Celebrity News

နန်းတွင်းကားထဲမှာ အိမ်ရှေ့စံအယောင်ဆောင်မိန်းမပျိုအဖြစ် သရုပ်ဆောင်ထားတဲ့ Park Eun Bin

မိန်းကလေးက ယောက်ျားလေးဟန်ဆောင်တဲ့ ကိုရီးယားဇာတ်လမ်းမျိုးတွေကို အနည်းနဲ့အများကြည့်ဖူးကြမှာပါနော်။ ဒါပေမဲ့ ကိုရီးယားနန်းတွင်းကားကိုမှ အိမ်ရှေ့စံမင်းသားအဖြစ် အယောင်ဆောင်တဲ့မိန်းကလေးဇာတ်လမ်းမျိုးကိုတော့ တစ်ခါမှ ကြည့်ဖူးကြမှာမဟုတ်ပါဘူး။

ထူးခြားတဲ့နန်းတွင်းဇာတ်လမ်းသစ်မှာတော့ မင်းသမီး Park Eun Bin ဟာ အေးစက်ပြီး ဩဇာတိက္ကမနဲ့ပြည့်စုံတဲ့ အိမ်ရှေ့စ‌ံမင်းသားအဖြစ် သရုပ်ဆောင်ထားပါတယ်။ KBS ဇာတ်လမ်းသစ် “The King’s Affection” ကတော့ manhwa (ကိုရီးယား ကာတွန်းရုပ်ပြ) ကို အသက်သွင်းပြီး ရိုက်ကူးထားပါတယ်။

“The King’s Affection” ဆိုတဲ့အတိုင်း ရှေးဟောင်းနန်းတွင်းဇာတ်လမ်းမျိုးဖြစ်ပြီး ဇာတ်ကြောင်းကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ နန်းတွင်းထဲမှာ မွေးဖွားခဲ့တဲ့ တော်ဝင်မျိုးနွယ် အမြွှာမောင်နှမနှစ်‌ယောက်.. အမြွှာမိန်းကလေးကတော့ မိန်းကလေးဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ စွန့်ပစ်ခံလိုက်ရပါတယ်။

ဒါပေမယ့် အမြွှာအစ်ကိုဖြစ်သူဟာ အိမ်ရှေ့စံအဖြစ် နန်းမွေဆက်ခံခဲ့ပေမဲ့ ထင်မှတ်မထားဘဲ သေဆုံးသွားတဲ့အခါ နန်းတွင်းအရှုပ်တော်ပုံတွေအရ အိမ်ရှေ့စံနေရာကိုထိန်းသိမ်းဖို့ ထိုအမြွှာကောင်မလေးက တော်ဝင်အိမ်ရှေ့စံအဖြစ် အယောင်ဆောင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

မင်းသမီး Park Eun Bin ကတော့ အိမ်ရှေ့စံမင်းသား Lee Hwi အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Hwi က ပြီးပြည့်စုံတဲ့တော်ဝင်မင်းသားဖြစ်ပြီး စာပေရေးရာအပြင် သိုင်းပညာဖက်မှာလည်း တဖက်ကမ်းခတ်အောင် တတ်ကျွမ်းသူဖြစ်ပါတယ်။ လှပကျက်သရေရှိမှုတွေနဲ့ပါ မွေးဖွားလာခဲ့တဲ့ မိန်းမချော ချောသူ အိမ်ရှေ့စံမင်းသားတစ်ပါးပါ။

ယောက်ျားလေးအဖြစ် ဟန်ဆောင်နေရတာကြောင့် သူမရဲ့ခံစားချက်တွေအားလုံးကို ဖုံးကွယ်မျိုသိပ်ရင်း သူမနဲ့နီးကပ်ချင်သူတိုင်းကိုလည်းအဝေးကိုတွန်းထုတ်ကာ အထီးကျန်စွာနဲ့ နေ့ရက်တွေကို ဖြတ်သန်းရပါတော့တယ်။

SF9‘s Rowoon ကတော့ Jung Ji Woon အဖြစ် သရုပ်‌ဆောင်ထားပြီး ‌အိမ်ရှေ့မင်းသား Lee Hwi ရဲ့ ဆရာအဖြစ် ရိုက်ကူးထားပါတယ်။ တော်ဝင်မင်းသားတွေရဲ့ ပညာသင်ကြားဌာနက ဆရာတစ်ဦးဖြစ်ပြီး ချောမောခန့်ညားတဲ့ရုပ်ရည်၊ ကာကွယ်စောင့်ရှောက်လိုစိတ်ရှိခြင်းနဲ့ ဇွဲကြီးတဲ့ စိတ်ထားတို့ကြောင့် နန်းတွင်းမှာ နာမည်ကျော်လှပါတယ်။

အထက်ပါအရည်အချင်းနဲ့ပြည့်စုံတဲ့ အိမ်ရှေ့စံရဲ့ဆရာဖြစ်သလို တဖက်မှာလည်း ဘဝကို အကောင်းမြင်စိတ်နဲ့ဖြတ်သန်းရင်း အကောင်းအဆိုး ဘာတွေပဲဖြစ်လာပါစေ ပေါ့ပေါ့ပါးပါးပဲနေလိုပြီး ကိုယ့်ရွေးချယ်မှုနဲ့ကို ဖြတ်သန်းလိုတဲ့ လူငယ်တစ်ယောက်ဖြစ်နေတဲ့အခါ အိမ်ရှေ့စံမင်းသား အယောင်‌ဆောင်ထားတဲ့မိန်းမလှလေးနဲ့ ဇာတ်လမ်းလေးတစ်ခုကတော့ ဖြစ်လာပါတော့မယ်။

ထုတ်လုပ်ရေးဖက်ကဆိုရင် “မင်းသမီး Park Eun Bin က မျက်လုံးအကြည့်လေး တစ်ချက်နဲ့ကို အရှိန်အဝါကြီးမားပြီး ဘယ်သူမှအနားမကပ်ရဲလောက်တဲ့ပုံစံရှိတဲ့ မင်းသား Lee Hwi ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ပေါ်အောင် အံ့ဩစရာကောင်းစွာနိုင်ပဲ ပုံဖော်နိုင်သူပါပဲ။

မင်းသမီးလေးရဲ့ သရုပ်ဆောင်အရည်အချင်းကို အများကြီး ချစ်ခင်အားပေးရင်း Lee Hwi ကိုလည်း စီးဝင်နစ်မြောပေးကြပါဦး” ဆိုပြီ ချီးမွမ်းထားပါတယ်။ “The King’s Affection” ကတော့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ စတင်ပြသတော့မှာဖြစ်လို့ နန်းတွင်းကားကို ထူးခြားတဲ့ဇာတ်လမ်းကြိုက်တဲ့သူတိုင်း မလွတ်တမ်းကြည့်သင့်တယ်လို့ အကြုံပြုချင်ပါတယ်။

Source: Soompi
Photos: Soompi
Translated by Julix