၂၀၀၀ ခုနှစ်​တွေမှာ ပျို​မေ​တွေရဲ့ အချစ်ဦး​နေရာကို အပြိုင်လုခဲ့ကြတဲ့ ကိုရီးယားမင်းသားများ (၁)

ယခုလက်ရှိအချိန်မှာ လမ်းမှာ​တွေ့တဲ့ တစ်စုံတစ်​ယောက်ကို အကြိုက်ဆုံးကိုရီးယားမင်းသားက ဘယ်သူလဲလို့ ​မေးရင် Lee Min Ho, Lee Jong Suk, Ji Chang Wook, Kim Seon Ho, Nam Ju Hyuk စသဖြင့် ​ဖြေကြပါလိမ့်မယ်။

ဘာလို့လဲဆို​တော့ ဒီမင်းသား​တွေဟာ လက်ရှိ K-drama ​လောကကို သိမ်းပိုက်လွှမ်းမိုးထားတဲ့ နာမည်ကြီးမင်းသား​​တွေဖြစ်လို့ပါ။ အလားတူပဲ ၂၀၀၀ ခုနှစ်​တွေမှာ K-drama ​လောကကို စိုးမိုးပြီး ပျို​မေ​တွေရဲ့ အချစ်ဦး​နေရာကို အပြိုင်လုခဲ့ကြတဲ့ ကိုရီးယားမင်းသား​တွေရှိ​နေပါတယ်။

  1. Song Seung Hoon

Song Seung Hoon က​တော့ နာမည်​ကျော် “Endless Love: Autumn in My Heart” ဇာတ်ကားမှာ မင်းသမီး Song Hye Kyo နဲ့အတူ Yoon Joon Seo အဖြစ် သရုပ်​ဆောင်ပြီး ပရိသတ်​တွေရဲ့ နှလုံးသားကိုဖမ်းစားခဲ့ပါတယ်။ အဲ့ဒီ​နောက် “East of Eden”, “My Princess” နဲ့ “When a Man Falls in Love” ဇာတ်လမ်းတွဲ​တွေမှာလည်း ​ခေါင်း​​ဆောင်မင်းသားဖြစ်လာခဲ့ပါတယ်။

  1. Kwon Sang Woo

Kwon Sang Woo က​တော့ ရုပ်​ချောပြီး သရုပ်​ဆောင်​ကောင်းလို့ ၂၀၀၀ ခုနှစ်​တွေမှာ နာမည်အ​တော်ကြီးခဲ့ပါတယ်။ မင်းသမီး Choi Ji Woo နဲ့အတူ နာမည်ကြီးဇာတ်လမ်းတွဲ “Stairway to Heaven” မှာ ပါဝင်သရုပ်​ဆောင်ပြီး သူ့ရဲ့စူးရှတဲ့အကြည့်​တွေ၊ သရုပ်​ဆောင်စွမ်းရည်​တွေ​ကြောင့် လူကြိုက်များခဲ့ပါတယ်။ အဲ့ဒီ​နောက် “Sad Love Story”, “Queen of Ambition” နဲ့ “Temptation” လို အချစ်ဇာတ်လမ်းတွဲ​တွေကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။

  1. Bae Yong Joon

မင်းသားကြီး Bae Yong Joon က​​တော့ ၁၉၉၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ​တော့ မင်းသမီး Choi Ji Woo နဲ့အတူ “Winter Sonata” ဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်ပြီး ကိုရီးယားမှာ​ရော နိုင်ငံရပ်ခြားမှာပါ တစ်ဟုန်ထိုး​အောင်မြင်​​ကျော်ကြားလာခဲ့ပါတယ်။ အခု​တော့ အနုပညာ​လောကက​နေ အနားယူပြီး Key East Entertainment ရဲ့ CEO အဖြစ် ​ဆောင်ရွက်​နေပါတယ်။

  1. Kim Rae Won

မင်းသား Kim Rae Won က​တော့ “Attic Cat” ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့ပြီး အဲ့ဒီ​နောက် “Love Story in Harvard”, “Which Star Are You From?”, “Gourmet” နဲ့ “A Thousand Days Promise” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့ကာ K-Drama ​လောကမှာ နာမည်ကြီးမင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ယခု ၂၀၂၁ ခုနှစ်ထဲမှာ​တော့ မင်းသား Lee Jong Suk, Cha Eun Woo တို့နဲ့အတူ “Decibel” ရုပ်ရှင်ကားကြီးကို ရိုက်ကူးထားပါတယ်။

