ စင်ပေါ်ကနေ အော်ရင်းဟစ်ရင်းနဲ့ပဲ အကြည့်ချင်းဆုံပြီး စကားတွေပြောဖြစ်နေသလိုမျိုးပါ။ ကျွန်တော်တို့ ၇ ယောက်စလုံးက အနာဂတ်မှာတော့ ARMY တွေနဲ့အတူ ခံစားချက်တွေကို အခုကထက်ပိုပြီးမျှဝေနိုင်မယ့် နေ့တစ်နေ့ရောက်လာမယ်လို့ ယုံကြည်ပါတယ်။

BTS အဖွဲ့သားတွေအားလုံးရဲ့ ရင်တွင်းဖြစ်ခံစားချက်တစ်ခုကိုပြောရရင်တော့ BTS နဲ့ ARMY တို့ အတူတကွလုပ်နေတာတွေဟာ ဘဝအတွက် လက်တွေ့ဖျော်ဖြေမှုတွေဖြစ်တဲ့အကြောင်းကို သိထားစေချင်တယ်။

ဒါ့ကြောင့်လည်း BTS အဖွဲ့ကို အရင်ကထင်ပိုပြီးကောင်းမွန်တဲ့အဖွဲ့ဖြစ်လာဖို့ အကြီးကြီးမျှော်လင့်ထားပါတယ်” လို့ နှလုံးသားထဲက ပြောပြချင်နေတဲ့စကားလုံးလေးတွေကို ဖွင့်ဟသွားခဲ့ပါတော့တယ်။ နှစ်သက်တဲ့အဖွဲ့ကို Stan တယ်ဆိုတဲ့ကိစ္စဟာ နေ့ရက်တိုင်းနဲ့ပတ်သက်သွားပါတယ်။

အေးအတူပူအမျှ အတူခံစားပြီး ကိုယ့်ကိုမသိရင်တောင် Idol တွေနဲ့ပတ်သက်လာရင် ကာကွယ်ပေးချင်တဲ့စိတ်က Fangirl/boy တွေတိုင်းမှာ ရှိစမြဲပါပဲ။ ARMY တွေအတွက်ကတော့ BTS အဖွဲ့နဲ့ နှလုံးသားချင်း နီးသထက်နီးလာတာကို Jimin‌ ပြောတာကိုဖတ်ရင်း နားလည်ခံစားနိုင်လာပြီး BTS နဲ့အတူ ကြီးပြင်းရင့်ကျက်သွားဖို့ ကြိုးစားကြရတော့မှာပဲဖြစ်ပါ‌တယ်။

Source: Koreaboo
Photos: BTS Official
Translated by Julix