Starship Entertainment ရဲ့ Girl Group အသစ်မှာ ပါဝင်သွားမယ့် Jang Wong Young နဲ့ An Yu Jin

Starship Entertainment ဟာ ယခုနှစ်ထဲမှာ မိန်းက​လေးအဖွဲ့အသစ်တစ်ဖွဲ့ကို ပွဲဦးထုတ်နိုင်ဖို့ ပြင်ဆင်​နေပြီး ထိုအဖွဲ့သစ်ထဲမှာ နာမည်​ကြီး မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ IZONE ရဲ့ အဖွဲ့ဝင်​တွေဖြစ်ကြတဲ့ Jang Won Young နဲ့ An Yu Jin တို့လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက IZONE အဖွဲ့ရဲ့ စာချုပ်သက်တမ်းကုန်​ဆုံးသွားပြီး​နောက် ပရိသတ်​​တွေဟာ အဖွဲ့ဝင်​တစ်​ယောက်ချင်းစီရဲ့ အနာဂတ်အနုပညာလှုပ်ရှားမှုကို စိတ်ဝင်တစား​စောင့်ကြည့်​နေကြပါတယ်။

သြဂုတ်လ ၂၂ ရက်​နေ့မှာ Star News သတင်းဌာနက Jang Won Young နဲ့ An Yu Jin တို့ဟာ Starship Entertainment ရဲ့ မိန်းက​လေးအဖွဲ့အသစ်မှာ ပါဝင်ပြီး ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ ဒုတိယအကြိမ်​မြောက် ပွဲဦးထွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီမိန်းက​​လေးအဖွဲ့အသစ်မှာ Starship Entertainment က တခြား​သော ဆယ်​ကျော်သက်အရွယ် သင်တန်းသူ​တွေလည်း ပါဝင်သွားမှာဖြစ်တယ်လို့ Star News က ​ဖော်ပြထားပါတယ်။ အဖွဲ့နာမည်၊ အဖွဲ့ဝင်အ​ရေအတွက်၊ အဖွဲ့ရဲ့ concept စတာ​တွေကို​တော့ မသတ်မှတ်ရ​သေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Starship Entertainment က တာဝန်ရှိသူတစ်ဦးက “ကျွန်​တော်တို့ ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ထဲမှာ မိန်းက​လေးအဖွဲ့အသစ် ထုတ်ဖို့ပြင်ဆင်​နေပါတယ်။ ဒုတိယနှစ်ဝက်မှာ လုပ်မယ်လို့ ရည်ရွယ်ထား​ပေမဲ့ အ​သေးစိတ်ကို​တော့ ​ပြောပြလို့ မရ​သေးပါဘူး။ နားလည်​ပေးမယ်လို့ ​မျှော်လင့်ပါတယ်” ဆိုပြီး YTN Stars သတင်းဌာနကို ​ပြောကြားခဲ့ပါတယ်။ သူတို့ဟာ အဖွဲ့အသစ်မှာ Jang Won Young နဲ့ An Yu Jin တို့ ပါမပါဆိုတာကို ​ပြောမပြခဲ့ပါဘူး။ မကြာ​သေးခင်ကပဲ HYBE Labels ရဲ့ မိန်းက​လေးအဖွဲ့အသစ်မှာ IZ*ONE အဖွဲ့ဝင် Kim Chae Won နဲ့ Sakura တို့ ပါဝင်သွားမယ်ဆိုပြီး​တော့ သတင်း​တွေထွက်ခဲ့ပြီး HYBE ဘက်က အလားတူအ​ဖြေမျိုးပဲ ​ဖြေကြားခဲ့ပါတယ်။

ဒါ​ပေမဲ့လည်း Jang Won Young နဲ့ An Yu Jin တို့ဟာ ယခင်တည်းက Starship Entertainment လက်​အောက်ကဖြစ်တာ​ကြောင့် ဒီသတင်းက ​သေချာသ​​လောက်ရှိပါတယ်။ Starship Entertainment ဟာ SISTAR နဲ့ WJSN တို့လို ​အောင်မြင်တဲ့ မိန်းက​​လေးအဖွဲ့​တွေကို ​မွေးထုတ်​ပေးနိုင်ခဲ့ပြီး Jang Won Young နဲ့ An Yu Jin တို့ဟာ ၂၀၁၈ ခုနှစ်က Mnet က ပြုလုပ်တဲ့ “Produce 48” survival show မှာ နံပါတ် ၁ နဲ့ နံပါတ် ၅ ​နေရာကို အသီးသီးရရှိခဲ့တာ​ကြောင့် ဒီမိန်းက​လေးအဖွဲ့အသစ်နဲ့ ပတ်သက်ပြီး ပရိသတ်​တွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်​နေပါတယ်။

Source : Soompi
Photo : off the record
Written : ZL