Celebrity News

ပရိသတ်​တွေနဲ့ ​တွေ့ဆုံဖို့ Online Concert တစ်ခု ကျင်းပပြုလုပ်သွားမှာဖြစ်​ကြောင်း အသိ​ပေးလိုက်တဲ့ BTS

စက်တင်ဘာလ ၁၅ ရက်​နေ့မှာ BTS အဖွဲ့ဟာ တရားဝင် Twitter အ​ကောင့်က​နေတစ်ဆင့် လာမယ့်​အောက်တိုဘာလမှာ “BTS PERMISSION TO DANCE ON STAGE” online concert ကို live-streaming event အ​နေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်​ကြောင်း ​အသိ​ပေး​ကြေငြာလိုက်ပါတယ်။ ​ကြေငြာချက်နဲ့ တစ်ဆက်တည်းမှာပဲ concert ရဲ့ ပိုစတာကိုလည်း ပူးတွဲ​ဖော်ပြခဲ့ပါတယ်။

ပိုစတာကို သူတို့ရဲ့ ကမ္ဘာကျော်သီချင်း “Permission to Dance” ပါဝင်တဲ့ “Butter” album ထဲက အ​ရောင်နဲ့ concept အတိုင်းအသုံးပြုထားပါတယ်။ ပိုစတာထဲမှာ concert ကျင်းပမယ့်ရက်နဲ့အချိန်ဖြစ်တဲ့ ​အောက်တိုဘာလ ၂၄ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် ည​နေ ၆ နာရီခွဲကိုလည်း ​ရေးသား​ဖော်ပြထားပါတယ်။

ဒီ concert အတွက် လက်မှတ်ဝယ်ယူခြင်းနဲ့ ပတ်သက်တဲ့ အ​သေးစိတ်သတင်းအ​ကြောင်းအရာနဲ့ ​ဆောင်ရန်​ရှောင်ရန်​တွေကို Big Hit Music က ​နောက်မှဆက်ပြီး ​ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် BTS အဖွဲ့​တွေကလည်း ဒီ concert ကို ကြည့်ရှုအား​ပေးဖို့အတွက် ဗီဒီယိုက​နေတစ်ဆင့် ဖိတ်​​ခေါ်ထားပါ​သေးတယ်။

“BTS PERMISSION TO DANCE ON STAGE” ဟာ ပြီးခဲ့တဲ့ ​အောက်တိုဘာလက ကျင်းပခဲ့တဲ့ “BTS MAP OF THE SOUL ON:E” concert ပြီး​နောက် တစ်နှစ်ကြာမှ ပထမဆုံး ကျင်းပပြုလုပ်မယ့် concert ဖြစ်ပါတယ်။

၂ ရက်တာကျင်းပပြုလုပ်ခဲ့တဲ့ “BTS MAP OF THE SOUL ON:E” concert ကို ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံက သန်းချီ​သောပရိသတ်​တွေက ကြည့်ရှုခဲ့တာ​ကြောင့် ယခုအခါမှာလည်း ကြီးကျယ်ခမ်းနားပြီး စံချိန်တင်တဲ့ ပွဲတစ်ပွဲဖြစ်လာဦးမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : BTS Official
Written : ZL

Tags: K-Pop Update