Instagram မှာ BTS အဖွဲ့ရဲ့ account ကို follow လုပ်လိုက်တဲ့ Selena Gomez

K-Pop ဂီတနဲ့ အ​နောက်တိုင်းဂီတရဲ့ ​ပေါင်းစပ်မှုဟာ ယ​နေ့​ခေတ်မှာ​တော့ ထူးဆန်းတဲ့အရာတစ်ခု မဟုတ်​တော့ပါဘူး။ နာမည်ကြီး K-Pop အဖွဲ့​တွေနဲ့ အ​နောက်တိုင်းအဆို​တော်​တွေရဲ့ collaboration ​​တွေဟာ လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်​လောက်က အိပ်မက်တစ်ခုလိုသာ ဖြစ်ခဲ့​ပေမဲ့ အခုအချိန်မှာ​တော့ မကြာခဏ​တွေ့မြင်ရမှာပါ။

အခုအခါမှာလည်း BTS နဲ့ Selena Gomez ကြားက interaction ​လေးတစ်ခုကို ပရိသတ်​တွေက မြင်​တွေ့ခဲ့ရပြီး ဒီကမ္ဘာ​ကျော် အနုပညာရှင်​တွေကြားမှာ collaboration တစ်ခုမြင်​တွေ့ရ​တော့မလားဆိုပြီး ​ထင်​ကြေး​ပေးခံ​နေရပါတယ်။ အဲ့ဒါက​တော့ သြဂုတ်လ ၂၃ ရက်​နေ့မှာ Selena Gomez တစ်​ယောက် Instagram ကို ​ရောက်လာပြီး Instagram account တချို့ကို follow လုပ်ခဲ့တာကို ပရိသတ်​တွေက သတိထားမိခဲ့ပါတယ်။

Selena follow လုပ်ခဲ့တဲ့သူ​တွေထဲက account တစ်ခုက​တော့ K-Pop အဖွဲ့ BTS ရဲ့ တရားဝင် Instagram account ပဲဖြစ်ပါတယ်။ ပရိသတ်​တွေဟာ ဒီကိစ္စကို မျက်ဝါးထင်ထင်မြင်​တွေ့ရပြီ​းနောက် အရမ်းကို ​ပျော်ရွှင်ခဲ့ကြပါတယ်။ ယခင်က Selena ဟာ Instagram မှာ live လွှင့်ရင်း BTS ကို နှစ်သက်​ကြောင်း မကွယ်မဝှက် ဝန်ခံဖူးပါတယ်။ ​နောက်ပြီး ဆု​ပေးပွဲတစ်ခုမှာ BTS အဖွဲ့ဝင်​တွေ ကပြ​ဖျော်​ဖြေ​နေတာကို ကြည့်ရင်း ချစ်စရာအ​ကောင်းဆုံး တုံ့ပြန်ခဲ့ဖူးပါတယ်။

တစ်ဖက်မှာ BTS အဖွဲ့ဝင်တွေကလည်း Selena Gomez ရဲ့ ပရိသတ်အကြီးစား​တွေဖြစ်​ကြောင်း ပြသခဲ့ဖူးပါတယ်။ US မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတချို့မှာ၊ အထူးသဖြင့် ဆု​ပေးပွဲရာသီ​တွေမှာ သူတို့ဟာ Selena ကို ဘယ်လောက်ထိ အား​ပေးချစ်ခင်​ကြောင်း ​ထုတ်​ဖော်​ပြောဆိုခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေဖြစ်ကြတဲ့ RM နဲ့ V ကလည်း Selena ကို မကြာခဏ ချီးကျူးခဲ့ပါတယ်။

ယခုလို Selena Gomez တစ​်ယောက် BTS ရဲ့ account ကို follow လုပ်ပြီး​နောက် မကြာခင် collaboration တစ်ခု ပြုလုပ်ဖို့ ရှိတာမဟုတ်ရင​်တောင် စိတ်ဝင်စားမှုရှိ​ကြောင်း ပြသလိုက်တာလို့ ပရိသတ်​တွေက ယူဆ​နေကြပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ Selena ဟာ BLACKPINK နဲ့ collaboration ပြုလုပ်ဖူးသလို BTS ဟာလည်း Helsey, Ed Sheeran တို့လို အ​နောက်တိုင်းအနုပညာရှင်​တွေနဲ့ collaboration ပြုလုပ်ဖူးလို့ပါပဲ။

ဒါ့အပြင် Selena နဲ့ BTS ဟာ လက်ရှိ ကမ္ဘာ​ပေါ်မှာ နာမည်အကြီးဆုံး အဆို​​တော်​တွေဖြစ်ကြသလို ယခင်က BTS နဲ့ collaboration ပြုလုပ်ဖူးတဲ့ အနုပညာရှင်​တွေကလည်း BTS အဖွဲ့ရဲ့ account ကို follow လုပ်ထားကြပါတယ်။ ဒါ​ကြောင့် အနာဂတ်မှာ collaboration ပြုလုပ်ဖို့ အချက်ပြ​နေတာလို့ ထင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်​နေ့​နေ့မှာ​​တော့ သူတို့​တွေရဲ့ collaboration ကို မြင်​တွေ့ရဖို့ ​မျှော်လင့်​နေပါတယ်။

Source : Life of Kpop
Photo : Twitter, Instagram
Written : ZL

Tags: K-Pop Update