Celebrity News

စိတ်ပူစရာကောင်းလောက်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်ပုံပေါက်လာတဲ့ Luo Yunxi

အရပ်ရှည်ရှည် ရှိသင့်တဲ့ခန္ဓာကိုယ်ထက် ပိန်သွယ်နေတဲ့မင်းသားလို့ပြောရင် Luo Yunxi ကို မျက်လုံးထဲမှာပေါ်လာမိမယ်ထင်ပါတယ်။ တခြားသောမင်းသားတွေနဲ့မတူဘဲ သွယ်လျတဲ့မျက်နှာ၊ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တာကြောင့် တစ်ခုခုဖြစ်မှာကိုလည်း မကြာခဏဆိုသလို စိုးရိမ်နေရသူပါ။

Photo Credit: Sohu, Weibo

ဒီတစ်ခေါက်ထွက်ပေါ်လာတဲ့ပုံတွေဆိုရင် တော်တော်လေးကို ပိန်ချုံးနေပြီး မကျန်းမာပုံပေါ်နေတာကြောင့် မင်းသားရဲ့ ကျန်းမာရေးအတွက် ပရိသတ်တွေက အထူးစိုးရိမ်နေကြပါတယ်။ ထိုပုံတွေထဲမှာဆိုရင် အသက် ၃၃ နှစ်အရွယ် မင်းသား Yunxi ဟာ ဝှီးချဲပေါ်ထိုင်နေပြီး ညာဖက်ခြေထောက်မှာလည်း ပတ်တီးတွေစည်းထားတာကြောင့် မင်းသားရဲ့ကျန်းမာရေးဟာ အထူးပြုစုစောင့်ရှောက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အားလုံးက စိတ်ပူနေကြပါတယ်။

Photo Credit: Sohu, Weibo
Photo Credit: Sohu, Weibo

မြင်နေကျ တည်ငြိမ်ခန့်ညားနေတဲ့ပုံစံမျိုးမဟုတ်ဘဲ ပင်ပန်းနွမ်းလျနေပြီး ဖြူဖျော့နေတဲ့အပြင် နာမကျန်းဖြစ်နေသလိုပုံရိပ်ဟာ ပရိသတ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြပါတယ်။ ခြေထောက်ကပတ်တီးတွေကြောင့် ရိုက်ကူးရေးလုပ်ရင်း ဒဏ်ရာရသွားတာဖြစ်နိုင်ကြောင်း မှန်းဆနေကြပါတော့တယ်။ ကိုယ့်မျက်လုံးကို မယုံနိုင်လောက်တဲ့အထိ ပုံစံပြောင်းနေတဲ့ Luo Yunxi ရဲ့ ပုံတွေကို ပရိသတ်တွေကတော့ အသက် ၈၀ လောက်ရှိနေတဲ့ အဖိုးကြီးလိုဖြစ်နေကြောင်း ဝမ်းနည်းစွာဖြင့် ပြောဆိုခဲ့ကြပါတော့တယ်

Photo Credit: Sohu, Weibo

ချုံးချုံးကျပိန်သွားပြီး လူမမာပုံစံပေါက်နေတဲ့ YunXi ကြောင့် သေချာဂရုစိုက်မပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ဒေါသထွက်နေကြပါတော့တယ်။ အမြန်ဆုံး ဆေးကုသမှုခံယူပြီး အနားယူခိုင်းရင်းနဲ့ အရင်လိုပုံစံအတိုင်း တက်ကြွလန်းဆန်းနေအောင် ဂရုစိုက်စောင့်ရှောက်ပေးကြဖို့ တောင်းဆိုနေကြပါတယ်။

Photo Credit: Sohu, Weibo
Photo Credit: Sohu, Weibo

Source: Sohu
Photos: Sohu
Translated by Julix