Mark Prin နဲ့ တွဲဖက်သရုပ်ဆောင်သွားမယ့်အကြောင်း အတည်ပြုပေးခဲ့တဲ့ Bow Maylada

August 25 ရက်နေ့က ပြုလုပ်ခဲ့တဲ့ “Krob Krua Banterng Online” ရှိုးမှာ မင်းသမီး Bow Maylada က သူမရဲ့အနုပညာအလုပ်တွေကိုပြောပြခဲ့ပါတယ်။ Bow ကတော့ သူမရဲ့ချစ်သူ Mik Thongraya နဲ့ လောလောလတ်လတ်ကမှ လမ်းခွဲပြတ်စဲထားတာဖြစ်ပြီး လက်ရှိမှာတော့ တကိုယ်တော်အနေနဲ့ ရှေ့ဆက်လျှောက်လှမ်းနေပါတယ်။ Thai TV3 ရဲ့ နာမည်ရမင်းသမီးတစ်လက်ဖြစ်လို့ အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းတွေလည်း ရှိနေပါတယ်။

Nadech Kugimiya နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကလည်း ပရိသတ်တွေ တော်တော်လေးကြိုက်ခဲ့တာဖြစ်ပြီး Bow ရဲ့ အောင်မြင်မှုက ပိုမိုကြီးထွားလာခဲ့ပါတယ်။ Bow ကတော့ ဇာတ်လမ်းသစ် (၂) ခုကို ရိုက်ကူးသွားဖို့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။  ပထမဆုံးဇာတ်လမ်းတစ်ခုကတော့ “Roy Leh Marnya” ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ Nook Jariya နဲ့ လက်တွဲရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းသစ်အတွက် အဓိကဇာတ်လိုက်မင်းသားကတော့ Thai TV3 ရဲ့ ထိပ်တန်းမင်းသားချော Mark Prin ဖြစ်ကြောင်းကိုပါ ဖော်ပြသွားခဲ့ပါတယ်။ Mark ကိုယ်တိုင်ကလည်း တစ်ခါမှတွဲဖက်သရုပ်‌ဆောင်ဖူးခြင်းမရှိသေးတဲ့မင်းသမီးနဲ့ ဇာတ်လမ်းသစ်တစ်ခုရှိကြောင့် အရင်ကတည်းက အရိပ်အမြွက်တွေပြောပြခဲ့တာပါ။

အခုဆိုရင်တော့ Mark နဲ့ Bow တို့ရဲ့ ဇာတ်လမ်းသစ်ကို စောင့်ကြည့်ဖို့သာ လိုပါတော့တယ်။ ဇာတ်လမ်းခေါင်းစဉ်နဲ့ ဇာတ်ညွှန်းလေးကိုတော့ ဖော်ပြပြောဆိုခြင်းမရှိပေမဲ့ အရည်အချင်းရှိတဲ့ဇာတ်လမ်းစုံတွဲဖြစ်တာကြောင့် တကယ်ကို ရင်ခုန်စရာပါပဲ။

ဒုတိယဇာတ်လမ်းသစ်နဲ့ပတ်သက်လို့ Bow က ‌ဘာတစ်ခုကိုမှ ဖော်ပြပြောဆိုခြင်းမရှိဘဲ ပရိသတ်တွေကို လျှို့ဝှက်ထားပါသေးတယ်။ Single အဖြစ် ပရိသတ်တွေရှေ့ကို စိတ်သစ်လူသစ်နဲ့ ရောက်ရှိလာတော့မယ့် မင်းသမီးလေး Bow Maylada ကို အားပေးကြရပါဦးမယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update