2021 ကြော်ငြာခအတွက် ကြေးအမြင့်‌ဆုံးပေးရတဲ့ တောင်ကိုရီးယား ထိပ်တန်းနာမည်ကျော် (၁၃) ဦး

စီးပွားရေးလောကမှာ မိမိရဲ့ကုန်ပစ္စည်းတွေ ရောင်းအားတက်ဖို့အတွက် ထိပ်တန်းအနုပညာရှင်တွေ၊ နာမည်ကျော်ကို ငှါးရမ်းပြီး ကြော်ငြာခိုင်းလေ့ရှိပါတယ်။ ဈေးကွက်ချဲ့ထွင်ဖို့အတွက် ကိုရီးယားကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့အာရုံကိုဖမ်းစားနိုင်ဖို့ ကြေးအမြင့်ဆုံးပေးရတဲ့ကြယ်ပွင့်တွေ‌နဲ့ ထိုးဖောက်လေ့ရှိကြပါတယ်။ တချို့ကတော့ ဈေးကြီးတဲ့ Branded ပစ္စည်းတွေရဲ့ ambassador တွေအဖြစ်ပါ တရားဝင်ခန့်အပ်ခံရကာ ကမ္ဘာ့ဈေးကွက်အထိပါ ခြေဆန့်ခဲ့ကြတာပါ။

ဒီတော့ ကြော်ငြာတစ်ခုမှာပါဝင်ပေးဖို့ ကြေးအကြီးဆုံးပေးပြီး ငှါးရတဲ့နာမည်ကြီးစာရင်းက ရှိစမြဲပါပဲ။ ဩဂုတ် ၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Mnet’s ‘TMI News’ ရဲ့ အပိုင်းသစ်မှာ ပရိသတ်တွေသိချင်နေတဲ့ ကြေးအမြင့်ဆုံးနာမည်ကျော်စာရင်း ဖော်ပြခဲ့ပါတယ်။ ရိုက်ကူးသမျှကြော်ငြာတွေအတွက် အမြင့်‌ဆုံးငှါးရမ်းခပေးရတဲ့ ထိပ်ဆုံး ၁၃ ဦးကတော့…

  • 13 .Lee Kwangsoo

  • 12. Song Hyekyo

  • 11. Lim Youngwoong

  • 10. Jo Jungsuk

  • 9. Jung Haein

  • 8. Girl’s Day’s Hyeri

  • 7. Park Seojoon

  • 6. Park Bogum

  • 5. Son Heung Min

  • 4. Gong Yoo

  • 3. Jun Jihyun

  • 2. Kim Soohyun နဲ့

  • 1. BTS တို့ပဲဖြစ်ကြပါတယ်။

အနုပညာရှင်တွေ၊ ကမ္ဘာ့နာမည်ကျော်တွေ အများအပြားရှိပေမဲ့ ကြော်ငြာရိုက်ကူးဖို့ ငှါးရမ်းတဲ့အခါမှာတော့ စာရင်းဝင် ကြယ်ပွင့် ၁၃ ယောက်ဟာ ကြေးအကြီးဆုံ‌းပေးရတဲ့ နာမည်ကျော်တွေပဲဖြစ်ကြပါတော့တယ်။

Source: Kstarlive
Photos: ESQUIRE
Translated by Julix