Celebrity News

လမ်းခွဲပြီးတစ်လမပြည့်ခင်မှာပဲ အချစ်ငှက်လေးနှစ်ကောင်ဖြစ်တဲ့ Mik နဲ့ Bow တို့ ပြန်တွဲနေကြပြီလား…

ဩဂုတ်လတုန်းက ထိုင်းပရိသတ်တွေကို ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တဲ့သတင်းကတော့ Mik နဲ့ Bow တို့ လမ်းခွဲခဲ့ကြတဲ့ သတင်းပါပဲ။ စနှိုက်ကြော်ကြောင့် လမ်းခွဲတာမျိုးမဟုတ်ဘဲ စိတ်သဘောထားချင်းမတိုက်ဆိုင်တော့လို့ ဩဂုတ် (၁၈)ရက်နေ့မှာပဲ တရားဝင်ပြတ်စဲခဲ့ကြတာပါ။

Mik ဟာ Bow ကို တအားချစ်ပြပြီး ဂရုတစိုက်ရှိလွန်းတာကြောင့် မြင်သူတကာအားကျရတဲ့စုံတွဲလေးဆိုရင်လည်း မမှားပါဘူး။ ဒီအတွဲလေးက ပြတ်စဲပြီးနောက်မှာ Instagram မှာလည်း အချင်းချင်း Unfollow လုပ်ခဲ့ကြတာကြောင့် အားလုံးကို အသည်းကွဲသွားစေခဲ့ပါတယ်။

အခုချိန်မှာတော့ သူတို့နှစ်ယောက်ပြန်တွဲနေကြပြီလားဆိုပြီး ပရိသတ်တွေက ထောက်လှမ်းရေးတွေ စတင်ခဲ့ကြပါတယ်။ September လ (၇) ရက်နေ့တုန်းက MikBow အတွဲဟာ IG Story မှာ ပုံစံတူ၊ အချိန်တူ short clip လေးတွေကို တင်ခဲ့ကြပါတယ်။

ဒါကိုမြင်တဲ့ပရိသတ်တွေက ချက်ချင်းဆိုသလိုပဲ လေ့လာခဲ့ကြရာ Mik ရဲ့ Story ကလည်း နေဝင်ဆည်းဆာချိန် ကောင်းကင်ကြီးကို ရိုက်ကူးထားပြီး Bow ကလည်းပဲ ဆင်တူနေတဲ့ ကောင်းကင်ကြီးကိုပဲ ရိုက်တင်ထားပါတယ်။

ပုံထဲမှာပါတဲ့ ဓာတ်တိုင်တွေကတော့ မတူကြပေမဲ့ အချိန်နဲ့ပုံစံလေးဟာ ဆင်တူမှုရှိနေတာကြောင့် MikBow အတွဲလေးအဖြစ် ပြန်ပြီးလက်တွဲလိုက်ကြပြီလားဆိုပြီး အတွေးတွေဝင်လာခဲ့ကြပါတော့တယ်။ ပိုပြီးတိကျအောင် IG followers တွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ Mik ဟာ Bow ကို ပြန်ပြီး Follow လုပ်ခဲ့တာကို ရှာတွေ့ခဲ့ကြပြီး Bow ကတော့ အခုချိန်ထိပြန်လည် Follow လုပ်ခြင်းမရှိခဲ့ပါဘူး။

ပရိသတ်တွေရတော့ ဒီအတွဲ ပြန်တွဲနေတာဖြစ်နိုင်ကြောင်း မျှော်လင့်ချက်တွေရှင်သန်နေကြပါတော့တယ်။ မှန်းဆချက်တွေက တကယ်သာဟုတ်မှန်နေမယ်ဆိုရင် လမ်းခွဲလိုက်တာ တစ်လမပြည့်သေးခင်အချိန်မှာပဲ တကယ်ချစ်လွန်းလို့ MikBow ကြားက အချစ်ကြိုးလေးကို ပြန်လည်သွယ်ဆက်လိုက်ပြီလို့ပဲ မှတ်ယူရပါတော့မယ်။

Source: ThaiToday
Photos: Instagram
Translated by Julix