မြန်မာနိုင်ငံကို ‌လာရောက်ဖျော်ဖြေဖူးတာကြောင့် မြန်မာ ARMY တွေနဲ့ ရင်းနှီးနေတဲ့ BTS အဖွဲ့

ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲ Kpop အဖွဲကြီးဖြစ်တဲ့ BTS အဖွဲ့က မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေဖူးတယ်လို့ပြောရင် ယုံကြည်ချင်မှ ယုံကြည်မိပါလိမ့်မယ်။ တကယ်တော့ BTS အဖွဲ့ဝင် ၇ ယောက်စလုံးအနေနဲ့ မြန်မာ ARMY လေးတွေရဲ့ ရှေ့မှောက်မှာပဲ သီချင်းတွေကို သီဆို‌ရင်း အပြန်အလှန်နွေးထွေးတဲ့အခိုက်အတန့်တွေ ရှိခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်ကျော်အချိန် ၂၀၁၅ တုန်းက ကမ္ဘာကျော် BTS အဖွဲ့ဟာ မြန်မာနိုင်ငံကို နှစ်နိုင်ငံကြား သံတမန်ရေးရာရင်းနှီးပတ်သက်မှုအတွက် ဖျော်ဖြေတင်ဆက်ဖို့ရောက်လာခဲ့တာဖြစ်ပါတယ်။ မြန်မာပရိသတ်တွေအတွင်း Kpop ကိုမြတ်နိုးသူတွေအများအပြားရှိတာကြောင့် idol တွေနဲ့ဆုံတွေ့ဖို့က အိပ်မက်တစ်ခုလိုပါပဲ။

၂၀၁၅ ခုနှစ်မှာတော့ ကိုရီးယား-မြန်မာ နှစ်နိုင်ငံရင်းနှီးချစ်ခင်မှုဖျော်ဖြေပွဲအတွက် Concert တစ်ခုပြုလုပ်ခဲ့ပြီး BTS အဖွဲ့ကလည်း မြန်မာနိုင်ငံကို လာမယ့်အထဲမှာ ပါဝင်လာခဲ့ပါတယ်။ ထိုအချိန်တုန်းက BTS အနေနဲ့ အောင်မြင်ကျော်ကြားဖို့ ကြိုးစားနေဆဲအချိန်တွေဖြစ်ပြီး “I Need U” ဆိုတဲ့သီချင်းကောင်းလေး ထွက်ရှိထားတဲ့အချိန်ပါပဲ။

ဒီလိုမျိုးအဖက်ဖက်ကကြိုးစားနေချိန်မှာပဲ ဇွန်လ ၁၅ ရက်နေ့မှာတော့ အင်ချွန်းလေဆိပ်ကနေတဆင့် မြန်မာနိုင်ငံဆီကို ချီတက်လာခဲ့ကြပါတယ်။ မြန်မာ-ကိုရီးယား သံတမန်ရေးရာလက်တွဲမှု အနှစ် ၄၀ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ MEP မှာ ပြုလုပ်ခဲ့ပြီး ‘K-POP CONCERT LIVE IN YANGON’ မှာ BTS အဖွဲ့ဟာ မြန်မာ ARMY တို့နဲ့အတူ “Boy in Luv” သီချင်းအပါအဝင် သီချင်းကောင်းတွေကို အားပါးဝရ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတော့တယ်။

ဖျော်ဖြေနေစဉ်တလျှောက်လုံး တခဲနက်အားပေးခဲ့ကြတဲ့ ARMY လေးတွေကိုကြည့်ပြီး BTS အဖွဲ့အနေနဲ့ တော်တော်လေးကိုပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း BTS အဖွဲ့ဝင် ၇ ယောက်ကို အမြဲအားပေးနေတဲ့ ARMY တွေရှိကြောင်း ကောင်းကောင်းသိသွားတာကြောင့် အခုချိန်မှာလည်း “မြန်မာနိုင်ငံ” ကလို့ပြောလိုက်ရင်တောင် ၇ ယောက်စလုံး သတိတရရှိနေကြဦးမှာပါ။

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၂၀၁၅ နောက်ပိုင်းကစလို့ BTS အဖွဲ့ဟာ ကြိုးစားမှုအလျောက် ကြောက်ခမန်းလိလိ အများအပြားအောင်မြင်ခဲ့ပါတော့တယ်။ ယနေ့အချိန်မှာတော့ အကြီးမားဆုံး ARMY fandom ကြီးနဲ့အတူ ထိပ်ဆုံးအရာတွေကိုပဲ ရယူသိမ်းပိုက်နေတဲ့ BTS အဖွဲ့ကို နောက်ထပ်တကြိမ် မြန်မာနိုင်ငံမှာ ဖျော်ဖြေပွဲလာရောက်လုပ်ဖို့အတွက် ARMY တွေအကုန်လုံး ဆုတောင်းနေကြပါတော့တယ်။

Source: Yahoo
Photos: BTSsupportmm
Written: Julix