‘Content Asia Awards 2021’ အတွက် ဆုရရှိသွားတဲ့ ထိုင်းအနုပညာရှင်များ

၂၀၂၁ အတွက် ‘Content Asia Awards 2021’ မှာ ဆုရရှိသွားသူ ထိုင်းအနုပညာရှင်များထွက်ပေါ်လာခဲ့ပါပြီ။ စကာတင်စာရင်းထွက်ကတည်းက အားလုံးကစိတ်ဝင်တစားနဲ့ ဂုဏ်ပြုပေးဖို့ စောင့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

Best LGBTQ+ Programme Made in Asia

ဗိုလ်ကြီးနဲ့ဆရာလေးစုံတွဲလို့ ချစ်စနိုးခေါ်ကြတဲ့ Earth Pirapat နဲ့ Mix Sahaphap တို့ကတော့ နာမည်ကြီးတဲ့ “A Tale of Thousand Stars” BL ဇာတ်လမ်းနဲ့ ‘Best LGBTQ+ Programme Made in Asia’ ဆုကို ရရှိခဲ့ပြီဖြစ်ပါတယ်။

Best Female Lead in a TV Programme

ဒီဆုစာရင်းမှာ စကာတင်ဝင်ခဲ့တာက Kimmy Kimberley နဲ့ Mookda Narinrak တို့ဖြစ်ပေမဲ့ ဆုရရှိသွားသူကတော့ မင်းသမီးချော Kimmy Kimberly ပဲဖြစ်ပါတယ်။ “Song Sanaeha” ထဲမှာ တသက်မမေ့နိုင်စေမယ့် အမြွှာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တာကြောင့် ဒီကားနဲ့ပဲ ‘Best Female Lead in a TV Programme’ ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတော့တယ်။

Best Asian Drama Made for a Local Asian Market

“To Me, It’s Simply You” ဇာတ်လမ်းလေးကတော့ Nadech Kugimiya နဲ့ Bow Maylada တို့ရဲ့ ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါ။ ဒီကားဟာဆိုရင် ဆုပေးပွဲကြီးမှာ ‘Best Asian Drama Made for a Local Asian Market’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုရရှိခဲ့ပြီပဲဖြစ်ပါတယ်။

Best Made in Asia Original Song for a TV Series

ဇာတ်လမ်းတွဲရဲ့အသက်ဖြစ်တဲ့ OST တွေထဲမှာဆိုရင် “Please Come Back to Me” ဆိုတဲ့သီချင်းလေးက ဆုရရှိခဲ့ပါတယ်။ Mark နဲ့ Kao တို့ရဲ့အချစ်ဇာတ်‌လမ်းလေး “My Forever Sunshine” ထဲက သီချင်းကောင်းလေးဖြစ်ပြီး ‘Best Made in Asia Original Song for a TV Series / Programme or Movie” ဆိုတဲ့ဆုကို လက်ခံရရှိတော့မှာဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update