  1. So Ji Sub

မင်းသား So Ji Sub က​တော့ “Memories of Bali” ဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်ပြီး မိန်းက​လေး​တွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့သူပါ။ သူ့ရဲ့ ဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ “Sorry, I Love You”, “The Master’s Sun”. နဲ့ “Oh My Venus” တို့ကလည်း အရမ်းကို နာမည်ကြီးပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ မင်းသား So Ji Sub ရဲ့ “Doctor Lawyer” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်ကလည်း ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

  1. Jo In Sung

မင်းသား Jo In Sung ဟာလည်း မင်းသား So Ji Sub နဲ့အတူ “Memories of Bali” ဇာတ်လမ်းတွဲမှာ အဓိကသရုပ်​ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ​ချော​မောတဲ့ ရုပ်ရည်နဲ့ ချိုမြိန်တဲ့အသံကို ပိုင်ဆိုင်ထားတဲ့ မင်းသားဟာ “That Winter The Wind Blows” နဲ့ “It’s Okay, That’s Love” တို့လို နာမည်ကြီးဇာတ်လမ်းတွဲ​တွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။

  1. Rain

​တောင်ကိုရီးယားရဲ့ နာမည်​ကျော် အဆို​တော် Rain ဟာ ၂၀၀၄ ခုနှစ်မှာ မင်းသမီး Song Hye Kyo နဲ့အတူ “Full House” drama မှာ Lee Young Jae အဖြစ် သရုပ်​ဆောင်ပြီး အာရှတစ်လွှားက ပျို​မေ​တွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။

အဲ့ဒီ​နောက် “A Love to Kill”, “My Lovable Girl” နဲ့ “Come Back, Mister” စတဲ့ ဇာတ်လမ်းတွဲ​တွေမှာလည်း သရုပ်​ဆောင်ခဲ့ပြီး အခုအချိန်မှာ​​တော့ ဂီတအလုပ်​တွေကို ပိုပြီး လုပ်​ဆောင်လျက်ရှိပါတယ်။

  1. Song Il Kook

မင်းသား Song Il Kook က​တော့ ၂၀၀၀ ခုနှစ်အ​စောပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ “Jumong” နဲ့ “Emperor of the Sea” ဇာတ်လမ်းတွဲ​တွေ​ကြောင့် လူသိများလာခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့ Song Daehan, Song Minguk နဲ့ Song Manse ဆိုတဲ့ သူ့သာ​လေး ၃ ​​ယောက်ဟာ “The Return of Superman” အစီအစဉ်မှာ ပါဝင်ပြီး ကမ္ဘာတစ်လွှားက ပရိသတ်​တွေရဲ့ အချစ်ကို ရရှိခဲ့ပါတယ်။

  1. Gong Yoo

မင်းသား Gong Yoo က​တော့ ၂၀၀၀ ခုနှစ်​တွေတင်မကပဲ ယ​နေ့ထိ K-drama ​လောကကို လွှမ်းမိုးထားဆဲပါ။ သူဟာ “School” series မှာ အဓိကဇာတ်​ဆောင်အဖြစ် ပါဝင်ခဲ့​ပေမဲ့ “Coffee Prince” ဇာတ်လမ်းတွဲထဲက ရုပ်​ချော​​ချော ​ကော်ဖီ​ဖျော်ဆရာအဖြစ် လူသိများပါတယ်။ သူဟာ “Train to Busan”, “Goblin” ဇာတ်ကား​တွေနဲ့လည်း ကိုရီးယားတင်မက ကမ္ဘာကအသိအမှတ်ပြုတဲ့ မင်းသားတစ်ဦးအ​နေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

  1. Hyun Bin

Hyun Bin ကို​တော့ “My Name is Kim Sam Soon” ဆိုတဲ့ နာမည်ကြီးဇာတ်လမ်းတွဲနဲ့ စတင်ရင်းနှီးခဲ့ကြမှာပါ။ ​နောက်ပိုင်းမှာ​ “The World That They Live In” နဲ့ “Secret Garden” စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ​တွေမှာလည်း ​ခေါင်း​ဆောင်မင်းသားအဖြစ် သရုပ်​ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာလည်း “Crash Landing On You” ဇာတ်လမ်းတွဲနဲ့ အမျိုးသမီး K-drama ပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။

Source : annyeongoppa
Photo : annyeongoppa, pinterest
Written : ZL