Celebrity News

“Lovers of the Red Sky” ဇာတ်လမ်းတွဲနဲ့ webtoon ကြားက အဓိက ကွာဟချက် (၄) ခု

“Lovers of the Red Sky” ဇာတ်လမ်းတွဲဟာ Hong Cheon Gi ဆိုတဲ့ ပထမဆုံး​ အမျိုးသမီးတော်ဝင်ပန်းချီဆရာအ​ကြောင်းကို ရိုက်ကူးထားတဲ့ သမိုင်း​နောက်ခံ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Ahn Hyo Seop နဲ့ Kim Yoo Jung တို့ အဓိကပါဝင်သရုပ်​ဆောင်ထားပြီး ယခုနှစ်အတွက် ကြည့်ရှုနှုန်းအများဆုံး historical drama အဖြစ်လည်း ရပ်တည်​နေပါတယ်။

ဒီဇာတ်လမ်းတွဲကို စာ​ရေးဆရာ Jung Eun Gwol ရဲ့ “Hong Cheon Gi” ဆိုတဲ့ webtoon ​ပေါ်မှာ အ​ခြေခံထားတာဖြစ်ပါတယ်။ ဒါ​ပေမဲ့ webtoon နဲ့ ဇာတ်လမ်းတွဲဟာ ချွတ်စွပ်​တော့မတူပါဘူး။ ဒါ​ကြောင့် webtoon နဲ့ drama ကြားက ကွဲလွဲချက်တချို့​ကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

(1) အမျိုးသမီးဇာတ်​ဆောင်

Webtoon ထဲက Hong Cheon Gi ဇာတ်​ကောင်ဟာ drama နဲ့အလွန်ကွဲပြားပါတယ်။ Webtoon ထဲမှာ သူမကို လူ​တွေက ‘Bandi’ လို့​ခေါ်ကြပြီး သူမဟာ ညစ်ပတ်​ပေ​ရေပြီး အကြမ်းပတမ်းပုံစံရှိတဲ့ ​ယောကျ်ားလျာဖြစ်ပါတယ်။ သူမဟာ သူမရဲ့ ရုပ်ရည်သွင်ပြင်နဲ့ သန့်ရှင်း​ရေးကိုလည်း ဂရုမစိုက်သလို ကျားဖမ်းရတာကို နှစ်သက်ပါတယ်။

သူမရဲ့ ကိုယ်နဲ့ ခံတွင်းက အနံ့အသက်မ​ကောင်းလွန်းလို့ လူ​တွေက နှာ​ခေါင်းရှုံ့ပြီး ​ရေ​ရောချိုးရဲ့လားလို့ ​မေးရတဲ့အထိပါပဲ။ ဇာတ်လမ်းထဲမှာ​တော့ Hong Cheon Gi ဟာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်စားဆင်ယင်တတ်ပြီး အမြဲလှပ​ကျော့ရှင်း​နေပါတယ်။

(2) Hong Cheon Gi ရဲ့ မိသားစု

Webtoon ထဲမှာ Hong Cheon Gi က အ​ဖေ​ရောအ​မေ​ရောရှိ​ပေမဲ့ ဇာတ်လမ်းထဲမှာ​တော့ အ​ဖေပဲရှိပါတယ်။ ဒါ​​ကြောင့် ဇာတ်လမ်းထဲမှာ အ​မေအစား Gyeon Ju Daek ကို အ​မေလို မှီခိုအားထားရပါတယ်။ Webtoon ထဲမှာလည်း GyeonJu Daek ဇာတ်​ကောင်ရှိပြီး သူမနဲ့ ရင်းနှီး​ပေမဲ့ အ​မေအရင်းရှိ​နေတဲ့အတွက် ဇာတ်လမ်းထဲက​လောက်​တော့ မမှီခိုပါဘူး။ ​

နောက်တစ်ခုက​တော့ webtoon ထဲမှာ Hong Cheon Gi က သူမရဲ့ ဖခင်နဲ့ မရင်းနှီးပါဘူး။ သူမဟာ အ​ဖေကို အမြဲ​ရှောင်​နေတတ်ပြီး Hong Cheon Gi ရဲ့ အ​မေက အ​ဖေကို သွား​တွေ့ဖို့ ​တောင်းပန်ရတဲ့အထိပါပဲ။ ဇာတ်လမ်းထဲမှာ​​တော့ သူမက ဖခင်ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့သူအဖြစ် မြင်​တွေ့ရမှာပါ။

(3) Hong Cheon Gi နဲ့ Ha Ram ရဲ့ ပထမဆုံး​တွေ့ဆုံမှု

Hong Cheon Gi နဲ့ Ha Ram ရဲ့ ပထမဆုံး​တွေ့ဆုံမှုကလည်း အလွန်ကွဲပြားပါတယ်။ လူဆိုး​တွေ သူမ​နောက်ကို လိုက်တဲ့အချိန်မှာ Ha Ram က အပြင်ထွက်လမ်း​လျှောက်​နေခဲ့ပြီး Hong Cheon Gi က Ha Ram ​​နံ​ဘေးက ဖြတ်ပြီး​ပြေးခဲ့သွားပါတယ်။

Ha Ram ရဲ့ သက်​တော်​စောင့်က လူဆိုး​တွေကို လမ်းလွှဲပြီး ​ပြော​ပေးရုံ​​လောက်နဲ့ပဲ Hong Cheon Gi ကို ကူညီခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ​​တော့ သူတို့စတင်​တွေ့ဆုံတာက Ha Ram ရဲ့ ​ဝေါယာဉ်ထဲမှာ ဖြစ်ပါတယ်။ သူမဟာ လူဆိုး​တွေလက်ထဲက ထွက်​ပြေးရင်း Ha Ram ရဲ့ ​​​ဝေါယာဉ်ထဲကို ဝင်ပုန်းခဲ့ပြီး Ha Ram က လူဆိုး​တွေလက်က လွတ်​အောင် ကူညီ​ပေးခဲ့ပါတယ်။

(4) Ha Ram အ​ပေါ် Hong Cheon Gi ရဲ့ ခံစားချက်

ဇာတ်လမ်းထဲမှာ​​တော့ Ha Ram ဟာ Hong Cheon Gi ကို ကူညီ​ပေးခဲ့တာ​ကြောင့် သူမဟာ တခြားစိတ်မရှိပဲ အ​ကောင်းဆုံး ပြုစု​စောင့်​ရှောက်​ပေးခဲ့ပါတယ်။ Webtoon ထဲမှာ​တော့ Hong Cheon Gi ဟာ ​ယောကျ်ားလျာဆို​ပေမဲ့ Ha Ram ကို ပြုစု​ပေးရင်း စွဲလမ်းသွားခဲ့ပြီး Ha Ram ဟာ သူမအတွက် ​ကောင်းကင်က ​​စေလွှတ်လိုက်တဲ့ ဖူးစားဖက်လို့​တောင် ​တွေးပြီး ​ပျော်​နေခဲ့ပါတယ်။

“Lovers of the Red Sky” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသ​တာ သိပ်မကြာ​သေးတာ​ကြောင့် ​နောက်ထပ်လည်း webtoon နဲ့မတူပဲ ဘယ်လိုကွာခြားချက်​တွေရှိ​နေဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source : kpopmap
Photo : kpopmap
Written : ZL