ကားဂို​ဒေါင်ကို စတူဒီယိုအဖြစ် ဖန်တီးရင်း BTS ရဲ့ အိပ်မက်​တွေကို သုညက​နေစတင်ခဲ့ကြတဲ့ ​နေ့ရက်များ

BTS အဖွဲ့ဟာ ဒီ​နေ့လို ​အောင်မြင်တဲ့ ကမ္ဘာ​ကျော် အနုပညာရှင်​တွေဖြစ်လာဖို့ ​​မှောင်မိုက်တဲ့ ​အောက်​ခြေဘဝက​နေ စတင်ခဲ့ရပါတယ်။ ကိုရီးယား​ဖျော်​ဖြေ​ရေး​လောကဟာ အရမ်းကို ကြမ်းတမ်းပြီး လိမ်လည်လှည့်ဖျားမှု​တွေနဲ့ ပြည့်နှက်​နေတာဖြစ်ပါတယ်။ K-Pop အဖွဲ့တစ်ဖွဲ့ ပွဲဦးထွက်ဖို့အတွက် ခက်ခဲတဲ့ အတားအဆီးမျိုးစုံကိုလည်း ဖြတ်​ကျော်ကြရပါတယ်။

ပွဲဦးထွက်ပြီးရင်​တောင်မှ ​အောင်မြင်ပြီး ဝင်​ငွေရမရဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဒါ့အပြင် BTS အဖွဲ့ပွဲဦးထွက်ခါစတုန်းက K-Pop ​စျေးကွက်ကို နာမည်ကြီး ​အေဂျင်စီ​တွေဖြစ်တဲ့ SM, JYP နဲ့ YG စတဲ့ Big 3 က စိုးမိုးချုပ်ကိုင်ထားတာဖြစ်ပါတယ်။ ဒါ​ကြောင့် Bighit လို နာမည်မရှိ​သေးတဲ့ ကုမ္ပဏီ​သေး​သေး​လေးက​နေ BTS အဖွဲ့ ပွဲဦးထွက်ရတာဟာ ၂ ဖက်လုံးအတွက် အရမ်းကို စိတ်ဖိစီးမှုများ​စေခဲ့ပါတယ်။

ဒါတင်မက​သေးပဲ BTS အဖွဲ့ ပွဲဦးထွက်ခါနီးအချိန်မှာ Big Hit Entertainment က ဝမ် ၆ ဘီလီယံ​လောက် အ​ကြွေးတင်​နေပါတယ်။ BTS အဖွဲ့ကို debut လုပ်​ပေးနိုင်ဖို့အတွက် ကုမ္ပဏီက​နေ ​ငွေ​ချေးစာချုပ်​တွေကို ထုတ်​ရောင်းခဲ့ရပြီး အဲ့အ​ကြွေး​တွေက BTS အဖွဲ့​ပေါ်မှာ ဝန်ပိ​နေခဲ့ပါတယ်။

အကယ်လို့ အဲ့အချိန်က CEO Bang Si Hyuk သာ အတိုးနဲ့ အရင်းကို ပုံမှန်ဖဲ့ပြီး မဆပ်နိုင်ခဲ့ရင် သူ ၁၀ နှစ်​လောက် တည်​​ထောင်လာတဲ့ လုပ်ငန်းကို ဆုံးရှုံးပြီး လက်ဗလာဖြစ်သွားမှာဖြစ်ပါတယ်။ ဒါ​ကြောင့် Bang Si Hyuk ဟာ သူ့ရဲ့ ဘဝ BTS အဖွဲ့​ပေါ် ပုံ​အောခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကံ​ကောင်းစွာနဲ့ PD Bang ဟာ သူ့ဘဝကို ​လောင်း​ကြေးထပ်ထားတဲ့ ကစားပွဲမှာ ချိုမြိန်တဲ့ ​အောင်နိုင်ခြင်းကို ရရှိခဲ့ပါတယ်။

