Celebrity News

Jin နဲ့ friendship အ​ကြောင်းကို ​ပြောပြရင်း BTS ဟာ ကိုရီးယားရဲ့ ဂုဏ်သိက္ခါပါလို့ ချီးမွမ်းလိုက်တဲ့ Ji Seok Jin

Ji Seok Jin ဟာ ​​တောင်ကိုရီးယားတင်သာမက နိုင်ငံရပ်ခြားမှာပါ ​အောင်မြင်​ကျော်ကြားတဲ့ ဟာသရုပ်​ဆောင်၊ အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။ Ji Seok Jin ဟာ မကြာ​သေးခင်က KBS ရုပ်သံလိုင်းရဲ့ “Problem Child in House” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး BTS အဖွဲ့ဝင် Kim Seok Jin (Jin) နဲ့ သူ့ရဲ့ friendship အ​ကြောင်းကို ​ပြောပြခဲ့ပါတယ်။

သူတို့ဟာ “Running Man” အစီအစဉ်ကို ရိုက်ကူးရင်း စတင်​တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က “Seok Jin” ဆိုတဲ့ နာမည်ချင်းတူတဲ့အတွက် ဖုန်းနံပါတ်ချင်းလဲခဲ့ကြတယ်လို့ Ji Seok Jin က ​ပြောပြခဲ့ပါတယ်။ ဒါ​ပေမဲ့ သူတို့ ၂ ​ယောက်ဟာ အခုချိန်မှာ အဆက်အသွယ်မပြတ်ရှိ​နေကြတဲ့ မိတ်​ဆွေရင်း​တွေဖြစ်လာခဲ့ကြပါတယ်။

သို့​သော်လည်း Jin ဟာ အရမ်းအလုပ်များတဲ့အတွက် အ​နှောင့်အယှက်ဖြစ်မှာစိုးလို့ Ji Seok Jin ဘက်က စာစပြီးမပို့ပဲ ခုရက်ပိုင်းမှာ Jin ကသူ့ကို စာစပို့​လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Ji Seok Jin ဟာ “Dynamite” သီချင်းကို “Hang Out With Yoo” အစီအစဉ်မှာ ​ကောင်း​အောင်ဆိုဖို့ ကြိုးစားခဲ့​ပေမဲ့ မ​အောင်မြင်ခဲ့လို့ Jin ကို စာပို့ပြီး ​တောင်းပန်ခဲ့တဲ့အ​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။

ဒါ​ပေမဲ့ Jin က ကိစ္စမရှိ​ကြောင်း၊ သီချင်းကို ပိုပြီး လူသိများသွား​အောင် လုပ်​ပေးတာနဲ့တင် ​ကျေးဇူးတင်​ကြောင်း စာပြန်ပို့ခဲ့တဲ့အတွက် အရမ်းကို ရင်ထဲထိသွား​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။ ထိုအခါ အခြား​သော အစီအစဉ်တင်ဆက်သူ​တွေက Jin ကို video message ​ပေးပို့ဖို့ တိုက်တွန်းခဲ့ပြီး Ji Seok Jin က ချစ်စရာ​ကောင်းတဲ့ message ​လေးကို ​ပေးပို့ခဲ့ပါတယ်။

သူက “Jiniya ငါမင်းကို အ​ဝေးက​နေ အမြဲတမ်းအား​ပေး​နေပါတယ်။ ခုတ​လော ငါမင်းကို မဆက်သွယ်ဖြစ်တာက မင်းရဲ့ အလုပ်​တွေမှာ ပိုပြီး အာရုံစိုက်နိုင်​အောင်လို့ပါ။ ငါ့​ကြောင့် မင်းကို အ​နှောင့်အယှက်မဖြစ်​​စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက အရမ်းကို ​တော်တဲ့သူပါ။

ငါမင်းကို တစ်ခါတစ်လေ​ပြောဖူးသလိုပဲ မင်းက အရမ်း cool ဖြစ်တယ်။ မင်းက ကိုရီးယားရဲ့ ဂုဏ်သိက္ခါပဲ။ တခြား BTS အဖွဲ့ဝင်​တွေလည်း အတူတူပါပဲ” လို့ ​ပြောကြားရင်း video message ​ပေးပို့ခဲ့ပါတယ်။ Jin နဲ့ Ji Seok Jin တို့ဟာ ယခင်ကလည်း TV အစီအစဉ်​တွေမှာ တစ်​ယောက်အ​ကြောင်းတစ်​​ယောက် ​​အခွင့်သင့်ရင်သင့်သလို ​ပြောပြ​လေ့ရှိပါတယ်။

Jin ဟာ ကိုရီးယားက အနုပညာရှင်၊ အစီအစဉ်တင်ဆက်သူ အများအပြားနဲ့ ရင်းနှီးပြီး အားလုံးက Jin ရဲ့ ​နွေး​ထွေးကြင်နာတတ်တဲ့ အကျင့်စရိုက်ကို ချီးမွမ်းကြပါတယ်။ Ji Seok Jin ဟာလည်း သူ့ရဲ့ YouTube video မှာဖြစ်ဖြစ်၊ TV အစီအစဉ်​တွေမှာဖြစ်ဖြစ် Jin ရဲ့ ​​နွေး​ထွေးတဲ့ အကျင့်စရိုက်ကို ချီးကျူး​လေ့ရှိပါတယ်။

Source : Allkpop
Photo : KBS, Pinterest
Written : ZL