“4 Huajai Haeng Koon Kao” ထဲက မင်းသားတွေရဲ့ ထွက်လာဖို့ရှိနေတဲ့ ဇာတ်လမ်းသစ်များ

Thai TV3 ရဲ့ အကြီးစားဖန်တီးမှုတစ်ခုဖြစ်တဲ့ “4Huajai Haeng Koon Kao” ဇာတ်လမ်းလေးကို ကြည့်ဖူးသူတိုင်းကြိုက်ပါတယ်။ အဓိကဇာတ်လိုက်မင်းသား (၄) ယောက်ဖြစ်တဲ့ Athichart Chumnanon, Nadech Kugimiya, Mark Prin, Boy Pakorn တို့ကလည်း ဒီဇာတ်လမ်း‌တွဲနောက်ပိုင်းမှာ ပိုမိုကျော်ကြားအောင်မြင်လာခဲ့ပါတော့တယ်။ ဒီထဲက မင်းသား (၃) ယောက်ကတော့ ဇာတ်လမ်းသစ်တွေထွက်ဖို့ ရှိနေပါတယ်။

Nadech Kugimiya

ထိပ်တန်းမင်းသား Nadech Kugimiya ကတော့ ဇာတ်လမ်းသစ်လက်ခံရိုက်ကူးတာ ကြဲသွားပေမဲ့ ရိုက်ကူးသမျှကလည်း နာမည်ကြီးစမြဲပါပဲ။ ယခုလက်ခံထားတဲ့ဇာတ်လမ်းသစ် “Karn Kritsana” ကိုတော့ ထိပ်တန်းမင်းသမီး Taew Natapohn နဲ့ တွဲဖက်ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။

Mark Prin

မင်းသားချော Mark Prin ကတော့ ဇာတ်လမ်းသစ်တွေ များစွာလက်ခံရိုက်ကူးနေပါတယ်။ အသစ်ရိုက်ထားတဲ့ အက်ရှင်ဒရမ်မာကား “Game Lah Torachon” ကလည်း ၂၀၂၁ အောက်တိုဘာလမှာ ထွက်ရှိလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ဒါ့အပြင် Mark က မင်းသမီးချော Bow Maylada နဲ့အတူ ဇာတ်လမ်းသစ်တစ်ခု မကြာခင်‌မှာပဲ ရိုက်ကူးတော့မှာပါ။ Mark Prin ရဲ့ ပြောဆိုချက်အရ နောက်ထပ်ဇာတ်လမ်းသစ်တစ်ခုလည်း ရိုက်ကူးဖို့ရှိပေမဲ့ ပါဝင်လာမယ့်မင်းသမီးကိုတော့ လျှို့ဝှက်ထားပါတယ်။

Boy Pakorn

ခန့်ချောကြီး Boy Pakorn က‌လည်းပဲ အသစ်ရိုက်ကူးနေတဲ့ ဇာတ်လမ်းတစ်ခုတော့ ရှိနေပါတယ်။ “Sai Lub Lip Gloss” ဆိုတဲ့ဇာတ်လမ်းသစ်ကို မင်းသမီးငယ် Namtarn Pichukkana နဲ့ တွဲဖက်ရိုက်ကူးနေတာဖြစ်လို့ ပြသမယ့်အချိန်ရောက်ရင်ကြည့်ရှုအားပေးနိုင်တော့မှာပါ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update