Celebrity News

မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအတွက်ဆုတောင်းပေးခဲ့တဲ့ Big Bang အဖွဲ့ဝင် Daesung

ခု မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ အဖြစ်အပျက်တွေ အတွက် စာနာကူညီပေးနေတဲ့ နိုင်ငံတွေထဲမှာ South Korea လည်း ပါ..ပါတယ်။ အစိုးရပိုင်းကလည်း အားတက်သရော စိတ်ဝင်တစား ကူညီပေးသလို အနုပညာအသိုင်းအဝိုင်းတွေရော သာမာန်ပြည်သူတွေ ရောကပါ သူတို့တတ်နိုင်တဲ့ ဘက်က support ပေးနေကြပါတယ်။

မြန်မာနိုင်ငံအရေး နေ့စဉ်တင်ဆက်ပေးနေတဲ့ TV program တွေလည်း အများကြီးရှိပြီး သတင်းမှန်တွေဘဲ ထုတ်လွှင့်ပေးတာကြောင့် မြန်မာပြည်သူတွေ အတွက် အားတက်စရာပါဘဲ။ ပြည်သူတွေကတော့ သူတို့လည်း ဒီမိုကရေစီရအောင် မတရားကြိုးစားခဲ့ရတဲ့ ဘဝကလာတာမို့ စာနာတဲ့စိတ်နဲ့ အလှူငွေတွေ အမြောက်အများလှူဒါန်းပေးနေပါတယ်။

အနုပညာရှင်တွေထဲမှာတော့ လက် ၃ ချောင်းပြီး မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေကြောင်း ထောက်ခံပေးတဲ့သူတွေရှိသလို မြန်မာပြည်သူတွေ အတွက် ဆုတောင်းပေးနေတဲ့သူတွေ လည်းရှိပါတယ်။ ထိုအများကြီးထဲကမှ Kpop Legendary Group ဖြစ်တဲ့ Big Bang အဖွဲ့မှ Daesung က လည်း ဆုတောင်းပေးခဲ့ပါတယ်။

Daesung ဟာ SNS တွေ လုံးဝမသုံးပေမဲ့ သူ့မှာ ကိုယ်ပိုင် YouTube channel တော့ရှိပါတယ်။ ထို channel မှာ vlog လေးတွေ တင်လေ့ရှိပေမဲ့ အများဆုံးကတော့ သူကိုယ်တိုင် drum တီးနေတဲ့ video လေးတွေပါ။ တနေ့မှာ မြန်မာပြည်က Big Bang Fan ( VIP) တစ်ယောက်က “D’splay nim ရေ မင်း ရဲ့ solo drum show ကို မျှော်နေပါတယ်။

ငါက မြန်မာနိုင်ငံက fan တစ်ယောက်ပါ။ မင်းကို အားပေးနေတဲ့ ပရိတ်သတ်တွေ အများကြီးရှိတယ်။ ကျေးဇူးပြု၍ မြန်မာအတွက် ဆုတောင်းပေးပါအုံး” လို့ comment မန့်ခဲ့ပါတယ်။ Comment တွေအများကြီးထဲကမှ ထို comment ကို Daesung က “I pray for Myanmar” ဆိုပြီး reply ပြန်ခဲ့ပါတယ်။

Daesung က SNS မသုံးပေမဲ့ မြန်မာပြည်က အကြောင်းတွေ သိနေတဲ့ပုံပါဘဲ။ ခုလို ကိုယ်ချစ်ခင်ရတဲ့ idol က ကိုယ့် comment ကို အသိမှတ်ပြုပြီး မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့တဲ့အတွက် ထို fan လေးကတော့ Lucky fan လေးပါဘဲနော်။ မြန်မာပြည်ကြီး အမြန်အေးချမ်းဖို့ Asia Celebar team မှလည်း အမြဲ ဆုတောင်းပေးနေပါတယ်။

Source: D’splay YouTube Channel
Written: Violet