Celebrity News

၁၂ ကြိမ်မြောက် Nataraj Awards မှာ ဆုအသီးသီးကို ထိုက်တန်စွာရရှိသွားကြတဲ့ အနုပညာရှင်များ

September 11 ရက်နေ့ကတည်းက ၁၂ ကြိမ်မြောက် Nataraj Awards မှာ ဆုရရှိသွားသူများကို တရားဝင်ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကြီးကျယ်ခမ်းနားစွာကျင်းပလေ့ရှိရာ ဒီနှစ်ဆိုရင် ၁၂ ကြိမ်တိတိရှိခဲ့ပြီဖြစ်ပြီး ဆုတွေအတွက်လည်း ထိုက်တန်သူတွေ ရရှိခဲ့ပါတယ်။

Tor Thanapob

နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်လမ်း “Kor Kerd Mai Klai Klai Ter” ထဲမှာတော့ မင်းသားချော Tor Thanapob ဟာ အမိုက်စားသရုပ်ဆောင်‌ချက်တွေကိုပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံးခေါင်းဆောင်မင်းသားဆု ကို ထိုက်တန်စွာ ရယူခဲ့ပါတယ်။

Kob Suvanant

ဝါရင့်မင်းသမီးချော Kob Suvanant ကတော့ “Oum Ruk Game Luang” ဇာတ်လမ်းတွဲနဲ့ ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ခဲ့ပြီး ဒီလိုစွမ်းဆောင်နိုင်ချက်ကြောင့်ပဲ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ကို ရရှိခဲ့ပါတော့တယ်။ ၁၂ ကြိမ်မြောက် Nataraj Awards ရဲ့ ကျန်ရှိ‌နေတဲ့ဆုအသီးသီးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Bad Genius The Series – Best Director, Best Drama, Best Drama Team, Best Drama Script, Best Film Editing နှင့် Best Cinematography

Mam Kathaleeya – အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု (One Year: 365 Days)

Dom Hetrakul – အကောင်းဆုံးဇာတ်ပို့မင်းသားဆု (Oum Ruk Game Luang)

2GETHER The Series – အကောင်းဆုံး OST သီချင်း

Ruk Laek Pop – Best Costume & Best Art Direction

Asorapit – Best Computer Graphic

I Told Sunset About You – Best Drama Series & Best Original Drama Series Script

“I Told Sunset About You” မှ Billkin Puttipong – အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု (Web Drama Series)

“Mother” မှ Pancake Khemanit – အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆု (Web Drama Series) တို့ပဲ ဖြစ်ကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update