Dua Lipa ရဲ့ ၂၆ နှစ်ပြည့်​မွေး​နေ့အတွက် Jennie ရဲ့အချိုမြိန်ဆုံး ဆု​တောင်းစကား​

BLACKPINK အဖွဲ့ဝင်​တွေဟာ အ​နောက်တိုင်းအနုပညာရှင် ​တော်​တော်များများနဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေးရှိတယ်ဆိုတာကို အားလုံးသိကြပြီးဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီထဲမှာမှ Jennie နဲ့ Dua Lipa တို့ရဲ့ friendship ဟာလည်း အ​တော်​လေး strong ဖြစ်တယ်လို့ ဆိုရမှာပါ။  သြဂုတ်လ ၂၃ ရက်​နေ့တုန်းကလည်း Jennie ဟာ သြဂုတ်လ ၂၂ ရက်​နေ့မှာ အသက် ၂၆ နှစ်ပြည့်သွားတဲ့ Dua Lipa ရဲ့ ​မွေး​နေ့အတွက် ဆု​တောင်းစကားဆိုခဲ့ပါတယ်။

Jennie ဟာ Dua Lipa နဲ့ အတူရိုက်ထားတဲ့ selfie ပုံကို Instagram Story မှာတင်ပြီး Dua Lipa ရဲ့ account ကို tag လုပ်ကာ “Happy Birthday ပါ ငါ့ရဲ့ လှပတဲ့ နတ်သမီး​လေး​​ရေ .. ငါနင့်ကို သတိရ​နေပါတယ်” ဆိုပြီး အချိုမြိန်ဆုံး ​မွေး​နေ့ဆု​တောင်းကို ​ရေးသားထားခဲ့တာပါ။

Jennie တင်ခဲ့တဲ့ ဓါတ်ပုံက​တော့ မကြာ​သေးခင်ကမှ LA မှာ သူတို့ ၂ ​ယောက် ​တွေ့ဆုံပြီး ​လျှောက်လည်တုန်းက ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင်​Jennie နဲ့ Rosé တို့ဟာ ပြီးခဲ့တဲ့ ​နွေရာသီတုန်းက LA ကို အလုပ်ကိစ္စနဲ့သွား​ရောက်ရင်း ဆယ်လီသူငယ်ချင်း​တွေနဲ့ ​လျှောက်လည်ခဲ့ကြတာပါ။

ဇူလိုင်လ ၇ ရက်​နေ့တုန်းက Dua Lipa က သူမရဲ့ Instagram နဲ့ Twitter account ​တွေမှာ “peek into the week” ဆိုတဲ့ caption နဲ့အတူ Jennie နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို မျှ​ဝေခဲ့ပါ​သေးတယ်။ Jennie နဲ့ Dua Lipa တို့ဟာ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Dua Lipa ရဲ့ concert မှာ စတင်​တွေ့ဆုံခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ “Kiss and Make Up” သီချင်းအတွက် collaboration ပြုလုပ်ခဲ့ပါတယ်။

ထိုသီချင်းဟာ ထွက်ထွက်ချင်းမှာပဲ Billboard Hot 100 chart မှာ ​နေရာယူခဲ့ပါတယ်။ Access Hollywood နဲ့ အင်တာဗျူးတစ်ခုမှာ Dua က ဒီ collaboration အတွက် BLACKPINK ကို သူမက စတင်ကမ်းလှမ်းခဲ့တာဖြစ်​ကြောင်း ​ပြောပြခဲ့ဖူးပါတယ်။

ဒီသီချင်းကို အသံသွင်းစဉ်တည်းက အရမ်းကို စိတ်လှုပ်ရှားခဲ့​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။ တစ်ဖက်မှာ Jennie ကလည်း Dua Lipa ရဲ့ “New Rules” သီချင်းဟာ သူမကို စိတ်ကူးစိတ်သန်းအ​ပေးဆုံး သီချင်းဖြစ်​ကြောင်း ​ပြောပြခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်က Dua Lipa ရဲ့ နာမည်ကြီးသီချင်း “Don’t Start Now” ထွက်ရှိစဉ်ကလည်း Jennie က “My love killing it” ဆိုတဲ့ caption နဲ့အတူ Instagram Story မှာ မျှ​ဝေပြီး အား​ပေးခဲ့ဖူးပါတယ်။ Dua Lipa က ထို post ကို ပြနလည်မျှ​ဝေပြီး “ငါ့ရဲ့ ညီမ​​လေး Jennie ​ကျေးဇူးပါ” ဆိုပြီး ပြန်လည်​ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်တုန်းကလည်း Dua Lipa ဟာ even Newark, New Jersey မှာ ပြုလုပ်တဲ့ BLACKPINK’s In Your Area concert မှာ “Kiss and Make Up” သီချင်းကို အတူပါဝင်​ဖျော်​ဖြေခဲ့ပြီး ပရိသတ်​တွေကို အံ့အားသင့်​စေခဲ့ပါတယ်။ ဒီလိုမျိုး ပါဝင်​ဖျော်​ဖြေဖို့အတွက်လည်း Dua Lipa က အရင်ဆုံးစပြီး message ပို့ကာ ​​တောင်းဆိုခဲ့တာဖြစ်ပါတယ်။ Jennie နဲ့ Dua Lipa တို့ရဲ့ friendship ​လေးက​တော့ တကယ်ကို အားကျကြည်နူးစရာ​ပါပဲ။

Source : Koreaboo
Photo : Twitter, Instagram
Written : ZL

Tags: K-Pop Update