ဘယ်လိုဆံပင်ပုံစံနဲ့မဆိုလိုက်ဖက်တဲ့ မျက်နှာသွယ်သွယ်လေးတွေ ပိုင်ဆိုင်ထားတဲ့ K idol (10) ယောက်

Hairstylist တဦးဖြစ်တဲ့ Park Naeju ဟာ မည်သည့် ဆံပင်ကေနဲ့ မဆို လိုက်ဖက်တဲ့ အကောင်းဆုံး မျက်နှာပေါက်ကို ခုလိုပြောပြခဲ့ပါတယ်။ “ဘဲဥပုံ မျက်နှာပေါက်ဟာ အကောင်းဆုံး ideal face ပါဘဲ။ ဦးခေါင်း size က ကြီးကြီး သေးသေး ဘယ်လို hair style နဲ့ မဆို ကြည့်ကောင်းနေမှာပါ။ Egg-shaped မျက်နှာပေါက်နဲ့ လူတော်တော်များများက handsome ဖြစ်တယ်လေ။ ပြီးတော့ ဆွဲဆောင်မှုလည်း ရှိကြတယ်”

Egg-shaped မျက်နှာပေါက်ဆိုတာ မေးရိုးထက် နဖူးဟာ ကျယ်ပြီး မျက်နှာအပေါ်ပိုင်းကနေ မျက်နှာအောက်ပိုင်းထိ သွယ်သွားတဲ့ မျက်နှာကျ ကို ဆိုလိုတာပါ။ မျက်နှာက မဝိုင်း မကျယ်ဘဲ အနည်းငယ်ခပ်ရှည်ရှည် မျက်နှာပေါက်ပါ။ k-idol တွေထဲမှာ ဘယ်လို hair style နဲ့ မဆိုလိုက်ဖက်တဲ့ မျက်နှာသွယ်သွယ်လေးရှိတဲ့ idol တွေကို အဆိုပါ hair stylist က ရွေးချယ်ပေးခဲ့ပါတယ်။

  1. aespa’s Karina

Karina ကတော့ debut မလုပ်ခင်ထဲက သူမရဲ့ visual နဲ့ အားလုံးကို shock ရအောင် လုပ်နိုင်ခဲ့တဲ့သူပါ။ ဆံပင်အရှည်ကို ဖြောင့်ဖြောင့် ကောက်ကောက် သူမနဲ့ လိုက်ဖက်ချက်ပါဘဲ။

  1. TXT’s Soobin

Soobin ရဲ့ မျက်နှာကျကတော့ ဘဲဥပုံမျက်နှာပေါက်နဲ့ ကွက်တိကျပါတယ်။ ပြီးတော့ ဒီ မျက်နှာပေါက်ဟာ သဘာဝအတိုင်း မွေးရာပါ ဖြစ်ပါတယ်လို့ soobin က ပြောပြဖူးပါတယ်။

  1. ITZY’s Lia

Lia ကလည်း လူတိုင်းလိုချင်တဲ့ ပြီးပြည့်စုံတဲ့ မျက်နှာပေါက်လေး ပိုင်ဆိုင်ထားသူပါ။ ဆံပင်ကျောလယ်လောက်လေးကို အကောက်ပုံစံလေးလုပ်ထားတာဟာ သူမနဲ့ fit ဖြစ်ချက်ပါဘဲ။

  1. EXO’s Baekhyun

Baekhyun ကို စံနမူနာထားစရာ အရာတွေ အများကြီးပါဘဲ။ သူ့ရဲ့ face shaped ဟာ လည်း အားလုံးရဲ့ ideal type ပါ။ ဆံပင်ကို အကြေဖွလေး လုပ်ထားတဲ့ ပုံစံဆိုလည်း သူနဲ့ လိုက်ဖက်နေခဲ့ဖူးပါတယ်။

  1. NCT’s Taeyong

Taeyeong ကတော့ unbelievable visual ကြောင့် နာမည်ကြီးတဲ့သူပါ။ Anime ထဲက character လို မျက်နှာပေါက်ရှိတဲ့သူက ဘယ် hair style မဆို လိုက်ဖက်ချက်ပါဘဲ။ အရှေ့ဆံပင်ကို bang ထားပြီး နောက်ဆံပင်အရှည်ကို mullet style ညှပ်ထားတာဟာ တော်ရုံလူဆို ညှပ်ရဲမှာမဟုတ်ပါဖူး။

  1. Red Velvet’s Irene

“Original Visual” Irene က​တော့ ဘဲဥပုံမျက်နှာပေါက်ပိုင်ရှင်တွေရဲ့ prefect example ပါတဲ့။ Park Naeju ဟာ ထိုကဲ့သို့ မျက်နှာပေါက်ပိုင်ရှင်တွေဟာ ဘယ်ဆံပင်ကေနဲ့ ဖြစ်ဖြစ် ဆွဲဆောင်မှုရှိပါတယ်တဲ့။

  1. TWICE’s Mina

Mina ရဲ့ visual ကလည်း တော်ရုံမဟုတ်ပါဖူး။ အရုပ်မလေးလို ဝတ်စားလေ့ရှိတဲ့ သူမပုံစံဟာ မည်သည့် hair style နဲ့မဆို လှပနေတော့တာပါဘဲ။

  1. BLACKPINK’s Jisoo

Jisoo ကတော့ ဘယ် hair color, ဘယ် hair style နဲ့မဆို အားလုံးကို မှင်သက်အောင်လုပ်နိုင်တဲ့သူပါ။ ဆံပင်အတွန့်လှိုင်းလေးတွေကတော့ သူမနဲ့ လိုက်ဖက်ဆုံးလို့ ထင်ပါတယ်။

  1. BTS’s Jin

Jin ဟာလည်း သေးသွယ်တဲ့ မျက်နှာပေါက် လှလှလေးကို ပိုင်ဆိုင်ထားတဲ့သူပါ။ “Worldwide Handsome.” ဖြစ်ရခြင်းရဲ့ များစွာသော reason တွေထဲမှာ သူ့ရဲ့ face shape က main point လို့ ထင်ပါတယ်။

  1. Girls’ Generation’s Yoona

Yoona လေးကြောင့် Korea မှာ egg- shape face လေးတွေ ခေတ်စားလာခဲ့တာပါ။ Yoona ရဲ့ သေးသွယ်ပြီး လှပတဲ့ မျက်နှာပေါက်ဟာ Korea beauty ရဲ့ စံချိန်ကိုယ်စားပြု ဖြစ်လာခဲ့ပါတယ်။

Source: Koreaboo
Written: Violet

Tags: K-Pop Story