ဒီလို ​ငွေ​ကြေးအရမ်းမပြည့်စုံတဲ့ ကုမ္ပဏီက​နေ ထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကိုရီးယားရဲ့ ဂီတ​စျေးကွက်ကို​ရော ကမ္ဘာ့ဂီတ​စျေးကွက်ကိုပါ လွှမ်းမိုးနိုင်လိမ့်မယ်လို့ ထိုအချိန်က ဘယ်သူမှ ​တွေးမိခဲ့မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ​တော့ ဒီစူပါစတား ၇ ​ယောက်ဟာ သူတို့ရဲ့ ခက်ခဲခဲ့တဲ့ ​နေ့ရက်​တွေအ​ကြောင်းကို လှပတဲ့ အမှတ်တရအ​နေနဲ့ ကမ္ဘာကသိ​အောင် ပြန်​ပြောပြ​နေနိုင်ပါပြီ။

BTS အဖွဲ့ဟာ Pitchfork နဲ့ အင်တာဗျူးမှာ ၂၀၁၄ ခုနှစ်က​နေ ၂၀၂၀ ခုနှစ်အထိ ထုတ်​​လုပ်ခဲ့တဲ့ သူတို့ရဲ့ album ​တွေရဲ့ ​နောက်ကွယ်က အဓိပ္ပါယ်​တွေနဲ့ ထုတ်လုပ်​ရေးဖြစ်စဉ်အ​ကြောင်းကို မျှ​ဝေခဲ့ဖူးပါတယ်။ သူတို့ရဲ့ အနုပညာလက်ရာတိုင်းမှာ ​ပုံပြင်​တွေရှိ​နေပြီး “DARK & WILD” album ကို ထုတ်လုပ်စဉ်က အ​လေးနက်ဆုံး အမှတ်တရ​တွေရှိ​နေခဲ့ပါတယ်။ ဒီအ​ကြောင်းကို ARMY ​တွေက ဆိုရှယ်မီဒီယာ​တွေ​ပေါ်မှာလည်း ဖြန့်​ဝေခဲ့ဖူးပါတယ်။

BTS အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး စတူဒီယို album “Dark & ​​Wild” ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်​နေ့မှာ ထုတ်​​ဝေဖြန့်ချီခဲ့တာဖြစ်ပါတယ်။ အရင်ဆုံး ကိုရီးယားမှာ အသံသွင်းပြီး​နောက် အ​မေရိကန်နိုင်ငံမှာ ဆက်ပြီး အသံသွင်းခဲ့ပါတယ်။ BTS အဖွဲ့ဟာ အ​မေရိကန်မှာ “Hustle Life” ဆိုတဲ့ reality show ကို ရိုက်ကူးရင်း ဒီ album ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ထိုအချိန်က သူတို့ဟာ ​ခေါင်းစီးသီချင်း “Danger” ကို အသံသွင်းရိုက်ကူးပြီး ခက်ခဲတဲ့ ကကွက်​တွေကိုလည်း ​ညမအိပ်ပဲ ​လေ့ကျင့်ခဲ့ရပါတယ်။ Jimin က “ဒီသီချင်းက ကကွက်အခက်ဆုံး သီချင်း​တွေထဲက တစ်ပုဒ်ဖြစ်လို့ မှတ်မိ​နေတယ်။ ကျွန်​တော်တို့ ကျပ်တည်းတဲ့ schedule ကြားက ဒီ album ကို အသံသွင်းခဲ့ရတယ်” ဆိုပြီး ​ပြောပြခဲ့ပါတယ်။

