Celebrity News

Korea မှာဘဲ ကျင်းပသွားမဲ့ ခေါက်ဆွဲခြောက် (or) MAMA ဆုပေးပွဲ

ဆုပေးပွဲတွေထဲမှာ အကြီးဆုံးတစ်ခုလို့ဆိုရမဲ့ MAMA (Mnet Asia Music Awards) ကတော့ Kpop Artist တွေအတွက် အနုပညာ မှတ်တိုင်တစ်ခုလိုပါဘဲ။ ဆုပေးပွဲကို စီစဉ်သူတွေကတော့ C&J E&M မှ ဖြစ်ပြီး ဆုကြီးတွေကတော့ Kpop Artists တွေကို ပေးတာပါ။ တချို့ဆုတွေကို အာဆီယံနိုင်ငံတွေက အနုပညာရှင်တွေကို လည်းပေးပါတယ်။

MAMA ပွဲကို 1999 ခုနှစ်ကနေ နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပြီး Mnet ကနေ လွှင့်ပါတယ်။ အစပိုင်းက Korea မှာဘဲ ကျင်းပတာဖြစ်ပေမဲ့ နောက်ပိုင်း 2010 ကနေ 2019 ခုနှစ်လောက်ထိ တခြားနိုင်ငံတွေမှာလည်း ကျင်းပသလို international အဆင့်မှီ လွှင့်ပါတယ်။

2020 ခုနှစ်မှာတော့ Covid 19 အခြေအနေတွေကြောင့် Korea မှာဘဲ ကျင်းပခဲ့ရပါတယ်။ ခု 2021 ခုနှစ်မှာလည်း Korea မှာဘဲ ကျင်းပ ဖြစ်ပုံကို ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ “Covid- 19 ဟာ တကမ္ဘာလုံး အနှံ့ဖြစ်ပွါးနေတဲ့အတွက် MAMA ပွဲကို ဒီနှစ်မှာလည်း Korea မှာဘဲ ကျင်းပဖြစ်မှာပါ”

မီဒီယာတွေကတော့ MAMA ပွဲဟာ မနှစ်ကလိုဘဲ Paju မှာ ကျင်းပဖိ့ စီစဉ်နေကြောင်း ၊ December 11 ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။ Mnet ကတော့ သူတို့ရဲ့ plan တွေကို တရားဝင်မကြေညာသေးပါဖူး။

Source: Koreaboo
Written: Violet