Celebrity News

Korea ရိုးရာဝတ်စုံကို တဆင့်မြှင့်ပြီး ဖန်တီးထားတဲ့ ဝတ်စုံနဲ့ Met Gala ပွဲ တက်ခဲ့တဲ့ Queen CL

Kpop Queen တစ်ဦးဖြစ်တဲ့ CL က တော့ ယနေ့မှာ ကမ္ဘာကျော် အနုပညာရှင်များ စုဝေးရာ Met Gala ပွဲကြီးကို တက်ရောက်ခဲ့ပါတယ်။ ဘယ် media ကိုမှ ကြိုတင်အသိပေးထားခြင်းမရှိဘဲ ပွဲနေ့မှ CL က suprise ဆန်ဆန် ပေါ်လာခဲ့တာပါ။

ပွဲထဲကို CL ဝင်လာထဲက သူမရဲ့ ဝတ်စုံကြောင့် အားလုံးပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြီး ပွဲရဲ့ theme နဲ့ လိုက်ဖက်အောင် ဝတ်ချလာတဲ့အတွက် CL ကို အကုန်လုံးက ချီးကျူးနေကြပါတယ်။ CL ဟာ hair style ကို ရှေးဟောင်း Korean တွေ ဆံထုံးထုံးသလိုမျိုးထုံးလာခဲ့တာ ဖြစ်ပြီး ဝတ်စုံရဲ့ ဖဲပြားဟာလည်း Hanbok ရဲ့ ဖဲပြားကို inspired ယူထားတာ ဖြစ်ပါတယ်။

အာ့လိုဖဲပြားမျိုးကို otkoreum, or koreum လို့ ခေါ်ဝေါ်ပါတယ်။ ပွဲရဲ့ Theme ဟာ “America: A Lexicon of Fashion” ဆိုပေမဲ့ ခုလို ကိုရီးယားရိုးရာ ဒီဇိုင်းတွေပါထည့်ပြီး American look ပေါက်အောင် ဝတ်စားဆင်ယင်နိုင်ခဲ့တဲ့အတွက် Fashion Queen လို့ ခေါ်ထိုက်ပါပေတယ်။ ဒီ ဝတ်စုံကို Alexander Wang က ဖန်တီးတယ်လို့ လည်း သိရပါတယ်။

CL တက်ရောက်တဲ့ Met Gala ပွဲကြီးကို BLACKPINK အဖွဲ့ဝင် Rosé လေးလည်း တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ခုလို ဒိတ်ဒိတ်ကြဲပွဲကြီးကို တက်ရောက်နိုင်တဲ့ ပထမဆုံး Korean Female Artist နှစ်ယောက် ဖြစ်သွားပါပြီ။ တကယ့်ကို Kpop ရဲ့ Honor တွေပါဘဲ။

Source: Koreaboo
Written: Violet

Tags: K-Pop Update