[Breaking News] Lee Min Ho နဲ့ Yeonwoo တို့ရဲ့ Dating သတင်းအပေါ် အေဂျင်စီရဲ့ ထုတ်ပြန်ကြေညာချက်

ကိုရီးယားအနုပညာရှင်တွေကို မအားလပ်အောင်စောင့်ကြည့်နေတဲ့ စပ်စုစိန် Dispatch ကတော့ မင်းသား Lee Min Ho နဲ့ MOMOLAND အဖွဲ့ဝင် Yeonwoo တို့ တွဲနေပြီဆိုပြီး August 30 ရက်နေ့ကပဲ သတင်းတွေထုတ်နေခဲ့ပါတယ်။

Dispatch ရဲ့ဖော်ပြချက်အရ အနုပညာရှင် ၂ ယောက်ဟာ တွဲနေတာ (၅) လလောက်ရှိနေပြီဖြစ်ပြီး ဂိမ်းဆော့တာအပြင် ဇာတ်ကားတွေကြည့်ရတာကိုလည်း နှစ်သက်တာကြောင့် ဝါသနာတူတွေလည်း ဖြစ်နေတဲ့အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Lee Min Ho က ရုပ်ရှင်သွားကြည့်ဖို့အတွက် Yeonwoo ကိုတောင် လာခေါ်သေးတဲ့အကြောင်းပါ ထည့်ရေးထားပြန်ပါသေးတယ်။

ဒီသတင်းထွက်လာပြီးနောက်မှာတော့ Lee Min Ho ရဲ့ အေဂျင်စီ MYM Entertainment က “နှစ်ယောက်သားတွဲနေပြီဆိုတဲ့သတင်းကြီးက အမှားကြီးပါ။ သူတို့နှစ်ယောက်က အချင်းချင်းသိကြတဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေအဆင့်ပဲရှိပါတယ်” ဆိုပြီး ချက်ချင်းဆိုသလို ထုတ်ပြန်ဖြေရှင်းခဲ့ပါတယ်။

Dispatch က ဖော်ပြခဲ့တဲ့ပုံတွေကိုတော့ အေဂျင်စီက “အဲ့တုန်းက သူတို့နှ‌စ်ယောက်တည်းရှိတာမှမဟုတ်တာ။ တခြားသော မိတ်ဆွေတွေလည်းရှိနေခဲ့ပါတယ်။ ပြီးတော့ ဒီပုံတွေက date လုပ်နေတယ်လို့ ပြောရလောက်တဲ့ ဓာတ်ပုံတွေလည်း မဟုတ်ပါဘူး” လို့ ထပ်မံဖြေကြားခဲ့ပါတယ်။

Dispatch ကတော့ အနုပညာရှင် အတွဲတွေကို ဖော်ထုတ်တဲ့နေရာမှာ တကယ့်ဆရာကြီးတွေဖြစ်ပေမဲ့ တခါတရံ မသေချာတဲ့ဓာတ်ပုံတွေနဲ့အတူ တွဲနေပြီဆိုပြီး ‌ယုန်ထင်ကြောင်ထင်ဖြစ်အောင်လည်း လုပ်တတ်ပြန်ပါသေးတယ်။ မင်းသား Lee Min Ho ဖက်က အရှင်းလင်းဆုံး ထုတ်ပြန်ပြီးပြီမို့လို့ ဒီ Dating သတင်းက လုံးဝမဟုတ်ကြောင်း သေချာနေပါပြီနော်။

Source: Soompi
Photos: Dispatch
Translated by Julix