Jungkook က​တော့ သူတို့ ညအိပ်ချိန်​တောင်မရှိပဲ ကကွက်​လေ့ကျင့်ဖို့ အချိန်နာရီများစွာ အသုံးပြုခဲ့ရတဲ့ အဖြူ​ရောင် practice room ကို ထင်ထင်ရှားရှား မှတ်မိ​နေ​သေးတယ်လို့ ဆိုပါတယ်။ အဲ့လို အိပ်ချိန်မပြည့်ဝတဲ့အတွက်​ကြောင့် အဖွဲ့ဝင်​တွေဟာ ​အိပ်ငိုက်လွန်းတာ​ကြောင့် အိမ်သာထဲကို သွားပြီး ခိုးအိပ်ရတယ်လို့လည်း Jungkook က ​ပြောပြခဲ့ပါတယ်။

နည်းပြက ​တွေ့ရင်​တော့ သူတို့က အိမ်သာထဲက​နေ ​မောင်းထုတ်ပြီး ​လေ့ကျင့်ဖို့ ဆူတယ်လို့လည်း ​ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ BTS ဟာ reality show အရှည်ကြီးကို အချိန်အကြာကြီးရိုက်ကူးရင်း တစ်ဖက်မှာလည်း သီချင်းအသစ်အတွက် အသံသွင်းတာနဲ့ ကကွက်​လေ့ကျင့်တာကို လုပ်ခဲ့ရပါတယ်။

ဒါဟာ ​တောင့်မခံနိုင်​​လောက်​အောင် ​တော်​​တော်​လေးပင်ပန်းမှာဆို​ပေမဲ့ အဖွဲ့ဝင်​တွေက​တော့ ​ကောင်းမွန်တဲ့ အမှတ်တရအ​နေနဲ့ပဲ သိမ်းဆည်းထားပါတယ်။ J-Hope က အဲ့ဒီအချိန်ဟာ သူတို့အတွက် ​ကောင်းမွန်တဲ့အ​ကြောင်းအရာ​တွေဖြစ်လာဖို့ အစပဲလို့ ​ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “DARK & WILD” album အတွက် ရိုက်ကူး​ရေး ​တော်​တော်များများကိုလည်း LA မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သီချင်း​ရေးတာနဲ့ အသံသွင်းတာ​တွေအတွက် CEO Bang Si Hyuk ရဲ့ သူငယ်ချင်းတစ်ဦး ပိုင်ဆိုင်တဲ့ ကားဂို​ဒေါင်ကို စတူဒီယိုအဖြစ် သုံးစွဲခဲ့ရပါတယ်။

သူတို့ဟာ အဲ့ဒီကားဂို​ဒေါင်ထဲမှာ “Danger” သီချင်းနဲ့ ဒုတိယ​မြောက် single album “War of Hormone” တို့ကို အသံသွင်းခဲ့ပြီး အသံမသွင်းရတဲ့ အချိန်​တွေမှာ​တော့ ကိုယ်ဆိုရမယ့်စာသား​တွေကို အလွတ်ကျက်ပြီး ​လေ့ကျင့်ခဲ့ကြပါတယ်။ အဲ့ဒီ​နေ့ရက်​တွေဟာ တကယ်ကို ပင်ပန်းဆင်းရဲပြီး သူတို့ရဲ့ အနာဂတ်က မ​သေချာမ​ရေရာခဲ့ပါဘူး။

ဒါ​ပေမဲ့ သူတို့ဟာ အဲ့လိုအချိန်မှာလည်း ​ပျော်​​ပျော်​နေခဲ့ပြီး အခုချိန်မှာ​တော့ သူတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ​တွေ​ကြောင့် အဲ့ဒီ​နေ့ရက်​​တွေကို ရယ်ရယ်​မော​မောနဲ့ ထိုင်​ပြော​နေနိုင်တဲ့အချိန်မျိုးကို ​ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုး ​အောက်​​ခြေဘဝက​​နေ ကြိုးစားပြီး ကိုယ်စွမ်းကိုယ်စနဲ့ ​အောင်မြင်လာလို့လည်း BTS အဖွဲ့ကို ​လေးစားချစ်ခင်သူ​တွေ ​​ပေါများ​နေတာဖြစ်ပါတယ်။

Source : BTS Live
Photo : Big Hit Entertainment
Written : ZL

Tags: K-Pop Story