Celebrity News

၃၅ ကြိမ်မြောက် TV Gold Awards မှာ စကာတင်စာရင်းဝင်နေတဲ့ ထိုင်းနာမည်ကြီးမင်းသား/မင်းသမီးများ

နှစ်စဉ်မပြတ်ကျင်းပလာတဲ့ Gold TV Awards ဆ‌ုပေးပွဲကြီးကတော့ ဒီနှစ်ဆိုရင် ၃၅ ကြိမ်ပြည့်မြောက်တော့မှာပါ။ ဒီဆုပေးပွဲအတွက် ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးအတွက် ဆုစာရင်းဝင်နေတဲ့ စကာတင်အနုပညာရှင်အသီးသီးကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

အဓိကဇာတ်လိုက်မင်းသမီးဆု…

Taew Natapohn

နာမည်ကြီးထိပ်တန်းမင်းသမီး Taew Natapohn ကတော့ ဒီစကာတင်စာရင်းထဲကို “Leh Bunpakarn” ဇာတ်လမ်းနဲ့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Mew Nittha

မကြာခင်မှာ မိခင်တစ်ဦးဖြစ်တော့မယ့် မင်းသမီးချော Mew Nittha ကတော့ အောင်မြင်ကျော်ကြားခဲ့တဲ့ “My Husband in Law” ဇာတ်လမ်းတွဲနဲ့ ဒီတစ်ခါဆုစာရင်းမှာလည်း စကာတင်ဝင်လာပြန်ပါပြီ။

Pok Piyatida

စီနီယာမင်းသမီးကြီး Pok Piyatida ကတော့ “Bangkert Klao” ထဲက သူမရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဆုစာရင်းဝင်ဖြစ်လာတာပါ။

Nune Woranuch

နောက်ထပ် ဝါရင့်မင်းသမီးကြီးတစ်ဦးဖြစ်သူ Nune Woranuch ကလည်းပဲ စကာတင်ဆုစာရင်းရှင်ဖြစ်လာပါတယ်။ “Game Rak Ao Keun” ထဲက သူမရဲ့ဇာတ်ကောင်နဲ့ ပါဝင်လာခဲ့ပါတယ်။

Cris Horwang

“Nuer Nai” ထဲက အဓိကဇာတ်လိုက်မင်းသမီး Cris Horwang ကတော့ စကာတင်စာရင်းဝင်မင်းသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

အဓိကဇာတ်လိုက်မင်းသားဆု…

Beam Kawee

“Game Rak Ao Keun” ဇာတ်လမ်းထဲမှာ ပြောင်မြောက်စွာသရုပ်ဆောင်နိုင်ခဲ့သူ မင်းသား Beam Kawee ကလည်း ဆုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

Aum Atichart

စီနီယာမင်းသားကြီး Aum Atichart ကတော့ “Bpai Hai Teung Duang Dao” ဇာတ်လမ်းရဲ့ အဓိက‌ဇာတ်လိုက်မင်းသားအဖြစ် သရုပ်ဆောင်ပြီးနောက် စကာတင်စာရင်းဝင်မင်းသားဖြစ်လာခဲ့ပါတော့တယ်။

Tor Thanapob

မင်းသား Tor Thanapob ကတော့ အသက်အရွယ်ကွာခြားတဲ့ မင်းသမီး Aff နဲ့ “Kor Kerd Mai Klai Klai Ter” ဇာတ်လမ်းမှာ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေပြသခဲ့ပြီး ဒီဇာတ်ကောင်နဲ့ပဲ ဆုစာရင်းဝင်ဖြစ်လာပါတော့တယ်။

Andrew Gregson

“Won Ruk Nak Kao” ဇာတ်လမ်းထဲမှာ ထူးခြားတဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့သူ Andrew Gregson ကတော့ ဒီဆုအတွက် စာရင်းဝင်အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

Noom Sornram

နောက်ဆုံးစကာတင်မင်းသားကတော့ Noom Sornram ဖြစ်ပါတယ်။ remake ဇာတ်လမ်း “Bangkert Klao” နဲ့အတူ စာရင်းဝင်နိုင်ခဲ့ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix