၂ နှစ်နီးပါးကြာမြင့်ပြီးတဲ့နောက် ပြသမယ့်ရက်အတိအကျထွက်လာပြီဖြစ်တဲ့ “The Oath of Love” ဇာတ်လမ်း

၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိလာဖို့ မျှော်နေခဲ့တဲ့ ဇာတ်လမ်းတွဲ “The Oath of Love” ကတော့ ပြသမယ့် ရက်အတိအကျ ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဩဂုတ်လ ၅ ရက်နေ့မှာပဲ WE TV က ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

အဓိကဇာတ်လိုက်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Xiao Zhan နဲ့ Yang Zi တို့ဖြစ်တာကြောင့် ကြည့်ရှုရဖို့စောင့်နေခဲ့ကြတာဖြစ်ပြီး ဒီကြားထဲမှာ ပြသမယ့်ရက်ကို အကြိမ်ကြိမ်ရွှေ့နေခဲ့တာလည်းဖြစ်ပါတယ်။ WE TV ရဲ့ ထုတ်ပြန်ချက်အရ “The Oath of Love” ဇာတ်လမ်းသာ စက်တင်ဘာလ ၈ ရက်နေ့ (၉လပိုင်း ၈) ရက်နေ့မှာ စတင်ပြသ‌မယ်လို့ဆိုပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့… တက်သစ်စ တယောပညာရှင် Lin Zhi Xiao (Yang Zi) မှာ ချောမောခန့်ညားတဲ့ ချစ်သူရှိသလိုဘွဲ့ယူပြီးကျောင်းပြီးတဲ့အခါမှာလည်း အဆင်သင့်လုပ်နိုင်မယ့် အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ ကံကြမ္မာရဲ့ထုံးစံအတိုင်း အမြဲတမ်း မျက်နှာသာမပေးတတ်တော့ အရာရာအဆင်ပြေနေတဲ့ကောင်မလေးရဲ့ဘဝက စတင်ပြီး ပြိုလဲလာခဲ့ပါတော့တယ်။ ချစ်သူနဲ့လမ်းခွဲခဲ့ရသလို အဆင်သင့်ဖြစ်နေခဲ့တဲ့ အလုပ်နေရာကလည်း ရုတ်တရက်နှုတ်ထွက်ခဲ့ရပါတော့တယ်။

ပိုဆိုးတာက ဘွဲ့မယူခင် ဖခင်ဖြစ်သူကလည်း ရုတ်တရက် ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပါတော့တယ်။ အရာအာလုံး ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရချိန်မှာပဲ သူမရဲ့ဖခင်ကို ကုသပေးနေတဲ့ Fu Wei (Xiao Zhan) နဲ့ ဆုံတွေ့ခဲ့ရပါတယ်။

Dr. Gu ဟာလည်း သူကိုယ်တိုင်ခံစားနေရတဲ့ အခက်အခဲတွေရှိပြီး နေ့ရက်တွေကို ပင်ပန်းစွာနဲ့ရှင်သန်ဖြတ်သန်းနေရချိန်မှာပဲ Lin Zhi Xiao က သူ့ရဲ့ဘဝထဲကို မျက်လှည့်ဆန်ဆန် ဝင်ရောက်လာခဲ့ပါတော့တယ်။ အဆင်မပြေတဲ့ဘဝတွေကို ဖြတ်သန်းနေရသူအချင်းချင်း စာနာနားလည်မှုတွေနဲ့ ဖေးမနိုင်ပါ့မလား.. သနားခြင်းကို အရင်းခံတဲ့ ‌ချစ်ခြင်းမေတ္တာကတစ်ခုက သူတို့နှစ်ယောက်ကြားမှာ ဖြစ်တည်လာမလား, ဆိုတာကို တစိမ့်စိမ့်နဲ့ ကြည့်ရတော့မှာဖြစ်ပါတယ်။

မထွက်ခင်ကတည်းက အဓိကဇာတ်လိုက်နှစ်ယောက်ကြောင့် ဟိုးလေးတကျော်‌ဖြစ်နေခဲ့တဲ့ “The Oath of Love” ဇာတ်လမ်းတွဲကို ၉ လပိုင်း ၈ ရက်နေ့မှာပဲ ပရိသတ်တွေ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ အချိန်အကြာကြီးစောင့်နေရတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် မရိုးနိုင်အောင် ထပ်ခါထပ်ခါကြည့်မိနေကြတော့မှာကို မြင်ယောင်နေမိပါတော့တယ်။

Source: We TV
Photos: We TV
Written: Julix