Preorder sale တစ်ရက်တည်းနဲ့တင် million seller အဖြစ် စံချိန်သစ်တင်လိုက်တဲ့ NCT 127

SM Entertainment ရဲ့ Boy Group “NCT127” အဖွဲ့ကတော့ သူတို့ရဲ့ တတိယမြောက် album “Sticker” ဟာ 9 လပိုင်း 17 ရက်နေ့ ဆို ထွက်ရှိတော့မှာပါ။ Physical album အတွက် မနေ့က Augest လ 23 ရက်နေ့မှာ preorder စတင် ရောင်းချခဲ့ပါတယ်။

ပရိသတ်တွေက 24 နာရီအတွင်း album အချပ်ရေပေါင်း 1,329,000 ထိ ကြိုတင်ဝယ်ယူခဲ့လို့ တစ်ရက်တည်း sale နဲ့တင် NCT127 အဖွဲ့ဟာ million seller ဂုဏ်ပုဒ်ကိုပိုင်ဆိုင်သွားပါပြီ။ ဒီ စံချိန်ဟာ SM Entertainment ရဲ့ Artist တွေထဲမှာ ပထမဆုံး စံချိန်သစ်လို့ သိရပါတယ်။

NCT127 ဟာ ဒီ third album နဲ့မှ million seller ဖြစ်ဖူးတာ မဟုတ်ပါဖူး။ သူတို့ရဲ့ 2nd full album ‘NCT #127 Neo Zone’ album ထွက်တုန်းကလည်း million ချီ ရောင်းရလို့ million seller ဖြစ်ဖူးပါတယ်။ NCT အဖွဲ့ဟာ လတ်တလော ပရိသတ်တွေ စိတ်ဝင်စားချက် အရှိန်အဟုန်မြှင့်လျက်ရှိပြီး unit တွေကလည်း အများကြီးပါဘဲ။

NCT 127, NCT U , NCT dream, Way V အစရှိသဖြင့် ရှိပြီး နောက်ထပ် unit တွေလည်း ထပ်လာအုံးမယ်လို့ သိရပါတယ်။ SM တည်ထောင်သူ Lee Soo Man ရဲ့ project ဖြစ်ပြီး ကမ္ဘာ့အနှံ့က လူငယ်တွေနဲ့ NCT အဖွဲ့ကို ဖွဲ့စည်းပြီး Global ကို kpop ပို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ပရိတ်သတ်တွေ များချက်ကတော့ ကမ္ဘာအနှံ့ကနေ ပရိသတ်တွေ သူတို့ album တွေကို ဝယ်ယူနေကြပါတယ်။

Source: Allkpop
Written: Violet

Tags: K-Pop Update