Eyebrow Piercing လုပ်ပြီး ပရိသတ်​တွေကို ​​ခြွေချမယ့် ကောင်ဆိုး​လေးအဖြစ် ​မြင်​တွေ့ရပြန်တဲ့ Cha Eun Woo

Eyebrow piercing လုပ်တာဟာ လက်ရှိ K-Pop Idol ​တွေကြားမှာ အရမ်းကို​ရေပန်းစား​နေပါတယ်။ ဒီဟာကလည်း အရမ်းကို hot ဖြစ်တဲ့ K-Pop Idol ​တွေနဲ့သာ လိုက်ဖက်တဲ့အရာမျိုးဖြစ်ပါတယ်။ ချစ်စရာ​ကောင်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာမျိုးရှိတဲ့ Idol ​တွေနဲ့က​တော့ သိပ်ပြီး မလိုက်ဖက်လှပါဘူး။

ဒါ​ပေမဲ့ “face genius” လို့ တင်စားခံရတဲ့ ASTRO အဖွဲ့ဝင် Cha Eunwoo က​တော့ comeback promotion အတွက် innocent ပုံစံက​နေ eyebrow piercing လုပ်ပြီး ​ကောင်ဆိုး​လေးပုံစံကို ​ပြောင်းလဲပစ်ခဲ့ပါတယ်။

စက်တင်ဘာလ ၂ ရက်​နေ့က ASTRO အဖွဲ့ဟာ သူတို့ရဲ့ သီချင်းသစ် “Alive” အတွက် music video preview ကို မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ Eunwoo ​ရဲ့ scene ​ရောက်တဲ့အချိန် သူ့ရဲ့ မျက်ခုံးနားတစ်ဝိုက်မှာ အ​​ရောင်လက်​နေတဲ့ ​ငွေ​ရောင်အရာ​ဝတ္ထုလေးတစ်ခုကို ​​​​တွေ့ရမှာဖြစ်ပါတယ်။

မြန်ဆန်တဲ့ ရိုက်ချက်​တွေကြားက Eunwoo ရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှု​တွေ​ကြောင့် ရှင်းရှင်းလင်းလင်း​တော့ မမြင်ရ​ပေမဲ့ သူ့ရဲ့ မျက်ခုံးအစွန်းက​နေ ​ငွေ​ရောင်အလုံး​သေး​သေး​လေး ထိုးထွက်​နေတာကို ​တွေ့ရမှာပါ။

သူဟာ ဗီဒီယိုထဲမှာ မီးခိုး​ရောင် hoodie ကို ဝတ်ဆင်ထားပြီး နားကွင်း ၂ ခုကိုလည်း တပ်ဆင်ထားတာ​ကြောင့် ပုံစံအသစ်နဲ့ အရမ်းကို မိမိုက်​နေပါတယ်။ ဒါတင်မက​သေးပဲ လွန်ခဲ့တဲ့ ၂ ရက်​လောက်က Eunwoo Instagram မှာ တင်ခဲ့တဲ့ ပုံ​တွေကို ကြည့်ရင်လည်း သူ့ရဲ့မျက်ခုံးနားမှာ ​တောက်ပတဲ့ ​ငွေ​ရောင်အရာ​ဝတ္ထု​လေးရှိ​နေတာကို​တွေ့ရမှာဖြစ်ပါတယ်။

ဒီပုံ​တွေထဲမှာ Eunwoo ဝတ်ဆင်ထားတဲ့ အဝတ်အစား​တွေက “Alive” music video preview ထဲမှာ ဝတ်ဆင်ထားတဲ့ အဝတ်အစား​တွေနဲ့အတူတူပဲဖြစ်တာ​ကြောင့် ဒီပုံ​တွေကို music video ရိုက်ကွင်းမှာ ရိုက်ကူးခဲ့တယ်လို့ ယူဆရပါတယ်။

ဒီ eyebrow piercing ကို ယခု comeback အတွက် ယာယီ sticker ကပ်ထားတာလည်းဖြစ်နိုင်​ပေမဲ့ Eunwoo ဟာ ဒီလို ​ကောင်ဆိုး​လေးပုံစံနဲ့လည်း အရမ်းကို လိုက်ဖက်​နေပြန်ပါတယ်။ Eunwoo ရဲ့ ပရိသတ်​တွေက​တော့ Eunwoo ရဲ့ ပုံစံအသစ်ကို ​တွေ့ပြီး​နောက် ​မေ့လဲမတတ် အံ့သြခဲ့ကြသလို ဒီစတိုင်အသစ်ကို အလွန်နှစ်သက်​နေကြပါတယ်။

ရုပ်​ချော​နေ​​တော့လည်း ဘယ်လိုပုံစံဖြစ်ဖြစ် လိုက်ဖက်​နေတာ ဆန်း​တော့မဆန်းပါဘူး​​​​နော်။ တချို့ ပရိသတ်​တွေက​တော့ Eunwoo ရဲ့ 97 liner အုပ်စုထဲက သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ Jungkook နဲ့ bff goal အဖြစ် ဆင်တူ eyebrow piercing လုပ်ထားတယ်လို့ ထင်​နေကြပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL