ဗီယက်နမ်သတင်းစာက ​​​ရွေးချယ်တဲ့ ​ကြော်ငြာ​လောကမှာ အနုပညာ​ကြေးအမြင့်ဆုံး K-Pop Idol ၄ ​ယောက်

ဗီယက်နမ်နိုင်ငံမှာ ဝယ်ယူဖတ်ရှုသူများပြီး လုပ်သား​ရေးရာနဲ့ စီးပွား​ရေးရာ ​နေ့စဉ်သတင်းစာဖြစ်တဲ့ ‘Báo Lao Động’ က BTS အဖွဲ့ဝင် V, SNSD အဖွဲ့ဝင် Yoon A, BLACKPINK အဖွဲ့ဝင် Jennie နဲ့ Bae Suzy တို့ကို ​စီးပွား​ရေးကြော်ငြာ​တွေအတွက် အခ​ကြေး​ငွေအများဆုံးရရှိတဲ့ ထိပ်တန်း Idol ​တွေအဖြစ် ​ရွေးချယ်​ဖော်ပြခဲ့ပါတယ်။

ထိုသတင်းစာက “သူတို့ရဲ့ ပရိသတ်​အများစုအ​ပေါ် လွှမ်းမိုးနိုင်စွမ်းနဲ့ Jennie (BLACKPINK), V (BTS), Suzy, Yoon A (SNSD) တို့ဟာ brand ​တွေကို ​ရောင်းအားအများကြီး မြင့်တက်​အောင် ကူညီခဲ့တယ်”လို့ ​ရေးသား​ဖော်ပြထားပါတယ်။

  1. V (BTS)

V ဟာ ထင်ရှားတဲ့ brand power ရှိတဲ့ Idol ၁ ဦးဖြစ်ပါတယ်။ သူဝတ်ဆင်သုံးစွဲတဲ့ အဝတ်အစား​တွေ၊ အလှကုန်​​တွေဟာ မိနစ်ပိုင်းအတွင်း ​ရောင်းကုန်​လေ့ရှိပါတယ်။ လူအများစုက​​တော့ ဒါဟာ V က ကုန်ပစ္စည်း​တွေကို စိတ်ဝင်စားလာ​အောင် ​ကြော်ငြာ​ပေးနိုင်လို့လို့ ယုံကြည်လက်ခံထားကြပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ ဆွဲ​ဆောင်မှုနဲ့ ​ရောင်းအား​ပါဝါတွေ​ကြောင့် ​ကြော်ငြာ​လောကမှာ အလိုရှိခြင်း အခံဆုံး Idol ဖြစ်ပြီး brand ​တော်​တော်များများက သူ့ရဲ့ အသိအမှတ်ပြုမှုကို ခံချင်ကြပါတယ်။

  1. Jennie (BLACKPINK)

တောက်ပတဲ့ အလှတရားရှိတဲ့ BLACKPINK အဖွဲ့ဝင် Jennie က​တော့ ကမ္ဘာတစ်လွှားက K-Pop ပရိသတ်​တွေအ​ပေါ် လွှမ်းမိုးမှုကြီးမားတဲ့ Idol တစ်​ယောက်ဖြစ်ပါတယ်။ သူမ​ကြေငြာတဲ့ ကုမ္ပဏီ သို့မဟုတ် brand ​တွေရဲ့ ကုန်ပစ္စည်း​တွေဟာ နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ​ရောင်းကုန်တတ်ပါတယ်။ ​နေကာမျက်မှန်၊ အဝတ်အစား၊ မိတ်ကပ်က​နေ အ​ဖျော်ယာမကာအထိ Jennie မ​​ကြော်ငြာဖူးတဲ့ ကုန်ပစ္စည်းဆိုတာ မရှိသ​​လောက်ပါပဲ။

  1. Yoon A (SNSD)

Yoon A ဟာ တစ်ခါက ပရိုဂရမ်တစ်ခုမှာ ပါဝင်ပြီး နံနက်စာအတွက် ပြင်ဆင်ရလွယ်ကူတဲ့ ​ဝေဖာပြုလုပ်နည်းကို ပရိသတ်​တွေကို ပြသပြီး​နောက် “​ဝေဖာပြုလုပ်သူ” ဆိုတဲ့ trend ကို ကိုရီးယားနိုင်ငံမှာ ဖြစ်​​​ပေါ်​စေခဲ့ပါတယ်။ အဲ့ဒီရှိုးကို ပြသပြီးနောက် ကိုရီးယား တစ်နိုင်ငံလုံးက ​ဝေဖာလုပ်တဲ့စက်​တွေက ​ရောင်းကုန်ပြီး ပစ္စည်းပြတ်သွားခဲ့ပါတယ်။

ဘာလို့လဲဆို​​တော့ ထိုအစီအစဉ်ကို ကြည့်ရှုလိုက်ရတဲ့သူ​တွေဟာ Yoon A လိုပဲ သူတို့လည်း အဆင့်မြင့်စား​သောက်ဆိုင်က အရည်အ​သွေးရှိတဲ့ ​ဝေဖာမျိုးကို အိမ်မှာ လုပ်စားနိုင်မယ်လို့ ​ယုံကြည်လက်ခံသွားကြလို့ပါပဲ။ ဒါ့အပြင် Yoon A ရဲ့ လှပမှု၊ နှစ်လိုဖွယ်​ကောင်းတဲ့ အကျင့်စရိုက်နဲ့ ဖြူစင်တဲ့ ပုံရိပ်​တွေ​ကြောင့် ကိုရီးယား ​ကြော်ငြာ​လောကမှာ ​စျေးအကြီးဆုံး Idol ၁ ဦးအဖြစ် ရပ်တည်​နေနိုင်တာဖြစ်တယ်လို့ ပရိသတ်​​တွေက မှတ်ချက်ပြုထားကြပါတယ်။

  1. Suzy

“Nation’s First Love” လို့ တင်စား​ခေါ်​ဝေါ်ခံရတဲ့ Suzy ဟာလည်း ​ကြော်ငြာ​ကြေး အမြင့်​ဆုံး Idol တစ်​ယောက်ဖြစ်ပါတယ်။ သူမဟာ brand တစ်ခုရဲ့ ​မော်ဒယ်အဖြစ် စတင်လုပ်ကိုင်စဉ်မှာပဲ ထို brand က အသစ်ထုတ်လုပ်တဲ့ လက်ကိုင်အိတ်အသစ်​တွေကို ​ရောင်းကုန်​အောင် စွမ်း​ဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း Suzy ဟာ ကမ္ဘာ​ကျော် brand ​တော်​တော်များများရဲ့ brand ambassador အဖြစ် ​ဆောင်ရွက်​နေပြီး အဝတ်အစား၊ မျက်မှန်၊ အလှကုန်၊ စားစရာနဲ့ အ​ဖျော်ယမကာစတဲ့ ကဏ္ဍအစုံအတွက် ​ကြော်ငြာ​တွေကို ရိုက်ကူးဖူးတာ​ကြောင့် သူမကို “CF Queen” လို့လည်း တင်စား​ခေါ်​ဝေါ်ကြပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL