ပွဲဦးမထွက်ခင် အဖွဲ့ကနေထွက်ခွာခဲ့တဲ့ J-Hope ကို တားမြစ်ခဲ့တဲ့ BTS အဖွဲ့ဝင်တွေရဲ့ ရင်နင့်ဖွယ်အကြောင်းလေး

ကမ္ဘာ့အကျော်ကြားဆုံး Kpop အဖွဲ့ BTS ကို ၇ အဖွဲ့ဝင် (၇) ယောက်မဟုတ်ဘဲနဲ့ တွေးကြည့်‌လို့တောင်မရပါဘူး။ ပွဲဦးထွက်ချိန်ကစပြီး အရာရာကို မျှဝေခံစားရင်း အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြတဲ့ ညီအစ်ကို (၇) ယောက်ဟာ တချိန်က (၆)ယောက်တည်းနဲ့ ပွဲဦးထွက်ရမလို ဖြစ်ခဲ့ဖူးပါတယ်။ Burn the Stage ရဲ့အပိုင်းတစ်ခုမှာဆိုရင် J-Hope က ပွဲဦးမထွက်ခင် အဖွဲ့ကနေထွက်သွားခဲ့ဖူးကြောင်းကို ပြောပြခဲ့ဖူးပါတယ်။

J-Hope တစ်ယောက် အဖွဲ့ကနေ ထွက်သွားတော့မယ်လို့ပြောတော့ Jungkook နဲ့ Jimin က သူတို့ကိုထားမသွားဖို့၊ သူတို့နဲ့ပဲ အတူနေပေးဖို့ ငိုယိုပြီးပြောခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း စိတ်ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့တဲ့ J-Hope ကတော့ အဖွဲ့ကနေ ထွက်သွားခဲ့ရှာပါတယ်။

အဖွဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ RM က Big Hit Entertainment ရဲ့ စီမံခန့်ခွဲ့သူတွေဆီကို ချက်ချင်းသွားတွေ့ပြီး “ကျွန်တော်တို့ Jung Hoseok ကို တကယ်လိုအပ်ပါတယ်။ သူမပါရင် ကျွန်တော်တို့ ‌ရှေ့ဆက်နိုင်မှာမဟုတ်ဘူး။ BTS အဖွဲ့ရှေ့ဆက်ဖို့အတွက် J-Hope မရှိလို့မဖြစ်ဘူး။

သူက သိပ်ကိုအရေးပါတဲ့အဖွဲ့ဝင်ပါ” လို့ပြောရင်း အတူတူ Debut လုပ်နိုင်ဖို့ကို အပြင်းအထန်တောင်းဆိုခဲ့ရတယ်လို့ဆိုပါသေးတယ်။ ကံကောင်းစွာနဲ့ Big Hit Entertainment ကလည်း ဆန္ဒဖြည့်ဆည်းပေးခဲ့ပြီး အဖွဲ့သားတွေအကုန်လုံးကလည်း J-Hope ကို ပြန်လာအောင် ဖျောင်းဖြနိုင်ခဲ့ပါတော့တယ်။

J-Hope ကဆိုရင် အဖွဲ့ကိုပြန်လာရတဲ့အကြောင်းကတော့ ကျန်တဲ့အဖွဲ့သား (၆) ယောက်စလုံးကို အပြည့်အဝယုံကြည်တာကြောင့် ဘာဖြစ်ဖြစ် BTS နဲ့ရှေ့ဆက်ဖို့ပဲဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ “Ah အဲ့တုန်းကလေ.. ငါပြန်လာခဲ့တာ မင်းတို့ (၆) ယောက်ကြောင့်ပဲ။ မင်းတို့ကို ယုံလို့ ပြန်လာခဲ့တာ..တကယ်ပြောတာ.. မင်းတို့နဲ့သာ အတူတူရှိနေရင် အကုန်လုံးလုပ်နိုင်မယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်” လို့ J-Hope ကလည်း ရင်ဖွင့်ခဲ့ပါတော့တယ်။

RM ကဆိုရင် “J-Hope သာ မပါတော့ရင် ငါတို့အဖွဲ့ ဘယ်လိုတွေဖြစ်နေမလဲဆိုတာကို တွေးတောင်တွေးမကြည့်ရဲဘူး” လို့ပြောခဲ့တဲ့အပြင် ကျန်အဖွဲ့သားတွေကလည်း “သူသာမပါလို့ကတော့ အဆိုးဆုံးဖြစ်နေလောက်တယ်” ဆိုပြီး‌ထောက်ခံခဲ့ကြပါတော့တယ်။ BTS အဖွဲ့ဝင် (၇) ယောက်စလုံးက တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန်မှီခိုအားထားရင်း ရှေ့ဆက်နေကြတာဖြစ်လို့ နောင်နှစ်အများကြီးကြာတဲ့အထိ တဖွဲ့လုံးကို အမြဲတမ်း အတူတူသာ မြင်တွေ့ချင်ရနေချင်ပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Tags: K-Pop Story