Celebrity News

Rom Com ရုပ်ရှင်ကားမှာ အိမ်နီးချင်း​တွေအဖြစ် မြင်​တွေ့ရဦးမယ့် ဒိတ်ဒိတ်ကြဲ Kim Seon Ho နဲ့ Yoon A

စက်တင်ဘာလ ၁၃ ရက်​နေ့မှာ မင်းသား Kim Seon Ho နဲ့ Girls’ Generation အဖွဲ့ဝင် Yoon A တို့ရဲ့ ​အေဂျင်စီ​တွေက သူတို့ ၂ ​ယောက်ဟာ “2 O’Clock Date” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူတကွ ပါဝင်သရုပ်​ဆောင်သွားမှာဖြစ်​ကြောင်း အတည်ပြုလိုက်ပါတယ်။

“2 O’Clock Date” ဟာ အိမ်နီးချင်းက​နေ ချစ်သူ​တွေဖြစ်သွားကြတဲ့ လူ၂ဦးအ​ကြောင်းကို ရိုက်ကူးသွားမယ့် အချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။ Yoon A က လျှို့ဝှက်ချက်​တွေများတဲ့ အဓိကအမျိုးသမီးဇာတ်​ဆောင်အဖြစ် သရုပ်​ဆောင်သွားမှာဖြစ်ပြီး မင်းသား Kim Seon Ho က​တော့ Yoon A ရဲ့ အိမ်အ​ပေါ်ထပ်မှာ​နေတဲ့ အိမ်နီးချင်းအဖြစ် သရုပ်​ဆောင်သွားမှာပါ။

သူတို့ ၂ ဦး မကြာခဏ​တွေ့ဆုံကြပြီး​နောက် ဘယ်လိုအလွဲ​လေး​တွေ၊ ဟာသ​လေး​တွေနဲ့ ရင်ခုန်စရာ​လေး​တွေဖြစ်လာမလဲဆိုတာကို ​စောင့်​မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ YoonA နဲ့ Kim Seon Ho တို့ဟာ “2020 MBC Music Festival” မှာ MC အဖြစ်အတူ​ဆောင်ရွက်ဖူး​ပေမဲ့ ဇာတ်ကားရိုက်မှာက​တော့ ပထမဆုံးဖြစ်ပါတယ်။

“2 O’Clock Date” ရုပ်ရှင်ကားကို Yoon A ရဲ့ နာမည်ကြီး ရုပ်ရှင်ကား “EXIT” ကို ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာ Lee Sang Geun က ရိုက်ကူးသွားမှာဖြစ်ပြီး မတ်လ ၂၀၂၂ ခုနှစ်မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ​တော့ မင်းသား Kim Seon Ho ဟာ tvN က ပြသဆဲဖြစ်တဲ့ “Hometown Cha Cha Cha” ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး “Sad Tropics” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ဖို့လည်း ကမ်းလှမ်းခံထားရပါတယ်။

တစ်ဖက်မှာ Yoon A ပါဝင်ထားတဲ့ “Miracle : Letters To The President” ဇာတ်ကားကို လာမယ့် စက်တင်ဘာလ ၁၅ ရက်​နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး လက်ရှိမှာ မင်းသား Lee Jong Suk နဲ့အတူ “Big Mouth” ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးလျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်က​တော့ တကယ့်ကို Kim Seon Ho နဲ့ Yoon A တို့ရဲ့နှစ်ဖြစ်လာ​တော့မှာဖြစ်ပါတယ်။။

Source : Soompi, Allkpop
Photo : Instagram
Written : ZL