Celebrity News

ရုပ်ရည်ကြောင့် အရည်အချင်းကိုဖုံးသွားတယ်လို့ ခံစားရဖူးလား, ဆိုပြီး Jin ကို မေးမိတဲ့အခါ…

BTS’s Jin ကိုတော့ ရုပ်ရည်ချောမောခန့်ညားတာကော၊ သူမတူတဲ့အရည်အချင်းတွေကြောင့်ပါ အားလုံးက ချစ်ခင်အားပေးကြပါတယ်။ E NOW’s Sakshma Srivastav နဲ့ အင်တာဗျူးမှာတုန်းက BTS ဖျော်ဖြေမှုတွေကိုကြည့်လိုက်မိတိုင်း ၉၀% သော မှတ်ချက်တွေက Jin ရဲ့ ချောမောခန့်ညားနေတာတွေကိုပဲ အများအပြားပြောဆိုထားတာကို Sakshma Srivastav က သတိပြုမိခဲ့ပါတယ်။

ဒါကြောင့်မို့လို့ Jin အနေနဲ့ ရုပ်ရည်ကြောင့် ကိုယ့်ရဲ့အရည်အချင်းကို ဖုံးကွယ်နေတယ်လို့ ခံစားရဖူးလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတော့တယ်။ Jin ရဲ့ အဖြေကတော့ Worldwide Handsome ပီပီ တစ်ခွန်းဆို တစ်ခွန်း ပါးစပ်အဟောင်းသားဖြစ်ကုန်ရပါတော့တယ်။ Jin က “ကျွန်တော့်ရဲ့ရုပ်ရည်က ကျွန်တော့်ရဲ့အဆိုပိုင်းကို လွှမ်းမိုးနေတယ် လို့ တစ်ခါမှ မတွေးဖူးဘူး။

ကြည့်ကောင်းခြင်း အပေါင်းလက္ခဏာပဲလေ။ ကိုယ့်ဆီက လျော့သွားစေတဲ့ အနှုတ်လက္ခဏာမှ မဟုတ်တာ။ကိုယ်က ချောနေတော့.. သေချာပေါက် အာရုံမစိုက်နိုင်တာလည်း ရှိတာပေါ့။ ကျွန်တော်ကတော့ ရုပ်အဆင်းဆိုတာလည်း လိုတယ်လို့ ထင်တယ်။

ပြောရရင် စားလို့ကောင်းတဲ့ဟင်းထဲမှာ လှပသွားအောင်လို့ အပြင်အဆင်တွေ ထပ်ထည့်သလိုပါပဲ” ဆိုပြီး မြင်သာတဲ့ ဥပမာတစ်ခုကို ပြောပြခဲ့ပါတယ်။ Jin ကတော့ Jin ပါပဲ။ ရုပ်ရည်နဲ့ပတ်သက်လို့ ကွန်ဖီးဒန့်ရှိနေချက်ကြီးကတော့ ‌Level တစ်ခုကို ရောက်နေပါပြီ။

Sakshma Srivastav ဆိုရင် Jin ရဲ့အဖြေကိုကြားပြီးတော့ “စိတ်ဝင်စားစရာကောင်းသားပဲ”, “စကားတတ်လိုက်တာ” စသဖြင့် သဘောကျစွာနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဝေါလ်ဝိုက်ဟမ်းဆမ်းကြီးအတွက်ကတော့ ရုပ်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းအတွက် အဖြေက အေးဆေးလေးပါပဲ။

Source: Koreaboo
Photos: Koreaboo
Translated by Julix