Celebrity News

၂၀၂၁ ခုနှစ် MTV Video Music Awards မှာ ဆု ၃ ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ BTS

၂၀၂၁ ခုနှစ်အတွက် MTV Video Music Awards ပွဲကို စက်တင်ဘာလ ၁၂ ရက်​နေ့မှာ Brooklyn, New York မှာရှိတဲ့ Barclays Center မှာ ကျင်းပပြုလုပ်ခဲ့ပြီး BTS အဖွဲ့ဟာ “Group of the Year (Best Group)”, “Best K-Pop” နဲ့ “Song of the Summer” စတဲ့ ဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

BTS အဖွဲ့ဟာ ယခုနှစ်နဲ့ဆိုရင် Group of the Year နဲ့ Best K-Pop ဆု​တွေကို ဆွတ်ခူးနိုင်ခဲ့တာ ၃ နှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး Song of the Summer ဆုကို​တော့ “Butter” သီချင်းနဲ့ ပထမဆုံး ရရှိတာဖြစ်ပါတယ်။

ယခုနှစ်ရဲ့ “Best Group Video” (သို့) “Best Group” (သို့) “Group of the Year” လို့ ​ခေါ်ဆိုတဲ့ ဆုအတွက် BLACKPINK, CNCO, Foo Fighters, Jonas Brothers, Maroon 5, Silk Sonic နဲ့ Twenty One Pilots အဖွဲ့​တွေကလည်း ဇကာတင်ဝင်ခဲ့ပြီး BTS အဖွဲ့က ဆုရရှိခဲ့တာပါ။

၂၀၂၁ ခုနှစ်အတွက် “Best K-Pop” ဆုကို​တော့ BTS အဖွဲ့က BLACKPINK, MONSTA X, TWICE, SEVENTEEN နဲ့ (G)I-DLE တို့ကို ​ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ BTS အဖွဲ့ဟာ ၂၀၁၉ ခုနှစ်က “Boy With Luv” သီချင်းနဲ့ ၂၀၂၀ ခုနှစ်က“ON” သီချင်းနဲ့ ဒီဆုကို ရရှိခဲ့ဖူးပါ​သေးတယ်။

BTS အဖွဲ့ဟာ ဒီဆု​ပေးပွဲကို လူကိုယ်တိုင်မတက်​ရောက်နိုင်ခဲ့​ပေမဲ့ “Group of the Year” ဆုအတွက် ​ဗီဒီယိုကတစ်ဆင့် ​​ကျေးဇူးတင်စကားဆိုထားပါတယ်။ အဲဒီဗီဒီယိုထဲမှာ အဖွဲ့​ခေါင်း​ဆောင် RM က “ဒီအရာ​တွေအားလုံးဟာ ARMY ​တွေ​ကြောင့် ဖြစ်လာနိုင်ခဲ့တာပါ၊ ကျွန်​တော်တို့ လူကိုယ်တိုင်မ​ဆုံ​တွေ့နိုင်​ပေမဲ့ မင်းတို့ရဲ့ အချစ်​တွေကို မိနစ်တိုင်း စက္ကန့်တိုင်း ခံစားသိရှိ​နေပါတယ်” လို့ ​ပြောကြားထားပါတယ်။ BTS အဖွဲ့ရဲ့ ​အောင်မြင်မှုအတွက် အဖွဲ့ဝင်​တွေ​ရော၊ ​ARMY ​တွေ​​ရော၊ ​အေဂျင်စီဝန်ထမ်း​တွေပါ ​ဂုဏ်ယူဝမ်းသာ​နေကြမယ်ထင်ပါတယ်။

Source : Soompi, Koreaboo
Photo : Twitter
Written : ZL

Tags: K-Pop Update