Kai ရဲ့ “Mmmh” MV မှာပါဖူးတဲ့ Dancer မလေး “Street Woman Fighter” ပြိုင်ပွဲမှာလည်းနာမည်ကြီးနေ

Mnet ကနေ ခုကျင်းပနေတဲ့ “Street Woman Fighter” dancing survival show မှာ အကလောကရဲ့ ဒိတ်ဒိတ်ကြဲတွေ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။ Dance Crew ၈ ဖွဲ့တောင်ပါပြီး တောင်ကိုရီးယား ကိုယ်စားပြု အကအတော်ဆုံးနေရာ ကို ရအောင် ယှဉ်ပြိုင်ကြမှာပါ။ အစီအစဉ်ရဲ့ main host ကတော့ Kang Daniel ဖြစ်ပါတယ်။

အကပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း တဖွဲ့ပြီး တဖွဲ့ ကိုယ်အရည်အချင်းကို ပြသရင်း စင်ပေါ်မှာ မိတ်ဆက်ကြရတာပါ။ ထိုထဲကမှ ပြိုင်ပွဲဝင်တစ်ယောက်ကတော့ ဘာမှတောင် မကပြရသေးခင် သူမရဲ့ visual ကြောင့် အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Battle Ground ထဲကို စ ဝင်လာထဲက တခြားပြိုင်ပွဲဝင်တွေအားလုံး သူမရဲ့ အလှမှာ မျောသွားပြီး မိန်းကလေးအချင်းချင်းတောင် ကြွေနေကြတာပါ။

သူမကတော့ Way B အဖွဲ့ရဲ့ No:ze ဖြစ်ပြီး သူမဟာ EXO အဖွဲ့ဝင် Kai ရဲ့ solo MV “Mmmh” မှာထဲက နာမည်ကြီးခဲ့တာပါ။Back up Dancer ဆိုပေမဲ့ Idol တစ်ယောက်လို visual ရှိတဲ့အပြင် အရမ်းဆွဲဆောင်မှုရှိလွန်းလို့ ထိုကတည်းက လူတွေက သတိထားမိကြတာပါ။ ထို MV ကြောင့်ဘဲ သူမရဲ့ Instagram follower ဟာ တိုးလာခဲ့ပြီး ခုဆို follower 700,000 ရှိပါပြီ။

ခု ထုတ်လွှင့်ပြသနေတဲ့ “Street Woman Fighter” episode 1 ဟာလည်း သူမရဲ့ screentime နဲ့ တင် K netizen တွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ Online မှာ hot topic ဖြစ်လာခဲ့ရုံမက ခုလိုတွေ မှတ်ချက်ပေးနေကြပါတယ်။ “တကယ်ပြောတာ.. သူမက အရမ်းအရမ်းလှတယ်.. သူမ make up ပြင်တဲ့ video ကြည့်သင့်တယ်” “ဒါ ငါရဲ့ သူမကို ပထမဆုံးမြင်ဖူးတဲ့အကြိမ်ဘဲ.. အရမ်းလှတယ်.. MAMAMOO အဖွဲ့ဝင် Wheein လိုမျိုး လှတာ”
“ဒီကောင်မလေးက တော်တော်လှတာ.. သူ..ဘာလို့ idol မဖြစ်လာလည်း မသိဖူး.. ငါ သူ့ရဲ့ female fan လုပ်မယ်” “she’s actually really pretty.

Street Woman Fighter အစီအစဉ်ဟာ အပတ်စဉ်အင်္ဂါနေ့တိုင်း Mnet ကနေ လွှင့်နေပါတယ်။ Psy လိုမျိုး Special Guest လည်းပါပြီး ပြိုင်ပွဲဝင်တွေထဲမှာ I*zone အဖွဲ့ဝင်ဟောင်း Chaeyong လည်း ပါ ပါတယ်။ Survival show တွေကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ အစီအစဉ်လေးပါနော်။

Source: Koreaboo
Written: Violet

Tags: K-Pop Story