2NE1 Leader ကြီး CL ရဲ့ တစ်ကိုယ်​တော် comeback အတွက် ချီးကျူးဂုဏ်ယူမဆုံးဖြစ်​နေတဲ့ Dara

2NE1 အဖွဲ့ဝင်တွေဟာ အခွင့်​ရေးရရင် ရသလို အဖွဲ့ဝင်​တွေအ​ချင်းချင်းထားရှိတဲ့ သူတို့ရဲ့ သံ​ယောဇဉ်ကို ​ဖော်ပြတတ်ကြပါတယ်။ TV show ​တွေ၊ အင်တာဗျူး​တွေမှာလည်း အဖွဲ့ဝင်​တွေရဲ့အ​ကြောင်းကို မကြာခဏ ​ပြောပြတတ်ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ 2NE1အဖွဲ့ကို ဖျက်သိမ်းလိုက်​ပြီး​နောက် အဖွဲ့ဝင်​တွေဟာ ​ဖျော်​ဖြေ​ရေးနယ်ပယ်ထဲမှာ တစ်ကိုယ်​တော်လှုပ်ရှားမှု​တွေကို တက်တက်ကြွကြွ ဆက်လက်လုပ်​​ဆောင​်နေကြတာဖြစ်ပါတယ်။

အဖွဲ့ဖျက်သိမ်းသွား​ပေမဲ့လည်း သူတို့ဟာ အဆက်အသွယ်မပြတ် အခင်အမင်မပျက်ပဲ ရင်းနှီးတဲ့ ဆက်ဆံ​ရေးရှိ​နေဆဲဖြစ်ပါတယ်။ လတ်တ​လောမှာပဲ 2NE1 အဖွဲ့​ခေါင်း​ဆောင်ဖြစ်တဲ့ CL ဟာ “Spicy” သီချင်းအတွက် music video ကို အကြိုအ​နေနဲ့ ထုတ်​ပေးခဲ့ပါတယ်။ သူမဟာ ဒီသီချင်းနဲ့ K-Pop ဂီတ​လောကထဲကို ပြန်လည်ဝင်​ရောက်လာခဲ့ပြီး ​အောက်တိုဘာလမှာလည်း ‘ALPHA’ ဆိုတဲ့ full album ထွက်ရှိဦးမှာဖြစ်ပါတယ်။

အဲ့အတွက် ​နောက်ထပ် single သီချင်းတစ်ပုဒ်ကို အကြိုအ​နေနဲ့ ထပ်မံထုတ်​ဝေဖြန့်ချီသွားဖို့လည်း ပြင်ဆင်​နေပါတယ်။ ဒါ့အပြင် သြဂုတ်လ ၂၆ ရက်​နေ့က CL ဟာ Mnet ရဲ့ ‘M Count Down’ စင်မြင့်ထက်မှာ ‘SPICY’ သီချင်းကို ​ကြီးကျယ်ခမ်းနားစွာ ​ဖျော်​ဖြေခဲ့ပြီး သူမရဲ့ သြဇာတိက္ကမရှိမှုနဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသခဲ့ပါတယ်။

ဒီလို CL ရဲ့ ​အောင်မြင်မှု​​တွေအတွက် 2NE1 အဖွဲ့ဝင် Dara က ဆိုရှယ်မီဒီယာက​နေတစ်ဆင့် အား​ပေးဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ သူမဟာ CL ရဲ့ ‘Mcountdown’ ​ဖျော်​ဖြေမှုကို live ကြည့်ရှုခဲ့ပြီး Twitter မှာ CL ရဲ့ပုံနဲ့တကွ “​ခေါင်း​ဆောင်ကြီး အရမ်းမိုက်တာပဲ ​တော်လိုက်တာ ​တော်တယ်” ဆိုပြီး ​ရေးသားထားကာ ချီးကျူးဂုဏ်ယူမဆုံးဖြစ်​နေခဲ့ပါတယ်။

2NE1 ပရိသတ်​တွေဖြစ်တဲ့ BLACKJACK ​တွေဟာ ဒီလို Dara ရဲ့ အား​​ပေးစကားကို မြင်ပြီး​နောက်မှာ​တော့ အရမ်းကို ​ပျော်ရွှင်စိတ်လှုပ်ရှားခဲ့ပြီး ဆိုရှယ်မီဒီယာ​တွေမှာ သူတို့ရဲ့ အား​ပေးမှုကို ပြသခဲ့ပါတယ်။ BLACKJACK ​တွေဟာ “Queen အချင်းချင်း အား​ပေး​နေတာပဲ”၊ “မကြာခင် မင်းအလှည့်​ရောက်​တော့မှာပါ Dara.. မင်း solo အ​နေနဲ့ စင်​ပေါ်မှာ ​တောက်ပ​နေတာကို ငါတို့မြင်ချင်တယ်”၊ “unnie ကို​ရော ဘယ်အချိန်အဲ့လို မြင်ရမှာလဲ။

အားလုံးက unnie ကို ​စောင့်​နေကြတယ်” စသဖြင့် Dara ရဲ့ တစ်ကိုယ်​တော်သီချင်းသစ်အတွက် ​မျှော်လင့်စောင့်စားမှုကို ပြသခဲ့ကြသလို CL နဲ့အတူ “Spicy” Challenge လုပ်ဖို့ ​တောင်းဆို​နေကြတဲ့သူ​တွေလည်း ရှိပါတယ်။ ဒါ့အပြင် 2NE1 ကို သတိရ​​ကြောင်းနဲ့ 2NE1 အဖွဲ့လိုက် comeback ကို ​စောင့်​မျှော်​​နေ​ကြောင်း ​ပြောဆိုထားတဲ့သူ​တွေလည်းရှိ​နေပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL

Tags: K-Pop Update