Live လွှင့်​နေစဉ် ချစ်စရာ​ကောင်းတဲ့အမှား​တစ်ခုကို ပြုလုပ်မိပြီး ARMY ​တွေကို ပွဲကျ​စေခဲ့တဲ့ Jimin

လွန်ခဲ့တဲ့ နာရီပိုင်းအနည်းငယ်​လောက်တုန်းက BTS အဖွဲ့ဝင် Jimin ဟာ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်​နေစဉ် အမှား​သေး​သေး​​​လေး တစ်ခုပြုလုပ်မိခဲ့ပြီး ARMY ​တွေကို ပွဲကျ​စေခဲ့ပါတယ်။ အဲ့ဒါက​တော့ သြဂုတ်လ ၃၀ ရက်​နေ့မှာ Jimin က ARMY ​တွေနဲ့ အချိန်ကုန်ဆုံးဖို့ NAVER V LIVE က​နေတစ်ဆင့် Live လွှင့်ခဲ့ပြီး ARMY ​တွေသိချင်​နေတဲ့ သူ့ရဲ့ လတ်တ​လောလှုပ်ရှားမှု​တွေအ​ကြောင်းကို ​ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ Live လွှင့်​​နေစဉ်အတွင်း Jimin ဟာ ‘Magic Shop’ သီချင်းကို နား​ထောင်ရင်း သူ့ရဲ့လက်ဖဝါး​ပေါ်မှာ BTS နဲ့ ARMY ရဲ့ logo ကို ​ရေးဆွဲခဲ့ပြီး BTS အဖွဲ့ဝင်​တွေရဲ့ မျက်နှာပုံ​တွေကို လက်​ချောင်း​လေး​တွေရဲ့ ထိပ်မှာ ​ဘောပင်နဲ့​ရေးဆွဲခဲ့ပါတယ်။

အဲ့ဒီ​နောက် Jimin က သူ​ရေးဆွဲထားတဲ့ ပုံ​​လေး​တွေကို ပြသဖို့ ကင်မရာ​ရှေ့မှာ လက်​ချောင်းတစ်​ချောင်းချင်း​ ​ထောင်ပြခဲ့ပြီး လက်ခလယ်ကိုပါ မ​တော်တဆ ပြမိခဲ့ပါတယ်။ ဒီလိုဖြစ်သွားမယ်လို့ Jimin လည်း လုံးဝ​မျှော်လင့်ထားမိခဲ့ပါဘူး။ အဲ့လို အမှားလုပ်မိသွားတဲ့​နောက် ချက်ချင်းပဲ Jimin လည်း သူ့အမှားကိုသူ ရိပ်စားမိပြီး အ​တော်​​လေး ထိတ်လန့်သွားကာ “အိုး.. မ​တော်တဆမှားသွားတာပါ။

ကျွန်​တော်မရည်ရွယ်ပါဘူး။ ကျွန်​တော် တကယ်မရည်ရွယ်ပါဘူး” ဆိုပြီး ပြာပြာသလဲ ပြန်​တောင်းပန်ခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ​တော့ Jimin တစ်​ယောက် ​မျက်နှာကြီးနီတက်လာကာ တော်​တော်ရှက်သွားပုံ​ပေါ်ပြီး ပရိသတ်​တွေရဲ့ comment ကိုဖတ်ရင်း အားရပါးရရယ်​နေပါ​တော့တယ်။ ရယ်ရအခက် ငိုရအခက်ဆိုတဲ့ အ​ခြေအ​နေမျိုး​ဆိုတာ ဒါမျိုးကို ​ပြောတာ ထင်ပါတယ်။

ဆက်လက်ပြီး Jimin က ပရိသတ်​တွေကို “မမြင်ခဲ့သလို ဟန်​ဆောင်​​ပေးပါ​နော်။ အားလုံးပဲ ဒါက တကယ် ရိုးရိုးသားသား အမှားတစ်ခုပါ။ ​တောင်းပန်ပါတယ်။ ကျွန်​တော့်လက်​ချောင်း​တွေ​ပေါ်က အဖွဲ့ဝင်​တွေရဲ့ မျက်နှာကို ပြမလို့ လုပ်ခဲ့ရုံပါ။ ကျွန်​တော့်ကို ခွင့်လွှတ်​ပေးပါ” ဆိုပြီး ​တောင်းပန်ခဲ့ပါတယ်။ ဒီလိုမျိုး Jimin ရဲ့ အထိတ်တလန့်ဖြစ်သွားတဲ့ပုံစံက ချစ်ဖို့​ကောင်းလွန်း​နေတာ​ကြောင့် ARMY ​တွေက စိတ်မဆိုးတဲ့အပြင် ရယ်စရာဖြစ်ခဲ့ပြီး ပို​တောင် သ​ဘောကျနှစ်ခြိုက်စရာဖြစ်ခဲ့ပါတယ်။

ARMY ​တွေဟာ Jimin က သူတို့ကို တမင်ရိုင်းပြတဲ့ အပြုအမူမျိုး လုပ်မှာမဟုတ်ဘူးဆိုတာ အကြွင်းမဲ့သိ​နေတာ​ကြောင့်ပါ။ARMY ​တွေက ဒီအဖြစ်ကို ကြည့်ရင်း “ရုတ်တရက် သူထိတ်လန့်သွားတဲ့ ပုံစံက ငါ့ကို အူတက်​အောင် ရယ်​​စေခဲ့တယ်”၊ “သူ့ရဲ့ တုံ့ပြန်ပုံက အရာအားလုံးပဲ”၊ “ချစ်ဖို့​ကောင်းလိုက်တာ”၊ “Jimin ကို ဘယ်လိုလုပ် မချစ်ပဲ​နေနိုင်မှာလဲ” စသဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

Source : SBS Star
Photo : Twitter
Written : ZL

Tags: K-Pop Update