အလုပ်အတူတူတွဲလုပ်ဖူးသူတစ်ဦး ပြောပြခဲ့တဲ့ လက်တွေ့ဘဝက Xiao Zhan ရဲ့ ပုံစံအစစ်အမှန်လေး

တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသား Xiao Zhan ကို ဖန်သားပြင်ထက်ကနေ အားပေးနေကြတဲ့ပရိသတ်ကြီးတွေကတော့ အပြင်မှာလည်း တစ်ခါလောက်တော့တွေ့ဖူးချင်မိကြမယ်ထင်ပါတယ်။ ဗီဒိယိုတွေ၊ မီဒီယာတွေမှာဆိုရင် နွေးထွေးနူးညံ့ပြီး သိပ်ကိုလူကြီးလူကောင်းဆန်တဲ့ Xiao Zhan ဟာ လက်တွေ့မှာကော ဂရုစိုက်ပြီး ကြင်နာတတ်သလားဆိုတာကိုလည်း သိချင်ကြပါလိမ့်မယ်။

ဒီအကြောင်းကိုတော့ Xiao Zhan နဲ့ အတူတူတွဲပြီး အလုပ်လုပ်ဖူးသူက အားလုံး အားကျသွားအောင် ပြောပြလာခဲ့ပါတယ်။ Webio မှာ ရေးသားတင်ထားတဲ့ အဆိုပါ ချီးမွမ်းစာလေးကတော့ Xiao Zhan ရဲ့ အသည်းစွဲပရိသတ်တွေကို ပိုလို့တောင် ကြွေကျကုန်ကြမှာပါ။

OCAK ရိုက်ကူးရေးလုပ်တုန်းက Xiao Zhan နဲ့တွဲဖက်အလုပ်လုပ်ခဲ့သူရဲ့ ချီးမွမ်းခန်းဖွင့်ထားပုံလေးကတော့ အခုလိုပါပဲ။ “ရိုက်ကူးရေးက ညနေ ၅ နာရီမှဆိုတော့ Xiao Zhan က သူ့ကားထဲမှာ ခဏလေးအနားယူနေခဲ့ပါတယ်။ သူရောက်လာတာနဲ့ သူ့ကို့ကွက်ကွက်ကွင်းကွင်းကြီး တန်းမြင်ရတာ.. အရပ်ကြီးကအရှည်ကြီးနဲ့ ပိန်ပိန်ပါးပါးလေး။

ငါ့ရဲ့မျက်နှာက‌ သေးပေမဲ့ Xiao Zhan နဲ့ယှဉ်ကြည့်လိုက်တော့ သူ့မျက်နှာက ပိုသေးပြီး နူးညံ့ချောမွတ်နေတာပဲ။ ငါ့ယောက်ျားကို တွေ့တုန်းကတောင် ဒီလောက်ရင်မခုန်ဖူးဘူး။ ရိုက်ကူးရေးလုပ်နေစဉ်တလျှောက်လုံး ရေတစ်ငုံမှမသောက်ဘဲ တောက်လျှောက်ရိုက်ကူးတာပါ။ တအားကို မြတ်နိုးစရာလေး။ ရိုက်ကူးရေး ခဏနားရင် ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတော့တာပဲ။

ဖန်သားပြင်ထက်မှာတော့ ပြုံးရွှင်တောက်ပနေပြီး အနားယူတဲ့အချိန်မှာတော့ ပင်ပန်းနေတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပင်ပန်းနေပါစေ.. မနားရလို့ဆိုပြီးလည်း စောဒကမတက်ဘူး။ ရေသောက်ချင်တယ်,လို့လည်း မပြောသလို စိတ်မကြည်မလင်ဖြစ်နေတာမျိုးလည်းမရှိဘူး။ ဒီတိုင်း ငြိမ်ငြိမ်လေးထိုင်ပြီး Stylist လာပြင်တာကို စောင့်နေတော့တာပဲ။

Xiao Zhan က တကယ်ကို ညင်သာသိမ်မွေ့ပြီး သူ့ရဲ့ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ်ပဲနေတတ်ပါတယ်။ တကယ့်ကို အကျင့်စရိုက်ကောင်းတဲ့ ကလေးတစ်ယောက်ပဲ။ တကယ်ကို တော်ပါတယ်” လို့ ရေးသားကာ ချီးမွမ်းခန်းဖွင့်ခဲ့ပါတော့တယ်။ Xiao Zhan က ဘယ်နေရာမဆို အကျင့်စရိုက်ကောင်းပြီး လူကြီးလူကောင်းဆန်တာကြောင့် အနုပညာရှင်တွေကြားမှာကော ပရိသတ်တွေ၊ မီဒီယာတွေကြားမှာပါ သတင်းမွှေးလှပါတယ်။

အခုလို တကယ့်လက်တွေ့မှာ တွဲဖက်အလုပ်လုပ်ဖူးတဲ့သူရဲ့ ချီးမွမ်းရေးသားဖော်ပြချက်ကဆိုရင် Xiao Zhan ကို ပိုလို့တောင် အချစ်ပိုစေမိတော့မှာပါ။ စိတ်သဘောထားဖြောင့်မတ်ပြီး အရာရာကိုသည်းခံကြိုးစားတတ်တဲ့ Xiao Zhan ကို အပြင်မှာလည်း ‌ဆုံတွေ့ချင်မိပါတော့တယ်။

Source: Weibo
Photos: Weibo
Translated by Julix